မြန်မာနိုင်ငံဘက်သို့သာ မျက်နှာမူနေသည့် ထိုင်းနိုင်ငံ မှ မြဘုရား သမိုင်းကြောင်း

မြန်မာနိုင်ငံဘက်သို့သာ မျက်နှာမူနေသည့် ထိုင်းနိုင်ငံ မှ မြဘုရား သမိုင်းကြောင်း

အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။

မန္မာႏိုင္ငံဘက္သို႔ မ်က္ႏွာမူေနသည္ ဆိုေသာ ထိုင္းႏိုင္ငံ မွ ျမဘုရား

ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ကို အလည္ေရာက္ခဲ့ၿပီ ဆိုရင္ ျမန္မာ ဗုဒၶဘာသာမ်ားကေတာ့ ျမဘုရား ကို ပထမဆုံးဦးတိုက္ ရွိခိုးေလ့ရွိပါတယ္။

မနက္ပိုင္း (၈)နာရီခြဲမွ ညေနပိုင္း(၃)နာရီအထိ ဖြင့္ပါတယ္။ဘုရားဖူးသြား မည့္ ဧည့္သည္မ်ား အေနျဖင့္ ေဘာင္းဘီအတို၊ အၾကပ္မ်ား၊ စကတ္အတိုမ်ား၊ လည္ဟိုက္အက်ႌ၊T-shirt ဝတ္ဆင္ျခင္း မျပဳရပါဘူး။

ဒီျမဘုရားဟာ အေနာ္ရထာ ဘုရင္ ကို သီဟိုဠ္ ဘုရင္ကလက္ေဆာင္ ဆက္သ ထားၿပီး ပုဂံကို အပို႔ လမ္းမွာမုန္တိုင္း မိၿပီး ထိုင္းကမ္းေျခမွာ သေဘၤာ ဆိုက္ေတာ့ပို႔ခိုင္းသူမ်ားက

ေၾကာက္ၿပီး ဆက္မပို႔ ရဲေတာ့လို႔ကုန္းလမ္း ကေန လာအို ႏိုင္ငံကို ေရာက္သြားခဲ့ၿပီးလာအို ဘုရင္က တျမတ္တႏိုး ကိုးကြယ္ ထားတဲ့ဆင္းတုေတာ္ပါ။

ဒီအေၾကာင္းကို သီဟိုဠ္ ဘုရင္က သိေတာ့ အေနာ္ရထာဘုရင္ထံ အေၾကာင္းၾကား လာပါ တယ္။ ႏွစ္ႏိုင္ငံ လုံးက ဘုရင္ ေတြနဲ႔

မိတ္မပ်က္ ခ်င္တဲ့ အေနာ္ ရထာ ဘုရင္ကသီဟိုဠ္ ဘုရင္ကိုပါ ဖိတ္ေခၚၿပီး ျမဘုရားကို လာအို ဘုရင္ထံေရစက္ခ် လႉဒါန္း ခဲ့ ပါတယ္။

အေနာ္ရထာဘုရင္ဆီကမ်က္ႏွာသာ ရလိုမႈကိုသာအဓိကထားတဲ့ သီဟိုဠ္ဘုရင္ဟာ ခုလိုအေနာ္ရထာဘုရင္နဲ႔ အတူ အလႉရွင္အျဖစ္ ေရစက္ခ်ခြင့္ရတဲ့အတြက္ေက်နပ္သလို စစ္တိုက္ၿပီးျဖစ္ေစ၊

သံတမန္လႊတ္ၿပီးျဖစ္ေစျပန္ယူရင္ အဲဒီေခတ္က အင္အားႀကီးတဲ့အေနာ္ရထာဘုရင္ကို ျမဘုရား ျပန္ေပးရမွာ ေသခ်ာေနေပမယ့္ျပည္သူေတြရဲ႕ သဒၶါတရားကို ခုလိုအသိအမွတ္ျပဳေလးစားစြာ

ေရစက္ခ် လႉေပးတဲ့အတြက္ လာအိုဘုရင္ကလဲ အေနာ္ရထာမင္းျမတ္ကို ပိုၾကည္ညိဳေလးစားခဲ့တယ္လို႔ သမိုင္းကဆိုပါတယ္။

ဒီလိုသမိုင္းေၾကာင္းႀကီးတဲ့ ျမဘုရားကိုမွ ထိုင္းကလာအို ႏိုင္ငံကေန တိုက္ခိုက္သိမ္းပိုက္ယူခဲ့ပါတယ္။ထိုင္းဟာ လာအိုႏိုင္ငံကို တိုက္ခိုက္သိမ္းပိုက္ၿပီးလာအိုႏိုင္ငံရဲ႕

ေရွးေဟာင္းၿမိဳ႕ေတာ္ လြမ္ပရာဘမ္ကျမဘုရားကို ထိုင္းႏိုင္ငံကို ပင့္ေဆာင္လာပါတယ္။ ျမဘုရားသည္ ဆူကိုထိုင္း ေခတ္ AD- 1438 ကပင္ထိုင္းႏိုင္ငံတြင္ ရွိေနခဲ့သည္။

ထိုင္းရာမဘုရင္ ၁(1782-1809) သည္ AD- 1782 တြင္ လာအိုႏိုင္ငံဗီယင္တိန္းၿမိဳ႕မွ ရရွိေသာ ျမဘုရားကို သူ၏နန္းေတာ္ ဘန္ေကာက္ၿမိဳ႕ေတာ္အတြင္း

တစ္ပါတည္းတည္ေဆာက္ခဲ့ေလသည္၊ ျမဘုရားသည္ တကယ္ေတာ့မူႀကီးမားေသာ ေက်ာက္စိမ္းတုံးမွထုလုပ္ထားျခင္းျဖစ္ေလသည္။

ရာဇဝင္သမိုင္းမွတ္တမ္းထဲတြင္မူ

AD- 1434 ေလာက္က ထိုင္းႏိုင္ငံေျမာက္ပိုင္း ယခုခ်င္း႐ိုင္ခ႐ိုင္ (Chiangrai)တြင္ ဗုဒၶဆင္းတုေတာ္ကို အဂၤေတမ်ားဖုံးအုပ္လ်က္ေတြ႕ရွိခဲ့ရေလသည္။

ဆင္းတုေတာ္ကို ေက်ာင္းထိုင္ဆရာေတာ္တစ္ပါး၏ ေက်ာင္းထံသို႔ပင့္ေဆာင္သြားခဲ့သည္။တစ္ေန႔ေသာအခါ ဆင္းတုေတာ္၏ ႏွာေခါင္းေတာ္ေနရာမွ

အဂၤေတမ်ားသည္ အဖတ္လိုက္ အလိပ္လိပ္ကြာက်ၿပီးအတြင္းမွာ ေရာင္ျခည္စိမ္းမ်ား ပ်ံ႕လြင့္ေနသည္ကိုဆရာေတာ္က ေတြ႕ရွိလိုက္ရေလသည္။

ဆရာေတာ္က အဂၤေတမ်ားအားလုံးကို ဆင္းတုေတာ္မွဖယ္ရွားလိုက္ေသာအခါ ျမဘုရားဆင္းတုေတာ္ကို ဖူးျမင္လိုက္ရေတာ့သည္။ထိုသတင္းကိုၾကားၾကေသာအခါ

လူအမ်ားသည္ျမဘုရားကိုဖူးၾကဖို႔ စု႐ုံးလာၾကေတာ့သည္။ ထိုအခ်ိန္ကခ်င္း႐ိုင္နယ္သည္ ခ်င္းမိုင္ (Chiangmai) ဘုရင္၏ လက္ေအာက္တြင္ရွိေနသည္။

ထို႔ေနာက္ဘုရင္ဆမ္ဖန္ကင္န္က ျမဘုရားကို ခ်င္းမိုင္သို႔ပင့္ေဆာင္ရန္ ဆင္ေတာ္ကိုလႊတ္လိုက္ေလသည္။

သို႔ေသာ္ အႀကိမ္တိုင္းတြင္ ဆင္ေတာ္က လမ္းဆုံေရာက္ေသာအခါ၌ လမ္းပန္း (Lampang ) ၿမိဳ႕တြင္းသို႔ ေျပးေျပးဝင္ေရာက္သြားခဲ့ေလသည္။

ဆင္ေတာ္ကသုံးႀကိမ္တိုင္တိုင္ လမ္းပန္းၿမိဳ႕တြင္းသို႔ ေျပးဝင္ပုံကိုေထာက္ရႈၿပီး ဘုရင္က ျမဘုရားသည္ လမ္းပန္းၿမိဳ႕၌ စံပယ္ေတာ္မူလိုသည္ဟု အေတြးရၿပီးေနာက္

ဆင္းတုေတာ္ကို ႏွစ္ေပါင္း ၃၂ ႏွစ္တိုင္တိုင္ တန္ခိုးထက္ေသာ ခ်င္းမိုင္ဘုရင္ တိေလာကTiloka စိုးစံေသာ AD- 1468 အထိ လမ္းပန္းၿမိဳ႕တြင္စံပယ္ထားခဲ့ေလသည္။

AD- 1551 တြင္

ခ်င္းမိုင္ဘုရင္သည္ သားေတာ္မက်န္ရစ္ ဘဲနတ္႐ြာစံေလေတာ္ သမီးေတာ္တစ္ပါးက လာအိုဘုရင္ႏွင့္ စုလ်ားရစ္ပတ္ေလသည္။

သမီးေတာ္ ခ်ိဳင္းခ်က္သChaichettha မင္းသားဖြား ျမင္ေတာ္မူသည္။ခ်င္းမိုင္ဝန္ႀကီးမ်ားက ၁၅ ႏွစ္အ႐ြယ္ မင္းသားကိုထီးနန္းအပ္ေသာအခါ လက္ခံခဲ့ေလသည္။

သို႔ေသာ္ျငားလည္း သူ၏ခမည္းေတာ္ လာအိုဘုရင္နတ္႐ြာစံေသာအခါ မင္းသားသည္ သူ၏တိုင္းျပည္သို႔ ျပန္ခ်င္ေနခဲ့ေတာ့သည္။

ထို႔ေၾကာင့္ AD- 1552 တြင္မင္းသားသည္ လာအိုႏိုင္ငံ၏ၿမိဳ႕ေတာ္ျဖစ္ေသာ LuangPrabang လူအမ္ပရာဘန္သို႔ ျမဘုရားကို ပင့္ေဆာင္သြားခဲ့ေလသည္။

ခ်င္းမိုင္ဝန္ႀကီးမ်ားကို သူျပန္လာပါမည္ဟု ကတိျပဳခဲ့ေလသည္။ သူဘယ္ေတာ့မွမျပန္ခဲ့သလို ျမဘုရားသည္လည္း လူအမ္ပရာဘန္တြင္ ၁၂ ႏွစ္တိုင္တိုင္စံပယ္ေနခဲ့ရေလသည္။

AD- 1564 တြင္ ဘုရင္ခ်ိဳင္းခ်က္သသည္လာေရာက္တိုက္ခိုက္ေသာ ျမန္မာဘုရင္ ဘုရင္ေနာင္ကိုဆက္လက္ မခုခံႏိုင္ေတာ့သျဖင့္ သူ၏ၿမိဳ႕ေတာ္ကိုဗီရန္တိန္ Vientianeသို႔ ေျပာင္းေ႐ႊ႕စိုးစံခဲ့ရေတာ့သည္။

ထို႔ေၾကာင့္ ျမဘုရားသည္ ဗီရန္တိန္းတြင္ ႏွစ္ေပါင္း၂၁၄ ႏွစ္တိုင္ေအာင္ စံပယ္ေနခဲ့ရေတာ့၏ ။ ထို႔ေၾကာင့္ ေလာႏိုင္ငံတြင္ ၂၂၆ ႏွစ္တိုင္ေအာင္ AD- 1778 တြင္ ဘန္ေကာက္၏

ရာမဘုရင္ ၁ Chao Phraya chakri သည္ ဗိုလ္ခ်ဳပ္တစ္ဦးအျဖစ္ ဗီရန္တိန္းကိုသိမ္းပိုက္လိုက္ၿပီးေနာက္ျမဘုရားကို ထိုင္းႏိုင္ငံဘန္ေကာက္သို႔ပင့္ေဆာင္လာခဲ့ေလသည္။

ဘန္ေကာက္ကိုလည္း ၿမိဳ႕ေတာ္အျဖစ္ တည္ေဆာက္လိုက္ၿပီး ျမဘုရားကိုလည္း နန္းေတာ္အတြင္း ထည့္သြင္းစံပယ္ေတာ္မူေစေလသည္။

ထိုအခ်ိန္မွစ၍ ျမဘုရားသည္ထိုင္းႏိုင္ငံကို ကာကြယ္ေစာင့္ေရွာက္ေပးေသာ အေဆာင္တန္ခိုးႀကီး ဘုရားအျဖစ္ ေက်ာ္ခဲ့ေလသည္။

ဆင္းတုေတာ္ကို သြန္ဘူရီမွ ဘန္ေကာက္ၿမိဳ႕ေတာ္ နန္းေတာ္ဘုရားေက်ာင္းသို႔ AD- 1784 March 22 တြင္ပင့္ေဆာင္ခဲ့ၾကေလသည္။

ရာမဘုရင္၁ ကျမဆင္းတုေတာ္ကိုတစ္ႏွစ္လွ်င္ ႏွစ္ႀကိမ္ ေႏြႏွင့္မိုးတြင္သကၤန္းကပ္ေလသည္။ရာမဘုရင္၃က (1824 – 1851)တြင္မူ တစ္ႀကိမ္ထပ္တိုး၍ ေဆာင္းသကၤန္းပါကပ္လႉေလသည္။

ျမဆင္းတုေတာ္ သကၤန္းကပ္ပြဲေတာ္ကိုႏွစ္စဥ္ သုံးႀကိမ္တိုင္တိုင္ က်င္းပခဲ့ေလသည္။ျမဆင္းတုေတာ္၏ ရင္ေတာ္သည္ ၄၈.၃ စီတီမီတာ ရွိသည္။

ဉာဏ္ေတာ္သည္ ၆၆ စီတီမီတာ ရွိသည္။ ဆင္းတုေတာ္သည္ ထိုင္ကိုယ္ေတာ္ျဖစ္ၿပီး ညာေျခေတာ္သည္ ဘယ္ေျခေတာ္အေပၚ တင္ထားေလသည္။

ဆင္းတုေတာ္၏ ကိုယ္ေနဟန္ပန္တရားထိုင္ေနပုံမွာ ေတာင္ပိုင္းအိႏၵိယႏွင့္ သီရိလကၤာဟန္ႏွင့္ ဆင္တူေနေလသည္။ ျမဘုရားကို ထိုင္းေတြက ဝပ္ဖကေရာက္ Wat Phra Kaew ဟုေခၚသည္။

ဝပ္ဆိုသည္မွာ ဘုရား၊ကေရာက္က ေက်ာက္စိမ္းျဖစ္သည္။ျမဘုရား၏ ထူးျခားခ်က္တစ္ခုမွာ ျမန္မာႏိုင္ငံဘက္ျခမ္းသို႔သာ မ်က္ႏွာလွည့္ေနျခင္း ျဖစ္သည္။

Credit to original

Unicode

မြန်မာနိုင်ငံဘက်သို့ မျက်နှာမူနေသည် ဆိုသော ထိုင်းနိုင်ငံ မှ မြဘုရား

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို အလည်ရောက်ခဲ့ပြီ ဆိုရင် မြန်မာ ဗုဒ္ဓဘာသာများကတော့ မြဘုရား ကို ပထမဆုံးဦးတိုက် ရှိခိုးလေ့ရှိပါတယ်။

မနက်ပိုင်း (၈)နာရီခွဲမှ ညနေပိုင်း(၃)နာရီအထိ ဖွင့်ပါတယ်။ဘုရားဖူးသွား မည့် ဧည့်သည်များ အနေဖြင့် ဘောင်းဘီအတို၊ အကြပ်များ၊ စကတ်အတိုများ၊ လည်ဟိုက်အင်္ကျီ၊T-shirt ဝတ်ဆင်ခြင်း မပြုရပါဘူး။

ဒီမြဘုရားဟာ အနော်ရထာ ဘုရင် ကို သီဟိုဠ် ဘုရင်ကလက်ဆောင် ဆက်သ ထားပြီး ပုဂံကို အပို့ လမ်းမှာမုန်တိုင်း မိပြီး ထိုင်းကမ်းခြေမှာ သင်္ဘော ဆိုက်တော့ပို့ခိုင်းသူများက

ကြောက်ပြီး ဆက်မပို့ ရဲတော့လို့ကုန်းလမ်း ကနေ လာအို နိုင်ငံကို ရောက်သွားခဲ့ပြီးလာအို ဘုရင်က တမြတ်တနိုး ကိုးကွယ် ထားတဲ့ဆင်းတုတော်ပါ။

ဒီအကြောင်းကို သီဟိုဠ် ဘုရင်က သိတော့ အနော်ရထာဘုရင်ထံ အကြောင်းကြား လာပါ တယ်။ နှစ်နိုင်ငံ လုံးက ဘုရင် တွေနဲ့

မိတ်မပျက် ချင်တဲ့ အနော် ရထာ ဘုရင်ကသီဟိုဠ် ဘုရင်ကိုပါ ဖိတ်ခေါ်ပြီး မြဘုရားကို လာအို ဘုရင်ထံရေစက်ချ လှူဒါန်း ခဲ့ ပါတယ်။

အနော်ရထာဘုရင်ဆီကမျက်နှာသာ ရလိုမှုကိုသာအဓိကထားတဲ့ သီဟိုဠ်ဘုရင်ဟာ ခုလိုအနော်ရထာဘုရင်နဲ့ အတူ အလှူရှင်အဖြစ် ရေစက်ချခွင့်ရတဲ့အတွက်ကျေနပ်သလို စစ်တိုက်ပြီးဖြစ်စေ၊

သံတမန်လွှတ်ပြီးဖြစ်စေပြန်ယူရင် အဲဒီခေတ်က အင်အားကြီးတဲ့အနော်ရထာဘုရင်ကို မြဘုရား ပြန်ပေးရမှာ သေချာနေပေမယ့်ပြည်သူတွေရဲ့ သဒ္ဓါတရားကို ခုလိုအသိအမှတ်ပြုလေးစားစွာ

ရေစက်ချ လှူပေးတဲ့အတွက် လာအိုဘုရင်ကလဲ အနော်ရထာမင်းမြတ်ကို ပိုကြည်ညိုလေးစားခဲ့တယ်လို့ သမိုင်းကဆိုပါတယ်။

ဒီလိုသမိုင်းကြောင်းကြီးတဲ့ မြဘုရားကိုမှ ထိုင်းကလာအို နိုင်ငံကနေ တိုက်ခိုက်သိမ်းပိုက်ယူခဲ့ပါတယ်။ထိုင်းဟာ လာအိုနိုင်ငံကို တိုက်ခိုက်သိမ်းပိုက်ပြီးလာအိုနိုင်ငံရဲ့

ရှေးဟောင်းမြို့တော် လွမ်ပရာဘမ်ကမြဘုရားကို ထိုင်းနိုင်ငံကို ပင့်ဆောင်လာပါတယ်။ မြဘုရားသည် ဆူကိုထိုင်း ခေတ် AD- 1438 ကပင်ထိုင်းနိုင်ငံတွင် ရှိနေခဲ့သည်။

ထိုင်းရာမဘုရင် ၁(1782-1809) သည် AD- 1782 တွင် လာအိုနိုင်ငံဗီယင်တိန်းမြို့မှ ရရှိသော မြဘုရားကို သူ၏နန်းတော် ဘန်ကောက်မြို့တော်အတွင်း

တစ်ပါတည်းတည်ဆောက်ခဲ့လေသည်၊ မြဘုရားသည် တကယ်တော့မူကြီးမားသော ကျောက်စိမ်းတုံးမှထုလုပ်ထားခြင်းဖြစ်လေသည်။

ရာဇဝင်သမိုင်းမှတ်တမ်းထဲတွင်မူ

AD- 1434 လောက်က ထိုင်းနိုင်ငံမြောက်ပိုင်း ယခုချင်းရိုင်ခရိုင် (Chiangrai)တွင် ဗုဒ္ဓဆင်းတုတော်ကို အင်္ဂတေများဖုံးအုပ်လျက်တွေ့ရှိခဲ့ရလေသည်။

ဆင်းတုတော်ကို ကျောင်းထိုင်ဆရာတော်တစ်ပါး၏ ကျောင်းထံသို့ပင့်ဆောင်သွားခဲ့သည်။တစ်နေ့သောအခါ ဆင်းတုတော်၏ နှာခေါင်းတော်နေရာမှ

အင်္ဂတေများသည် အဖတ်လိုက် အလိပ်လိပ်ကွာကျပြီးအတွင်းမှာ ရောင်ခြည်စိမ်းများ ပျံ့လွင့်နေသည်ကိုဆရာတော်က တွေ့ရှိလိုက်ရလေသည်။

ဆရာတော်က အင်္ဂတေများအားလုံးကို ဆင်းတုတော်မှဖယ်ရှားလိုက်သောအခါ မြဘုရားဆင်းတုတော်ကို ဖူးမြင်လိုက်ရတော့သည်။ထိုသတင်းကိုကြားကြသောအခါ

လူအများသည်မြဘုရားကိုဖူးကြဖို့ စုရုံးလာကြတော့သည်။ ထိုအချိန်ကချင်းရိုင်နယ်သည် ချင်းမိုင် (Chiangmai) ဘုရင်၏ လက်အောက်တွင်ရှိနေသည်။

ထို့နောက်ဘုရင်ဆမ်ဖန်ကင်န်က မြဘုရားကို ချင်းမိုင်သို့ပင့်ဆောင်ရန် ဆင်တော်ကိုလွှတ်လိုက်လေသည်။

သို့သော် အကြိမ်တိုင်းတွင် ဆင်တော်က လမ်းဆုံရောက်သောအခါ၌ လမ်းပန်း (Lampang ) မြို့တွင်းသို့ ပြေးပြေးဝင်ရောက်သွားခဲ့လေသည်။

ဆင်တော်ကသုံးကြိမ်တိုင်တိုင် လမ်းပန်းမြို့တွင်းသို့ ပြေးဝင်ပုံကိုထောက်ရှုပြီး ဘုရင်က မြဘုရားသည် လမ်းပန်းမြို့၌ စံပယ်တော်မူလိုသည်ဟု အတွေးရပြီးနောက်

ဆင်းတုတော်ကို နှစ်ပေါင်း ၃၂ နှစ်တိုင်တိုင် တန်ခိုးထက်သော ချင်းမိုင်ဘုရင် တိလောကTiloka စိုးစံသော AD- 1468 အထိ လမ်းပန်းမြို့တွင်စံပယ်ထားခဲ့လေသည်။

AD- 1551 တွင်

ချင်းမိုင်ဘုရင်သည် သားတော်မကျန်ရစ် ဘဲနတ်ရွာစံလေတော် သမီးတော်တစ်ပါးက လာအိုဘုရင်နှင့် စုလျားရစ်ပတ်လေသည်။

သမီးတော် ချိုင်းချက်သChaichettha မင်းသားဖွား မြင်တော်မူသည်။ချင်းမိုင်ဝန်ကြီးများက ၁၅ နှစ်အရွယ် မင်းသားကိုထီးနန်းအပ်သောအခါ လက်ခံခဲ့လေသည်။

သို့သော်ငြားလည်း သူ၏ခမည်းတော် လာအိုဘုရင်နတ်ရွာစံသောအခါ မင်းသားသည် သူ၏တိုင်းပြည်သို့ ပြန်ချင်နေခဲ့တော့သည်။

ထို့ကြောင့် AD- 1552 တွင်မင်းသားသည် လာအိုနိုင်ငံ၏မြို့တော်ဖြစ်သော LuangPrabang လူအမ်ပရာဘန်သို့ မြဘုရားကို ပင့်ဆောင်သွားခဲ့လေသည်။

ချင်းမိုင်ဝန်ကြီးများကို သူပြန်လာပါမည်ဟု ကတိပြုခဲ့လေသည်။ သူဘယ်တော့မှမပြန်ခဲ့သလို မြဘုရားသည်လည်း လူအမ်ပရာဘန်တွင် ၁၂ နှစ်တိုင်တိုင်စံပယ်နေခဲ့ရလေသည်။

AD- 1564 တွင် ဘုရင်ချိုင်းချက်သသည်လာရောက်တိုက်ခိုက်သော မြန်မာဘုရင် ဘုရင်နောင်ကိုဆက်လက် မခုခံနိုင်တော့သဖြင့် သူ၏မြို့တော်ကိုဗီရန်တိန် Vientianeသို့ ပြောင်းရွှေ့စိုးစံခဲ့ရတော့သည်။

ထို့ကြောင့် မြဘုရားသည် ဗီရန်တိန်းတွင် နှစ်ပေါင်း၂၁၄ နှစ်တိုင်အောင် စံပယ်နေခဲ့ရတော့၏ ။ ထို့ကြောင့် လောနိုင်ငံတွင် ၂၂၆ နှစ်တိုင်အောင် AD- 1778 တွင် ဘန်ကောက်၏

ရာမဘုရင် ၁ Chao Phraya chakri သည် ဗိုလ်ချုပ်တစ်ဦးအဖြစ် ဗီရန်တိန်းကိုသိမ်းပိုက်လိုက်ပြီးနောက်မြဘုရားကို ထိုင်းနိုင်ငံဘန်ကောက်သို့ပင့်ဆောင်လာခဲ့လေသည်။

ဘန်ကောက်ကိုလည်း မြို့တော်အဖြစ် တည်ဆောက်လိုက်ပြီး မြဘုရားကိုလည်း နန်းတော်အတွင်း ထည့်သွင်းစံပယ်တော်မူစေလေသည်။

ထိုအချိန်မှစ၍ မြဘုရားသည်ထိုင်းနိုင်ငံကို ကာကွယ်စောင့်ရှောက်ပေးသော အဆောင်တန်ခိုးကြီး ဘုရားအဖြစ် ကျော်ခဲ့လေသည်။

ဆင်းတုတော်ကို သွန်ဘူရီမှ ဘန်ကောက်မြို့တော် နန်းတော်ဘုရားကျောင်းသို့ AD- 1784 March 22 တွင်ပင့်ဆောင်ခဲ့ကြလေသည်။

ရာမဘုရင်၁ ကမြဆင်းတုတော်ကိုတစ်နှစ်လျှင် နှစ်ကြိမ် နွေနှင့်မိုးတွင်သင်္ကန်းကပ်လေသည်။ရာမဘုရင်၃က (1824 – 1851)တွင်မူ တစ်ကြိမ်ထပ်တိုး၍ ဆောင်းသင်္ကန်းပါကပ်လှူလေသည်။

မြဆင်းတုတော် သင်္ကန်းကပ်ပွဲတော်ကိုနှစ်စဉ် သုံးကြိမ်တိုင်တိုင် ကျင်းပခဲ့လေသည်။မြဆင်းတုတော်၏ ရင်တော်သည် ၄၈.၃ စီတီမီတာ ရှိသည်။

ဉာဏ်တော်သည် ၆၆ စီတီမီတာ ရှိသည်။ ဆင်းတုတော်သည် ထိုင်ကိုယ်တော်ဖြစ်ပြီး ညာခြေတော်သည် ဘယ်ခြေတော်အပေါ် တင်ထားလေသည်။

ဆင်းတုတော်၏ ကိုယ်နေဟန်ပန်တရားထိုင်နေပုံမှာ တောင်ပိုင်းအိန္ဒိယနှင့် သီရိလင်္ကာဟန်နှင့် ဆင်တူနေလေသည်။ မြဘုရားကို ထိုင်းတွေက ဝပ်ဖကရောက် Wat Phra Kaew ဟုခေါ်သည်။

ဝပ်ဆိုသည်မှာ ဘုရား၊ကရောက်က ကျောက်စိမ်းဖြစ်သည်။မြဘုရား၏ ထူးခြားချက်တစ်ခုမှာ မြန်မာနိုင်ငံဘက်ခြမ်းသို့သာ မျက်နှာလှည့်နေခြင်း ဖြစ်သည်။

Credit to original

Crd



Post Views:
9

Crd