မြန်မာ့စစ်အာဏာထိန်းမှုအရေး ဆွေးနွေးရန် အမေရိကန်နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီး တိုကျို ရောက်ရှိ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှု အပါအဝင် အရေးကိစ္စအတော်များများကို ဆွေးနွေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ-ဘလင်ကန်နဲ့ ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် တို့ဟာ မတ်လ ၁၅ ရက်က ဂျပန်နိုင်ငံ မြို့တော် တိုကျိုကို ရောက်လာပါတယ်။

ဒါဟာ ဘိုင်ဒင်အစိုးရထိပ်တန်း အဖွဲ့ဝင် နှစ်ယောက်ရဲ့ ပထမဆုံး ပင်လယ်ရပ်ခြား ခရီးစဉ်ဖြစ်ပါတယ်။ မတ်လ ၁၅ ရက်ကနေ ၁၈ ရက် ကြာမြင့်တဲ့ ခရီးစဉ်မှာ တိုကျိုနဲ့ ဆိုးလ် ပါဝင်ပါတယ်။ပြီးခဲ့တဲ့ သတင်းပတ်က အမေရိကန်၊ ဂျပန်၊ သြစတြေးလျ နဲ့ အိန္ဒိယတို့ပြုလုပ်တဲ့ ကွာ့ဒ် မဟာမိတ် ထိပ်သီးဆွေးနွေးပွဲ နောက်ပိုင်း ဒီခရီးစဉ် ဖြစ်ပေါ်လာတာပါ။
ခရီးစဉ်အတွင်း တောင်နဲ့ အရှေ့တရုတ်ပင်လယ် လွတ်လပ်စွာ ခရီးသွားလာမှု၊ တဝက်လျှပ်ကူးပစ္စည်း ထောက်ပို့လုံခြုံရေး အရေးကိစ္စကနေ မြောက်ကိုရီးယား နျူကလီးယား ပြဿနာ၊ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှု အထိ ဆွေးနွေးသွားမယ်လို့ ရိုက်တာအရ သိရပါတယ်။DVB