မျက်လုံး အပြာရောင်နဲ့ ပေါ်တူဂီနွယ်ဝင် မဟုတ်တဲ့ ဝါဒင်ဘတ် ရောဂါ

မျက်လုံး အပြာရောင်နဲ့ ပေါ်တူဂီနွယ်ဝင် မဟုတ်တဲ့ ဝါဒင်ဘတ် ရောဂါ

မျက်လုံး အပြာရောင်နဲ့ ပေါ်တူဂီနွယ်ဝင် မဟုတ်တဲ့ ဝါဒင်ဘတ် ရောဂါ..

အင်းစိန်ဘူတာအနီးက မိန်းကလေးတစ်ဦးကို စာရေးသူရဲ့ မိတ်ဆွေတစ်ဦးမှ အမှတ်မထင် ဓါတ်ပုံရိုက်ကူးလာခဲ့ပါတယ်။ ထင်ရှားတဲ့ မျက်လုံးအပြာရောင်လေးနှင့်.. စကားမပြောတတ်ရှာတဲ့ မိန်းကလေးပါ။ သူဖြစ်တဲ့ ပြဿနာကို အဖြေရှာကြည့်လိုက်တော့ ဝါဒင်ဘတ် ရောဂါ (Waardenburg syndrome) ဆိုတာလေး သွားတွေ့ရပါတယ်။

ဒတ်ချ်လူမျိုး မျက်စိအထူးကုဆရာဝန် Petrus Johannes Waardenburg က ၁၉၄၂ ခုနှစ်လောက်မှာ စတင်သတိထားမိခဲ့တဲ့ ဒီရောဂါဟာ မျိုးရိုးဗီဇနဲ့ ပတ်သက်တဲ့ ရှားပါးသော ရောဂါတစ်မျိုးဖြစ်ပါတယ်။

မက်လင်နိုဆိုက် (Melanocyte) လို့ခေါ်တဲ့ အရေပြားဆဲလ်များကို အဓိကသက်ရောက်တဲ့အတွက် အရေပြား၊ ဆံပင် နဲ့ မျက်လုံးတို့မှာ (ခရုသင်းဖြစ်သလို) အရောင်ပြောင်းနေတတ်ပြီး.. နားမကြားခြင်းနှင့်လည်း ဆက်စပ်မှုရှိတယ်လို့ သိရပါတယ်။ ဒီရောဂါမှာ အဆင့် (၄) မျိုးရှိပါတယ်။

ပထမတစ်မျိုး (Type 1) က မျက်လုံးနှစ်ခုကြား အနည်းငယ်ကျယ်ပြီး အကြားအာရုံချို့တဲ့ခြင်းဖြစ်ပါတယ်။ ဒုတိယ တစ်မျိုး (Type 2) မှာတော့ ကလေးဟာ မွေးစကတည်းက နားမကြားခြင်း ဖြစ်တတ်ပါတယ်။

တတိယ တစ်မျိုး (Type 3) ကတော့ အခုလို မျက်လုံးအရောင်ပြောင်းတတ်ပြီး နားမကြားခြင်း၊ ခြေလက် မသန်စွမ်းခြင်းတို့ ဖြစ်တတ်ပါတယ်။ စတုထ္ထ (Type 4) မှာတော့ အူလမ်းကြောင်းလှုပ်ရှားမှုနှေးကွေးပြီး ဝမ်းချုပ်တတ်သလို နားမကြားခြင်း နှင့် အခြား ပြဿနာရပ်များလည်း ပါလာတတ်ပါတယ်။

မျက်လုံးအပြာတိုင်းက ရောဂါ မဟုတ်ပါဘူး။ အနောက်တိုင်းမှာ သူတို့ ဗီဇကြောင့် ပြာတတ်ကြပါတယ်။ ကျနော်တို့ အရှေ့တိုင်း ဗီဇကတော့ မျက်လုံးအညိုရောင် သန်းကြပါတယ်။

လူရယ်လို့ ဖြစ်လာခဲ့ကြလျှင် မတူညီတဲ့ မျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင်ရဲ့ ပြောင်းလဲ လှုံ့ဆော်မှုတွေကြောင့် လူတစ်ဦးနှင့်တစ်ဦး အပြောအဆို၊ အနေအထိုင်၊ ဘာသာ၊ ယဉ်ကျေးမှုတွေ ကွဲပြားပြီး ဖြစ်တည်လာကြပါတယ်။ မျိုးရိုးဗီဇရောဂါများကြောင့် အချို့သူများဟာ ပတ်ဝန်းကျင်က လူတွေနဲ့ မတူညီပဲ ကွဲထွက်နေတတ်ကြပါတယ်။

မတူညီတဲ့ လူသားချင်း တူညီမှုတွေ ရှေ့ရှု ဝေမျှရင်း ငြိမ်းချမ်းစွာနေထိုင်သွားမှသာ ကျနော်တို့ ကမ္ဘာကြီး ထာဝရ လှပနေမှာပဲ ဖြစ်ပါတယ်။ ပညာဖြင့် အရာရာကို ဝေဖန်ပိုင်းခြား သိမြင်နိုင်ရန် ဆုတောင်းပေးရင်း..

အနာဂတ်ပညာရေးအတွက်.. သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ), Photo; Naing Lin Tun



Post Views:
4

Crd