မျက်လုံးကွယ်သူတွေနဲ့ အမြင်မှုန်ဝါးနေသူတွေရဲ့မျက်လုံးအိမ်ကို လျှာနဲ့လျက်ကာ မျက်စိဝေဒနာတွေကိုကုသပေးနေတဲ့ မှော်ဆရာမကြီးတစ်ယောက်

မျက်လုံးကွယ်သူတွေနဲ့ အမြင်မှုန်ဝါးနေသူတွေရဲ့မျက်လုံးအိမ်ကို လျှာနဲ့လျက်ကာ မျက်စိဝေဒနာတွေကိုကုသပေးနေတဲ့ မှော်ဆရာမကြီးတစ်ယောက်


မျက်လုံးကွယ်သူတွေနဲ့ မျက်လုံးအမြင် မှုန်ဝါးနေသူတွေရဲ့ မျက်လုံးအိမ်ကို လျှာနဲ့လျက်ကာ မျက်စိဝေဒနာတွေကို ကုသပေးနေတဲ့

မှော်ဆရာမကြီးတစ်ယောက်ရဲ့ ဗွီဒီယိုဖိုင်ဟာ အင်တာနက် လူမှုကွန်ယက်ပေါ်မှာ စိတ်ဝင်စားဖွယ်ရာ ဖြစ်ခဲ့ပါတယ်။

သူမဆီကို လာရောက်ပြသကြသူတွေလည်း နေ့စဉ် များပြားနေတယ်လို့ ဆိုပါတယ်။

အဖွားကြီးဟာ အသက် ၈၀ ကျော်ဖြစ်ပြီး၊ သူမဆီကို လာရောက်ဆေးကုသခံယူသူတွေဟာတော့ မျက်လုံးထဲမှာ အမှုန်ကဲ့သို့သော

တစ်စုံတရာဝင်ခဲ့ပြီး နာကျင်တဲ့ဝေဒနာခံစားနေရသူတွေကို လျှာနဲ့လျှက်ကာ အမှုန်တွေ ကုန်စင်အောင် ဖယ်ရှားပေးနိုင်တယ်လို့ သိရပါတယ်။

သတ္ထုအစ၊ မှန်စ၊ လွှစာမှုန့်ကဲ့သို့သော အမှုန်များကို ဖယ်ရှားပေးနိုင်သူဖြစ်ပြီး၊ လူနာကို ကုသခြင်းမပြုခင်မှာ

ပါးစပ်ကို အရက်နဲ့ပိုးသတ်ပြီး၊ သန့်စင်အောင် ပဝါနဲ့သုတ်ပြီးမှ ကုသမှုကို ပြုလုပ်ပါတယ်။

အဖွားဟာ မျက်လုံးကွယ်ခြင်းကိုပါ ကုသနိုင်သည်ဟု သိရပြီး၊ ဒေသခံတွေကလည်း ယုံယုံကြည်ကြည်နဲ့ လာရောက်ပြသကြတယ်လို့ ဆိုပါတယ်။

သူမရဲ့ စွမ်းအားတွေဟာ အံ့မခန်း ကောင်းမွန်နေလို့ သူမသေတဲ့အခါမှာတောင် လျှာကိုဖြတ်ပြီးနာကျင်ခြင်းတွေအတွက်

ကုသမှုဆက်လက်လုပ်ဆောင်ပါက ရောဂါတွေ ပျောက်ကင်းနေဦးမယ်လို့ ဆိုပါတယ်။ ဒီဗွီဒီယိုဟာ ဥရောပတောင်ပိုင်း

Balkan ကျွန်းဆွယ်ပေါ်မှာ တည်ရှိတဲ့ Bosnia and Herzegovina ဆိုတဲ့ နိုင်ငံက ကျေးလက်တစ်ခုမှာ ရိုက်ကူးခဲ့တာလို့ သိရပါတယ်။

အဖွားအိုရဲ့အမည်မှာ Nana Hava လို့ သိရပါတယ်။ ဒီပညာရပ်ကိုလည်း သူမနဲ့ အမည်တူ အမျိုးသသမီးတစ်ယောက်ဖြစ်တဲ့ Hava လို့အမည်ရတဲ့သူဆီကနေ သင်ယူခဲ့တာလို့ သူမက ဆိုပါတယ်။

သူမရဲ့သတင်းဟာ ဥရောပတစ်ခွင်ကို ပျံ့နှံ့ခဲ့ပြီး အမေရိကန် ရုရှတို့ကဲ့သို့သော နိုင်ငံကြီးသားတွေပင် လာရောက်ကုသကြပါတယ်။

လက်ရှိအချိန်ထိ လူနာ ၅ ထောင်ကျော်ကို ပျောက်ကင်းအောင် ကုသနိုင်ခဲ့သူဖြစ်ကြောင်း ဒေသခံတွေက ထောက်ခံကြပါတယ်။

အဖွား Hava ဟာ ဒီကုသမှုတွေကြောင့် ဝင်ငွေများစွာ ရှာနိုင်ခဲ့သူ ဖြစ်ပါတယ်။ သူမက ” ကုသမှုအတွက် ငွေဘယ်ရွေ့ဘယ်မျှပေးရမယ်လို့ ကျွန်မက မသတ်မှတ်ထားပါဘူး ..

တစ်ခါတလေ အလုပ်အကိုင်မရှိသူတွေ ဆင်းရဲသူတွေလည်း လာကုကြတာကိုး .. ဒါပေမယ့် တက်နိုင်သူတွေအတွက်တော့ ၁၀ ယူရိုလောက် ကုန်ပါတယ် “လို့ ပြောခဲ့ပါတယ်။

Credit

Unicode

















Credit

Crd