မြန်မာပြည်နဲ့ လျှပ်စစ်ကား (EV) ကို ကြိုက်ရတဲ့ အကြောင်းအရင်း..
လျှပ်စစ်ကား (EV) ကို မစီးဖူးပေမဲ့ ကြိုက်ရတဲ့ အကြောင်း တချက်ကတော့.. ကားမှာ အဓိကကျတဲ့ Engine function နဲ့ Motor function တွေရဲ့ အကြောင်းကို နားလည်တဲ့သူ Engineer တယောက်မို့ပါ။
Engine function တလုံး စနစ်တွေ တော်တော်ရှုတ်ထွေးပါတယ်။ နောက်ပြီး maintenance အရမ်းများပါတယ်။ ဆီ ရေ လေ အင်ဂျင်ဝိုင် အများကြီး အပေါ် performance က မူတည်နေပါတယ်။ ဒါကတော့ ကားစီးနေတဲ့ မိတ်ဆွေများ သိပြီးသားပါ။
Motor ကတော့ အလွန်ရိုးရှင်းပါတယ်။ သု့ဆီ power ရောက်ရင် လည်ပါတယ်။ voltage အနည်း အများ အပေါ်မူတည်ပြီး အနှေး အမြန်သွားပါတယ်။ Bearing တခု ပဲ ဂရုစိုက်စရာ ရှိပါတယ်။
ဆီတွေ မကောင်းတုန်း က ငိုးမ လဲလိုက်ရတဲ့ Spark plugs တွေ ဆီကောင်းတဲ့ ဆိုင်တွေ ပြေးပြီး ဆီတန်းစီရတာတွေ။ လျှပ်စစ်ကား (EV) တွေရဲ့ အဓိကပြသနာက LiFePo4 battery pack တွေပါပဲ။ အခုစမ်းသပ်ချက်တွေ အရ လျှပ်စစ်ကား (EV) က 1 KW ကို 4 to 6 miles လောက်ရပါတယ်။ လောလောဆယ် 1 KWh ကို Charging စရိတ်က ၁၀၀ ကျပ်ပါ။
တနေ့ကို 5 KW လောက်သုံးမယ်ဆိုရင် မိုင် ၂၅ မိုင်လောက်ကို အားသွင်းစရိတ် ၅၀၀ ကျပ်လောက်ကျမှာပါ။ မီတာခ သုံးဆ ဈေးတက်ရင်တောင် ၁၅၀၀ ပေါ့ဗျာ။
နောက် battery pack တွေက အလွန် တိုးတက်လာပါတယ်။ ဘာလို့သိလဲ ဆိုတော့ ကျွန်တော်က LiFePo4 တွေကို ကိုယ်တိုင် Import လုပ်ပြီး သွင်းနေလို့ပါ။ အခုအချိန်မှာ ကားအတွက် ၁၀ နှစ်လောက်ကို ထည့်စဉ်းစရာ မလိုအောင် ကောင်းနေပါပြီ။ အရင်ကဟာတွေ နဲ့ မနှိုင်းပါနဲ့တော့။
အဲတော့ ပေးချင်တဲ့ မက်ဆေ့က မြန်မာပြည်မှာ EV ကားတွေလာရင် အဓိက ကြည့်ရမှာက battery brand နဲ့ အမျိုးအစားတွေပါပဲ။ အဲဒါတွေ အပေါ်မူတည်ပြီး ဈေးကွာကျမှာပဲ။ အဓိကကတော့ ငိုးမ ဘက်ထ္ထရီ အစုတ် အပြတ် ဂရိတ် အညံ့တွေနဲ့ ထိုးရောင်းတာ မမိဖို့ အရေးကြီးပါတယ်။ နောက်ဆီတွေပြတ်ရင်လဲ လျှပ်စစ်ကို ရှာပြီးသွင်းရင် မောင်းလို့ရနိုင်တယ်။ ကျေးဇူးပါ။ (Kyaw Oo – EI engineering), လေးစားစွာဖြင့် WS
Post Views:
3