မြန်မာစစ်တပ်အာဏာသိမ်းတာကိုအပြင်းအထန်ဝေဖန်ပြလိုက်တဲ့တရုတ်ပြည်။

Militarily News

မြန်မာစစ်တပ်အာဏာသိမ်းတာကို အပြင်းအထန်ဝေဖန်ပြလိုက်တဲ့ တရုတ်ပြည်။

တရုတ်ဟာ မြန်မာပြည်မှာ စစ်အာဏာသိမ်းတာကို မကြိုက်ပါဘူး။ ဘေဂျင်းဟာ မြန်မာ့တပ်မတော်ကို အရည်အချင်းမရှိသူ၊ လာဘ်စားတဲ့သူတွေလို့ပဲ အမြဲတမ်းသတ်မှတ်ခဲ့တာပါ။ ဒါ့အပြင် တရုတ်အနေနဲ့ မြန်မာစစ်တပ်ကို ကျေးဇူးနားမလည်သူ၊ အမြဲတမ်းလောဘကြီးသူ၊ စီးပွါးရေးမလုပ်တတ်သူတွေပဲလို့ ယူဆထားကြပါသေးတယ်။

UNSC ကထုတ်တဲ့ စာအရ မြန်မာ့အရပ်ဖက်ခေါင်းဆောင်တွေလွှတ်ပေးဖို့နဲ့ ဒီမိုကရေစီရှင်သန်ရေးအတွက် တရုတ်ပြည်က အားလုံးနဲ့သဘောတူတဲ့ အချက်ပြလိုက်တာပါပဲ။ တရုတ်ပြည်ဟာ မြန်မာပြည်က သယံဇာတတွေကိုပဲ မျက်စိကျတဲ့ခေတ်ကုန်ပါပြီ၊ မြန်မာပြည်သူတွေ အဆင်ပြေပြီး သုံးစွဲလာနိုင်မှ တရုတ်ပစ္စည်းတွေ ရောင်းချနိုင်တဲ့ ဈေးကွက်သစ်တစ်ခုဖြစ်လာစေဖို့ အမြဲရည်ရွယ်ခဲ့တာပါ။ ဒါဟာ ရွေးကောက်ခံ NLD အစိုးရနဲ့ပဲ ဖြစ်လာနိုင်မှာပါ။

ခုတော့ စစ်အာဏာသိမ်းလိုက်လို့ အနောက်အုပ်စုက စီးပွားရေးပိတ်ဆို့ရင် တရုတ်ကရင်းနှီးမြှုပ်နှံထားတာတွေအဖို့ မူလရည်မှန်းချက်ပျက်လို့ အများကြီးဆုံးရှုံးရပါလိမ့်မယ်။ ဒါကြောင့် တရုတ်ပြည်က မြန်မာပြည်မှာ စစ်အာဏာသိမ်းတာကို မနှစ်မြို့လှပါဘူး။

Ref: East Asia Forum
Zin Min Nyein

zawgyi

Leave a Reply