မြန်မာနိုင်ငံ၏ ပထမဦးဆုံး Covid19 ကပ်ရောဂါ ကုသဆေးဝါးထုတ်လုပ် အောင်မြင်

Local News

မြန်မာနိုင်ငံ၏ ပထမဦးဆုံး Covid19 ကပ်ရောဂါ ကုသဆေးဝါးထုတ်လုပ် အောင်မြင်

မြန်မာနိုင်ငံ၏ ပထမဦးဆုံး Covid19 ကပ်ရောဂါ ကုသ ဆေးဝါးထုတ်လုပ် အောင်မြင်ကြောင်း AA Medical Products ကုမ္ပဏီ က ယနေ့(ဒီဇင်ဘာ ၃၁)တွင် သတင်းထုတ်ပြန်ခဲ့သည်။
ယင်းထုတ်ပြန်ချက်မှာ-Covid-19 ကုသဆေး

“FAVIPAC (Favipiravir 200mg) သောက်ဆေးကို COVID-19 လူနာများ (Mild to Moderate Symptom) အတွက် Pacific Medical Industries Ltd (PMI) အနောက်တိုင်းဆေးဝါးစက်ရုံမှ မြန်မာနိုင်ငံတွင်

”ပထမဦးဆုံး”ထုတ်လုပ်ခြင်း၊ “FDA approval” ရရှိခြင်းနှင့် “လှူဒါန်းခြင်း”အမှတ်တရ
Pacific Medical Industries Ltd (PMI) သည် Japan, Russia, China, India, Taiwan, ဥရောပနိုင်ငံများနှင့် တောင်မေရိကားနိုင်ငံများ အပါအဝင် နိုင်ငံအများအပြားတွင် သုံးစွဲနေသော Favipiravir 200mg (Original Product’s Brand Name – Avigan from Japan) ကို PMI ၏ နိုင်ငံခြားသား Research & Formulation Scientist များ၊ Analytical Method Development Scientist များ နှင့် မြန်မာ Pharmacist များပူးပေါင်းကာ PMIစက်ရုံ၏ R & D Center တွင် ပြည်ပမှတင်သွင်းလားသော raw material များအသုံးပြု၍ generic medicine အဖြစ် တီတွင်ထုတ်လုပ်နိုင်ခဲ့ပါသည်။ဤသို့ FAVIPAC (Favipiravir 200mg) PMI စက်ရုံတွင် ထုတ်လုပ်မူသည် မြန်မာနိုင်ငံ၏ ပထမဦးဆုံး Covid19 ကပ်ရောဂါ ကုသဆေးဝါးထုတ်လုပ် အောင်မြင်မူ ဖြစ်ပါသည်။

အဆိုပါ generic medicine FAVIPAC (Favipiravir 200mg) tablet အား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဋ္ဌာနသို့ အောက်တိုဘာလဆန်းတွင် Registration Sample & Registration Dossier အပ်နှံ၍ ဆေးဝါးမှတ်ပုံတင်ခြင်းများကို ဆောင်ရွက်ခဲ့ရာ ယခုအခါ Myanmar FDA ၏ခွင့်ပြုချက်ရရှိခဲ့ပါသည်။

FAVIPAC (Favipiravir 200mg) သောက်ဆေးကို Covid-19 ရောဂါလက္ခဏာ အနည်းငယ်ပြချိန်မှစ၍ သောက်သုံးကုသခြင်းဖြင့် အမြန်နလံထူလာနိုင်ခြင်း၊ အလွန်ဆိုးရွားသောရောဂါအဆင့်သို့ ရောက်ရှိခြင်းမှလျော့ချနိုင်ခြင်း စသည့် အကျိုးကျေးဇူးများစွာရရှိလိမ့်မည်ဟု ယုံကြည်ပါသည်။

အားလုံးသိကြသော Remdesivir မှာထိုးဆေးဖြစ်ပြီး ဆေးရုံတွင် ၅-၁၀ရက်ခန့်ထိုးရသော အကြောဆေးဖြစ်ပါသည်။ Remdesivir ထိုးဆေးသည် PMI၏ Favipac(Favipiravir) ထက် အဆများစွာ ပိုမိုစျေးကြီးသော ထိုးဆေးဖြစ်သည့်အလျှောက် တိုင်းပြည်နှင့် အလှူရှင်များအတွက် စရိတ်စက ပိုမိုကြီးမြင့်စေသကဲ့သို့ သောက်ဆေးနှင့်ယှဉ်လျှင် side effects ပိုများနိုင်သည်ကိုလည်း လူတိုင်းသိကြပြီးဖြစ်ပါသည်။

ထို့ကြောင့် FAVIPAC သောက်ဆေးဖြင့် တိုင်းပြည်၊ အလှူရှင်၊လူနာနှင့် ဆရာဝန်များအတွက် တဖက်တစ်လမ်းက အထောက်အကူပြုလိမ့်မည်ဟု ယုံကြည်ပါသည်။

ယခုဖြစ်ပွားလျှက်ရှိသော Covid-19 Pandemic ၏ ကုသဆေးဝါးများလိုအပ်ချိန်တွင် မြန်မာနိုင်ငံ၌ Covid-19 လူနာများ ကုသရန်အတွက် ကျပ် (၅၈၅)သိန်းတန်ဖိုးရှိ

FAVIPAC (Favipiravir 200mg) Tablet 60,000ကို Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီထံမှတဆင့် တစ်နိုင်ငံလုံးရှိ Covid-19 ကုသဆေးရုံ (၂၅)ရုံသို၎င်း၊
Tablet 15,000 ကို တပ်မတော်၏ Covid19 ကုသရေးဆေးရုံများသို့၎င်း ပေးအပ်လှူဒါန်းသွားမည်ဖြစ်ပါသည်

Leave a Reply