မြန်မာပြည်က လုပ်စား ကားအာမခံ ကုမ္ပဏီများနှင့် ကားအာမခံ ဆိုရင် ထားကို မထားရဲတော့တဲ့ အတွေ့အကြုံ

မြန်မာပြည်က လုပ်စား ကားအာမခံ ကုမ္ပဏီများနှင့် ကားအာမခံ ဆိုရင် ထားကို မထားရဲတော့တဲ့ အတွေ့အကြုံ

မြန်မာပြည်က လုပ်စား ကားအာမခံ ကုမ္ပဏီများနှင့် ကားအာမခံ ဆိုရင် ထားကို မထားရဲတော့တဲ့ အတွေ့အကြုံ..

မြန်မာပြည်မှာ တော်တော်အဆင်မပြေတဲ့ Service အထဲမှာ မော်တော်ယာဉ် အာမခံကုမ္ပဏီတွေက ထိပ်ဆုံးကပါတယ်.. ပြောတော့ အလုံးစုံအာမခံတဲ့.. စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသရောက်သွားလို့ ကားမီးရှို့ခံရရင် မလျော်ဘူး.. စစ်ဘေးအာမခံမထားလို့တဲ့.. ဒီကြားထဲ ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ မလျော်တာတွေလည်း ရှိသေးတယ်..

ထိုင်းနိုင်ငံထဲမှာ ၂၀၀၈ ကနေ ၂၀၁၇ လောက်အထိ ထိုင်းတောင်ပိုင်းဖြစ်တဲ့ ပက်သနီ၊ ရာလာ၊ နာရာသီဝပ် ပြည်နယ်တွေမှာ အခြေအနေတော်တော်ဆိုးတယ်.. ကားတွေ မကြာခဏ အပစ်ခံရတယ်.. မိုင်းခွဲခံရတယ်.. မီးရှို့ခံရတယ်.. လောင်ချာနဲ့ ပစ်တယ်.. အကုန်အလျော်ရတာဘဲ.. မယုံရင် ထိုင်းအာမခံကုမ္ပဏီတွေကို လှမ်းမေးကြည့်ပါလား.. ဒီမှာတော့ စစ်ဘေးအာမခံ ထားတာတောင် ပြည်ပစစ်ပွဲနဲ့ဖြစ်မှသာ လျော်မယ်ဆိုတဲ့ ကုမ္ပဏီတောင်ပါသေးတယ်..

အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ်အာမခံ စည်းမျဉ်း စည်းကမ်းတွေအရ.. လမ်းပြောင်းပြန်မောင်း၊ မီးနီဖြတ်မောင်း၊ ယာဉ်လိုင်စင်သက်တမ်းကုန်၊ ယာဉ်မောင်းလိုင်စင်သက်တမ်းကုန်၊ မျဉ်းသေနှစ်ကြောင်းဖြတ်၊ တစ်ကြောင်းဖြတ်မောင်း၊ အရက်မူးပြီးမောင်း၊ သတ်မှတ်ကီလို ကျော်မောင်း ဒါတွေသာ မလျော်တာမဟုတ်လား.. အရက်သောက်ထားရင်တောင် မူး မမူးဆိုပြီးစစ်တဲ့.. Alcohol Testing စစ်တဲ့ စက်ထဲကို အာငွေ့မှုတ်ထုတ်ပြီး စစ်ရတာ.. ဥပမာ.. ထိုင်းမှာ ထိုင်းရဲတွေ Alcohol Testing လုပ်တဲ့အချိန် ၆၀ ရာခိုင်းနှုန်းအထက်မှ အရေးယူတယ်ဆိုရင် ၆၀ ရာခိုင်နှုန်းအောက်သာရှိရင် မမူးသေးတာမို့ အာမခံကုမ္ပဏီတွေက လျော်ရပါတယ်..

နောက်ကိုယ်တွေ့ဖြစ်စဉ်တွေအရ ကျွန်တော့်ကားတစ်စီး ဘယ်ဖက်အခြမ်း ခြစ်မိတယ်.. ကိုယ်ပြင်ချင်တဲ့ ဆေးဘော်ဒီရုံက ခင်မင်နေတဲ့သူတွေမို့ သေချာလုပ်ပေးမယ်.. နှစ်သိန်းသာကျမယ်.. အာမခံကုမ္ပဏီက ကိုယ့်ဘာသာပြင်ရင် ၁၂၀၀၀၀ သာပေးမယ်.. သူတို့ ပြောတဲ့ ဆေးဘော်ဒီရုံမှာ ပြင်ရင် ကျသလောက် ခံပေးမယ်တဲ့.. ဒါနဲ့ သူတို့ပြောတဲ့ အင်းစိန်က ဆေးဘော်ဒီရုံမှာ သွားအပ်တယ်..

ခြစ်မိရုံလေးဆိုတော့ ဘော်ဒီထုစရာ မလိုတာမို့ ၄ ရက်နဲ့ ရမယ်ပြောတာကို အချိန်ကြိုက်သလောက်ယူပြီး ကောင်းကောင်းသာ လုပ်ပေးပါဆိုပြီး ထားပေးခဲ့တယ်.. ၁၁ ရက်ကြာပြီးမှာ ရပြီဆိုလို့ ဖုန်းဆက်တော့ သွားယူတာ ကားကို ဆေးပိုင်းဝင်ထားတာ တော်တော် လက်ရာကြမ်းတယ်.. ဆေးမပေသင့်တဲ့နေရာတွေ မီးခွက်တွေမှာ ဆေးတွေစွန်းပြီး မီးခွက်အထိုင်နေရာကို ကော်ပတ်မတိုက်ဘဲ ဆေးမှုတ်ပေးလိုက်တော့ လိုင်းထပြီး ဆေးမညီဘူး.. အော်ရီဂျင်နယ် အရောင်နဲ့ ပြန်မှုတ်တဲ့အရောင်ဟာ တော်တော်ကြီးကို ကွဲနေတာကြောင့် ကားဆားဗစ်က ဆေးအကြောင်းလုံးဝ နားမလည်တဲ့ တပည့်တွေတောင် ဆရာ့ကား အရောင်ကြီးက ဘယ်လိုကြီးလဲ ဆေးပြန်မှုတ်ထားတဲ့ နေရာက အရောင်တွေ မတူဘဲ ကြည့်လို့ မကောင်းဘူးဆိုပြီး ပြောကြတယ်..

ဒါတင်မက အဲ့ကား အပြင်ဖက်ရပ်ထားတဲ့ အချိန်တွေတုန်းကဆို ကားလာပြင်တဲ့ Customer တွေက ကိုတိုးကားက အရောင်လည်း မညီပါလားလို့ ပြောလွန်းလို့ ကားကို ချောင်ထဲဖက် ထိုးထားရတယ်.. ခုထိ ဒီအတိုင်း ဆားဗစ်မှာ လာကြည့်လို့ရပါတယ်.. ဘော်ဒီရုံ ဂျာကြီးကို ဖုန်းဆက်ပြောတော့ တောင်းပန်ပြီး ပြန်လုပ်ပေးမယ်ပြောပေမယ့် ဆေးအသားမသေခင် ထပ်ကာ ထပ်ကာဆေးမှုတ်ရင် တင်နာရည်ကြောင့် ဆေးတွေ ကြွတက်လာရင် ပိုဆိုး ပိုလုပ်ရခက်မှာဆိုးလို့ ပြန်မလုပ်တော့ဘူး..

ဆေးမှုတ်ခထဲက ကျသင့်ငွေကို ၁% ပြန်သွင်းရအောင် မေးကြည့်တော့ ၃ သိန်းကျော်တဲ့.. ကိုယ်လုပ်ချင်တဲ့ ဘော်ဒီရုံမှာ ၂ သိန်းကျတော့ မပေးဘူး.. တစ်သိန်းခွဲသာပေး ကျန်တာ စိုက်လုပ်မယ်ဆိုတော့ တစ်သိန်းနှစ်သောင်းထက် ပိုမပေးနိုင်ဘူးဆိုလို့ သူတို့ပြောတဲ့ ဘော်ဒီရုံထိုးလိုက်တာ ၃ သိန်းကျော်ကျတော့ ပေးနိုင်တယ်..

နောက်တစ်စီးကျတော့ ညဖက် နွားတိုက်မိတာ တစ်သိန်းခွဲနဲ့ပြင်ဖို့ သဘောတူတယ်.. ကိုယ်ကြိုက်တဲ့ ဘော်ဒီရုံမှာပြင်တော့ ၁၈၀၀၀၀ နဲ့ အပ်လိုက်တယ်.. ကားပြီးလို့ ဘောင်ချာမှာ ၁၅၀၀၀၀ သာ ရေးပြီးတင်တော့ ကိုအရည်ကြို ဆီကို ဖုန်းဆက်ပြီး တစ်သိန်းသာ ပေးတော့မယ်တဲ့.. လုပ်ငန်းကြီးလုပ် ကုမ္ပဏီကြီးလုပ်နေတဲ့သူတွေဆီက ဒီလို ကတိမတည်တဲ့ ပလောင်းပလဲ စကားတွေ ထွက်လာတော့ အံ့သြသွားတယ်..

စိတ်ပေါက်ပြီး.. တစ်သိန်းခွဲ မရရင် မယူဘူး.. အဲ့အာမခံကုမ္ပဏီက Claim ကိုင်တဲ့ မန်နေဂျာကို.. သူတို့ရုံးချပ်ပေါ်အထိ တက်ပြီး ပါးတက်ရိုက်ပစ်မယ်ပြောတော့ ကိုအရည်ကြိုက ရအောင်ပြောပေးမယ် ကိုတိုး ဆိုပြီး တစ်သိန်းခွဲ ရပြီဆိုပြီး ငွေ တစ်သိန်းခွဲပေးပါတယ်.. နောက်ပိုင်း တစ်နှစ်ကျော်လောက်မှ ရွှေတောင်ကြားထဲက ကိုရီးယားဆိုင်မှာ အရက်တူတူသောက်မှ ကိုတိုး လျောက်လုပ်ပစ်မှာစိုးလို့ သူ ၄၀၀၀၀ ကျော် စိုက်ပေးတာတဲ့.. အဲ့ကိစ္စ ကို အရည် ကြို ကို မေးကြည့်လို့ရတယ်..

ကျွန်တော်က ကိုယ်မရသင့် မရထိုက်တဲ့ လျော်ကြေးလည်း လျော်ပေးတာတောင် ယူခဲ့တဲ့သူ မဟုတ်ဘူး.. ကိုယ် ရသင့် ရထိုက်တာကိုတော့ ပြောဆို ကတိပေးထားတဲ့အတိုင်း ရချင်တယ်.. ငွေတန်ဖိုးထက် စော်ကားတယ်.. အနိုင်ကျင့်တယ်လို့ ခံစားရလို့ ပါးတက်ရိုက်မလို့ လုပ်တာ..

အောက်ကပုံမှာ အဲ့ကုမ္ပဏီမှာဘဲ အာမခံထားတုန်းက ဘက္ထရီအိုး အခိုးခံရတော့ တန်ဖိုးငွေ ၁၂၀၀၀၀ လျော်ပေးမယ်တဲ့.. ထောက်ခံစာသွားယူပြီး အာမခံကုမ္ပဏီက ဖောင်မှာတောင် အချက်အလက်တွေ အကုန်ဖြည့်ပြီးနေပြီ.. ကျွန်တော့်ကားရဲ့ ဘက္ထရီ သက်တမ်းက လေးနှစ်ရှိနေပြီ ဘက္ထရီလဲဖို့ လုပ်နေတုန်း မအားလို့ မလဲဖြစ်သေးတာ.. အဲ့ဒီတုန်းက ကိုယ် မရသင့် မရထိုက်တာမို့ အာမခံ ကုမ္ပဏီက ၁၂၀၀၀၀ လျော်ပေးမယ်ဆိုပေမယ့် လိပ်ပြာမလုံ မဖြစ်ရအောင် မယူခဲ့ဘူး..

ဒါကြောင့်.. လျော်စရာရှိလာတိုင်း ဖြောင့်ဖြောင့်ဖြူးဖြူး မဖြစ်တာမို့ ခုဆိုရင် အာမခံမထားတော့ဘူး.. စကားတွေလည်း မပြောချင်တော့ဘူး.. အာမခံကုမ္ပဏီတွေနဲ့ ကင်းကင်းရှင်းရှင်းသာ နေတော့ပါတယ်.. မြန်မာပြည်မှာ AIA မူရင်းကုမ္ပဏီတို့ ထိုင်းက အာမခံကုမ္ပဏီတွေ လာဖွင့်ရင်တော့ အာမခံပြန်ထားဖို့ စိတ်ကူးထားပါတယ်ဗျာ.. ချစ်ခြင်းအားဖြင့် ကိုတိုး (အွန်လိုင်းကားဝပ်ရှော့)



Post Views:
1

Crd