မြန်မာလေတပ်နည်းဗျုဟာမြောက်အလယ်အလတ်အတန်းအစားသယ်/ပို့လေယာဉ်များပိုင်ဆိုင်တော့မည်

Local Militarily News

မြန်မာလေတပ်နည်းဗျုဟာမြောက်အလယ်အလတ်အတန်းအစားသယ်/ပို့လေယာဉ်များပိုင်ဆိုင်တော့မည်

မြန်မာနိုင်ငံအနေဖြင့်တစ်ပါတ်ရစ်နည်းဗျုဟာမြောက်အလယ် အလတ်အတန်းအစားသယ်ပို့လေယာဉ် Airbus-CASA C-295 ၂ စီးအားဂျော်ဒန်နိုင်ငံမှဝယ်ယူနိုင် ရေးဆောင်ရွက်နေကြောင်းနှင့်စာချုပ်တန်ဖိုးအမေရိကန်ဒေါ်လာ ၃၈.၆ သန်းတန်ကြေးရှိကြောင်းသိရှိရပါသည်။

၂၀၁၈ ခုနှစ်ကတည်းကဥရောပသမဂ္ဂ(EU)မှမြန်မာနိုင်ငံသို့လက်နက်တင်ပို့ရောင်းချမှုအားပိတ်ပင်မှု(Sanction)ချမှတ်ထားသော်လည်းဂျော်ဒန်နိုင်ငံကမူဆန်ရှင်(Sanction)သက်မှတ် သည့်အထဲပါဝင်ခဲ့ခြင်းမရှိပေ။

အဆိုပါဆန်ရှင်သည် ၂၀၁၆ ခုနှစ်ကမြန်မာ့တပ်မတော်မှအကြမ်းဖက်ဘင်္ဂါလီသောင်းကျန်းသူများအားနှိမ်နင်းမှုကြောင့်လူ့အခွင့်အရေးချိုးဖောက်မှုစွပ်စွဲချက်ဖြင့်အီးယူကပိတ်ဆို့ခဲ့ခြင်းဖြစ်သည်။တစ်နည်းအားဖြင့်၎င်းသည်၁၉၈၈ခုနှစ်တပ်မတော် အစိုးရလက်ထက်ကတည်းကချမှတ်ထားခဲ့သည့်ပိတ်ဆို့မှုအားသက်တမ်းတိုးခဲ့ခြင်းလည်းဖြစ်သည်။

မြန်မာနိုင်ငံအခြေစိုက် Aero Sofi ကုမ္ပဏီအနေဖြင့်ဂျော်ဒန်နှင့်မြန်မာနိုင်ငံအကြားသဘောတူညီမှုရရှိရေးတာဝန်ယူလုပ် ဆောင်နေပါသည်။သတင်းရင်းမြစ်များ၏အဆိုအရနှစ်နိုင်ငံတိုက်ရိုက်ဆွေးနွေးညှိနှိုင်းခြင်းမရှိကြောင်းသိရှိရသည်။Aero Sofi အနေဖြင့်မြန်မာလေတပ်မှသင်တန်းသားများအားစပိန်နိုင်ငံ Airbus Training Center တွင်လေ့ကျင့်ပေးရေးအတွက် ကူညီပေးသွားမည်ဖြစ်သည်။

မြန်မာအခြေစိုက်ဧရာဝတီသတင်းဌာန၏အဆိုအရမြန်မာ့တပ် မတော်(လေ)အနေဖြင့်၂၀၁၇ ခုနှစ်ကပျက်ကျခဲ့သောတရုတ်နိုင်ငံထုတ် Shaanxi Y-8 သယ်ယူပို့ဆောင်ရေးလေယာဉ်နေရာတွင် C-295 များအားအစားထိုးနိုင်ရေးညှိနှိုင်းလျက်ရှိကြောင်းသိရှိရသည်။

အဆိုပါ Airbus-CASA C-295 လေယာဉ်သည်ကမ္ဘာပေါ်ရှိအကောင်းဆုံးအလယ်အလတ်အတန်းအစားသယ်ယူပို့ဆောင်ရေးလေယာဉ်များထဲတွင်တစ်ခုအပါအဝင်ဖြစ်သည်။အိမ်နီးချင်းဘင်္ဂလားဒေရှ့်၊ထိုင်းအပြင်အင်ဒိုနီးရှား၊ဖိလစ်ပိုင်နှင့်ဗီယက်နမ်စသည့်နိုင်ငံအများအပြားတွင်အသုံးပြုလျက်ရှိသည်။
နောက်ဆုံးသတင်းအရ C-295 လေယာဉ်များ၏အချိန်တိုအတွင်းဆင်းသက်/ပျံတက်နိုင်သည့်စွမ်းရည်အားမြန်မာနိုင်ငံအနေအထားနှင့်ကိုက်ညီစေရေးပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

Source: The Defenstar
Credit – A Naval Officer

Leave a Reply