မြင်းတွေမှာ ခွာတပ်ဆင်ထားရတဲ့ အကြောင်းရင်း

မြင်းတွေမှာ ခွာတပ်ဆင်ထားရတဲ့ အကြောင်းရင်း

မြင်းတွေမှာ ခွာတပ်ဆင်ထားရတဲ့ အကြောင်းရင်း

မြင်းတွေဟာ ရာစုနှစ်များစွာကတည်းက လူသားတို့အတွက် သယ်ယူပို့ဆောင်ရေးနဲ့ စိုက်ပျိုးရေးအတွက် အချက်အချာကျခဲ့တဲ့ တိရစ္ဆာန်တွေ ဖြစ်ပါတယ်။

သူတို့ဟာ သန်မာတဲ့ စွမ်းအားနဲ့ လျင်မြန်သော အရှိန်နှုန်းတို့ရဲ့ သင်္ကေတများဖြစ်ကြပြီး လူသားတို့ကို ကောင်းကောင်းအကျိုးပြုနိုင်ဖို့ လေးပတ်မှ ခြောက်ပတ်အထိ ခွာအသစ်များ လဲလှယ်ဖို့၊ ဝတ်ထားဖို့ လိုအပ်ပါတယ်။

ဒီအကြောင်းရင်းကို အဖြေရှာကြည့်ကြရအောင်ပါ။ လူတို့အသုံးပြုကြတဲ့ အိမ်မွေးမြင်းများရဲ့ ခြေထောက်တွေက နူးညံ့လွန်းတာကြောင့် မဖြစ်မနေ အကာအကွယ် လိုအပ်ပါတယ်။

ဒါကြောင့် လူတွေက မြင်းခြေဖဝါးအား ကာကွယ်ဖို့အတွက် ခွာတွေကို စတင်တီထွင်လာကြပါတော့တယ်။

ကနဦးပိုင်းက ခွာတွေက မြင်းတွေကို သက်တောင့်သက်သာ မဖြစ်စေခဲ့တာကြောင့် မြင်းတွေမှာ ထိခိုက်မှုတွေ ဖြစ်လာပါတော့တယ်။

အကြောင်းရင်းကတော့ ခွာရဲ့အပြင်ပိုင်းဟာ အဆက်မပြတ်ပေါက်နေတဲ့ ဦးချိုလိုမျိုး အရာဝတ္ထုတစ်ခုဖြင့် ပြုလုပ်ထားပြီး လူတစ်ဦးရဲ့ လက်သည်းတွေလိုပဲ ဖြတ်တောက်ဖို့ လိုအပ်ခဲ့ကြောင်း သိရပါတယ်။

ဒါကြောင့် ရှေးခေတ်မြင်းခွာတွေက မြင်းခြေထောက်ရဲ့ မှန်ကန်တဲ့ပုံစံကို ထိန်းသိမ်းဖို့ ခက်ခဲစေခဲ့ပါတယ်။ သဲနဲ့ ကျောက်ဆောင်တို့လို ကြမ်းတမ်းတဲ့ မြေပြင်ဟာလည်း ခွာအပြင်ပိုင်းကို ပျက်စီးစေပြီး ထိလွယ်ရှလွယ် အတွင်းပိုင်းခွာများကိုပါ ထိခိုက်နိုင်ပါတယ်။

အဲဒီနောက် မြင်းက နာကျင်မှုကို ခံစားလာရပြီး လမ်းမလျှောက်နိုင်တော့ပါဘူး။ သမိုင်းကြောင်းအရ ထိုချို့ယွင်းချက်တွေဟာ စစ်မြေပြင်မှာ သို့မဟုတ် ရိတ်သိမ်းချိန်တွေအတွင်း မြင်းများကို အသုံးပြုနိုင်ခြင်း မရှိတော့ပါဘူး။

ဒါကြောင့် ခွာနံရံကို အားဖြည့်ရန်အတွက် ခွာအသစ်တွေကို လူတွေက အမျိုးမျိုး တီထွင်ဖန်တီးလာခဲ့ပါတော့တယ်။ မြင်းတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀၀ ခန့်က အိမ်မွေး ဖိနပ်တစ်မျိုးမျိုး ဝတ်ဆင်လာခဲ့ကြပါတယ်။

မူလက မြင်းခွာကို သားရေ သို့မဟုတ် အပင်ပစ္စည်းတွေနဲ့သာ ပြုလုပ်ထားတာပါ။ အခု လူတွေရင်းနှီးကြတဲ့ မြင်းခြေဖဝါးမှာ သံရိုက်ထားတဲ့ သတ္တုခွာမျိုးတွေကိုတော့ အေဒီ ၅၀၀ လောက်မှာ စတင်အသုံးပြုခဲ့ကြပါတယ်။

အဲဒီကစလို့ နောက်နှစ်ပေါင်း များစွာအထိ အဆိုပါ ခွာပုံစုံဟာ အသုံးများလာခဲ့ပါတယ်။ လက်ရှိမှာတော့ အလူမီနီယံနဲ့ စတီးလ်ဖိနပ်တွေကို ခွာမှာ သံမှိုတပ်တာက အသုံးအများဆုံးဖြစ်ပေမဲ့ ရာဘာ၊ အစေးနဲ့ ပလပ်စတစ်လိုမျိုး တခြားပစ္စည်းတွေကိုလည်း ခွာအဖြစ် အသုံးပြုနေကြတာတွေလည်း ရှိပါတယ်။

မြင်းများစွာဟာ ခွာလိုအပ်ကြတာ မှန်ကန်ပေမဲ့ စီးနင်းအမျိုးအစား၊ မြေပြင်အနေအထားနဲ့ မြင်းစီးတဲ့ အကြိမ်ရေပေါ်တွေမှာလည်း မူတည်နေပါသေးတယ်။

ကျောက်ဆောင် သို့မဟုတ် ကွန်ကရစ်တွေပေါ်မှာ အနေများတဲ့ မြင်းတွေကတော့ ခွာတွေကို မဖြစ်မနေ လိုအပ်နိုင်ပါတယ်။

ဒီလိုအခြေအနေတွေမှာ မနေရတဲ့ မြင်းတွေပင်လျှင် ခြေဖဝါး အခြေအနေကို စီမံခန့်ခွဲရာမှာ အထောက်အကူဖြစ်စေဖို့ ခွာများ လိုအပ်ပါတယ်။

ဒါပေမယ့် မြက်ခင်းပြင်နဲ့ နူးညံ့တဲ့ မြေပြင်တွေမှာ အနေများတဲ့ မြင်းတွေ တော်တော်များများကတော့ ခွာမပါဘဲ ပုံမှန်ခရီးဝေးတွေဆီ သွားလည်နိုင်ပါတယ်။ ဘယ်လိုပဲပြောပြော၊ အကြိမ်ရေများလာတယ်ဆိုရင်တော့ ခွာလိုအပ်လာမှာပါပဲ။

ဒီအတောအတွင်း မြင်းရိုင်းတွေမှာတော့ ခွာတွေ မလိုအပ်ကြတဲ့အထိ အလွန်သန်မာတဲ့ ခြေဖဝါးတွေရှိတာကြောင့် ကြမ်းတမ်းသောမြေပြင်ကို သွားလာနိုင်ကြကြောင်း သုတေသီတို့က ဆိုထားကြပါတယ်။

တစ်ဖက်မှာတော့ ခွာတွေကို အမြဲမပြတ် လဲလှယ်နေဖို့လိုတာက ပြိုင်မြင်းတွေပါ။ သူတို့ရဲ့ ခွာတွေဟာ နွမ်းလျလွယ်ပြီး ဆွေးမြေ့ယိုယွင်းတာမျိုးကို ဖြစ်လွယ်ပါတယ်။ ဒီလိုဖြစ်လာရင် ပြိုင်မြင်းတစ်ကောင်ရဲ့ အသက်ကိုတောင် ဆုံးရှုံးစေနိုင်ပါတယ်လို့ ဆိုပါတယ်။

မြင်းခွါမှာ ဖိနပ်ကို သံမှိုနဲ့ရိုက်တပ်တာမျိုးက မြင်တွေကို မနာကျင်စေဘူးလို့ပြောရင် လူတချို့က အံ့သြနေကြမှာပါ။

သုတေသီတို့ရဲ့ အဆိုအရ မြင်းခြေဖဝါးမှာ သွေးကြောများ သို့မဟုတ် အာရုံကြောများ မပါရှိတာကြောင့် ခွာကို မှန်ကန်စွာ တပ်ပေးမယ်ဆိုပါက မြင်းအတွက် နာကျင်မှု လုံးဝမရှိပါဘူး။

အဲဒီအစား ခွာမဝတ်တာကမှ မြင်းကို လုံးဝကို ထိခိုက်နိုင်တာပါ။ ဒါကြောင့် ခွာတွေဟာ မြင်းတို့အတွက် အရေးပါဆုံးသော အသုံးအဆောင်တစ်ခု ဖြစ်ပါတယ်။

ခွာတွေကို မှားယွင်းစွာ နေရာချထားပါက၊ပုံသဏ္ဍာန် သို့မဟုတ် အရွယ်အစား မှားယွင်းနေပါက သို့မဟုတ် မှားယွင်းတဲ့ နေရာများမှာ ဖိအားသက်ရောက်ပါကလည်း မြင်းကို ထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့် မြင်းအတွက် ခွာတွေကို ဝတ်ဆင်ပေးမယ့်သူက ကျွမ်းကျင်မှုရှိဖို့တော့ လိုအပ်ပြီး သူကျွမ်းကျင်မှသာလျှင် မြင်းတွေအတွက် နာကျင်ခြင်း သို့မဟုတ် အကြောပြတ်ခြင်းမျိုးတွေ မဖြစ်လာတော့မှာပါ။

Knight News Team

Knight News © 2022

Crd