မြန်မာပြည် ကားပွဲစားတန်းမှ ကားပွဲစားတို့ရဲ့ လိုရင်းတိုရှင်း လက်သုံးစကားများ

မြန်မာပြည် ကားပွဲစားတန်းမှ ကားပွဲစားတို့ရဲ့ လိုရင်းတိုရှင်း လက်သုံးစကားများ

ဂျိုကား / ဂျင်းကား / တိုက်ကား လုံးဝမရောင်းပါတဲ့.. ကားဘော်ဒီဆိုင်နဲ့ ကားဆေးသုတ်ဆိုင် အိုစမာ ကားအပိုပစ္စည်းဆိုင်ရောက်ရင် ဒင်းတို့မျက်ခွက်ကြီးတွေ မမြင်ချင်မှအဆုံး.. ကားတည့်သွားတာကို ချစ်သမီး ချောလေးပါသွားပါပီ တဲ့.. ခင်ဗျားနဲ့ ခင်ဗျားမိန်းမ မွေးထားတဲ့သမီး လင်နောက်လိုက်သွားတာလား..

သားချောလေး မရှိတော့ပါဘူး တဲ့.. အဲကားကတည့်သွားတာ ခင်ဗျားနဲ့ ခင်ဗျားမိန်းမ မွေးထားတဲ့သား ရဲဖမ်းသွားလို့လား.. ချစ်ကြေးလေးနဲ့ ပေးလိုက်ပီ တဲ့.. ဘာကိုချစ်ကြေးလေးနဲ့ ပေးလိုက်တာလဲ.. ခင်ဗျားမိန်းမကို ခင်ဗျားနဲ့မရခင် ပိုးကြေးပန်းကြေးပေးသလိုလား.. မရောင်းသေးပါဘူးဆို အတင်းအနိုင်ကျင့်ယူသွားတယ် တဲ့.. အဲလူတွေက ခင်ဗျားကိုဓားထောက်ပြီး အတင်းယူသွားလို့လား အဲဆိုရဲသွားတိုင်လေ..

မျက်ရည်များနဲ့ ဆို့အောက် တဲ့.. အဲကားရောင်းလိုက်တာ ခင်ဗျား အလွန်မတန် ဝမ်းနည်းနေတယ်ပေါ့ မရောင်းနဲ့ပေါ့ဗျာ.. အချင်းချင်းဆိုတော့ အမြတ်မယူပဲပေးလိုက်ပီ တဲ့.. ခင်ဗျားက ငွေစိုက် အပင်ပန်းခံရှာထားတဲ့ကားကို အမြတ်မယူပဲ ရောင်းလိုက်တယ်ပေါ့.. -င်ခံပြောတောင်မယုံဘူးဗျာ..

အလုအရက် လာဝယ်လို့မရောင်းချင်ပဲ ရောင်းလိုက်ရပြီ တဲ့.. ခင်ဗျားကားက သောက်ရမ်းစျေးတန်ပြီး သောက်ရမ်းရှားတဲ့ကား မလို့လား.. ခြင်ကိုက်ရာတောင် မပါတဲ့ကားလေး တဲ့.. ကားပါဆို ဘယ်ကခြင်ကိုက်ရာက ပါလာရတာလဲ ခင်ဗျား မိန်းမ -င်နဲ့ များမှားပြောတာလား.. ကီလိုလေးက အသက် တဲ့.. ခင်ဗျားက အဲကားကို ဝယ်ပြီးထဲက အထုတ်အသွင်းတောင် မလုပ်တာလား ဒါမှမဟုတ် Kilo ကို 0 အထိ 20000 လောက်ပေးပြီး လျှော့လို့ရတာ မသိတာလား..

တာယာလေးက အသက် တဲ့.. ကားတစ်စီး တာယာမကောင်းတော့လို့ လဲထားတာကို ဘာ-င်ယားပြီးတင်တာလဲ.. ရှားပါးကားလေး တဲ့.. ဟုတ်တယ် ခင်ဗျားကားတစ်စီးထဲ စက်ရုံက အကောင်း ထုတ်ပေးထားတာ ကျန်တဲ့ကားတွေက အကုန်စောက်စုတ်တွေ.. ဦးတဲ့သူ ယူစေဗျာ တဲ့.. ခင်ဗျားကားကို လိုချင်လို့ တိုကင်တောင်တန်းစီရမလို..

အခုလိုခေတ်ကြီးမှာ တင်ရတာအားနာပေမယ့် လိုအပ်နေသူတွေအတွက်ပါ တဲ့.. စားစရာမရှိတော့လို့ ငတ်လို့ရောင်း ရောင်းတယ်ပေါ့.. မရောင်းချင်ပေမယ့်လဲ ရောင်းတော့မယ် တဲ့.. မရောင်းချင်ရင် မရောင်းနဲ့ဦးလေ သောက်ကြွေးတွေ ပေးရတော့မှာမလို့လား.. စျေးလေးသိချင် ဖုန်းလေးတစ်ကောသာ ဆက်လိုက်ပါ တဲ့.. ခင်ဗျားကား မတန်မရာစျေးနဲ့ ရူးကြောင် မူးကြောင်ခေါ်ချင်ရာခေါ်တော့မယ့်ကားကို ဖုန်းဘေလ်အကုန်ခံ ပြီးခေါ်ရဦးမှာပေါ့..

ရှားပါး Color နဲ့ Sexy Red လေး တဲ့.. သူများဆီက ဝယ်လာတုန်းက အနီရောင် အရောင်ပျက်ကြီးဆိုပြီး အောက်ကြေးနဲ့ ယူလာပြီး သူရောင်းမှ Sexy Red တဲ့ ဝါသနာရှင် အကြိုက်လေး တဲ့.. ဘာဝါသနာရှင်မှ မဟုတ်ဘူး စျေးလွတ်ရင်မြတ်မယ်မှန်းသိလို့ ဝိုင်းငက်ကျဖို့လာကြတာ ရေးကျပေါ့.. လိုရင်းတိုရှင်း အမြင်မတော် တွေ့သမျှလေးတွေပါ.. (Wai Lin)

The post မြန်မာပြည် ကားပွဲစားတန်းမှ ကားပွဲစားတို့ရဲ့ လိုရင်းတိုရှင်း လက်သုံးစကားများ appeared first on White Sone.

Crd