မ်က္လုံးထဲမွာ မ်က္ကပ္မွန္တပ္ၿပီး ျပန္ျဖဳတ္ဖို႔ေမ့ေနခဲ့ေသာ အဖြားအိုတစ္ဦးရဲ႕အျဖစ္

မ်က္လုံးထဲမွာ မ်က္ကပ္မွန္တပ္ၿပီး ျပန္ျဖဳတ္ဖို႔ေမ့ေနခဲ့ေသာ အဖြားအိုတစ္ဦးရဲ႕အျဖစ္

Unicode

မျက်လုံးထဲမှာ မျက်ကပ်မှန်တပ်ပြီး ပြန်ဖြုတ်ဖို့မေ့နေခဲ့သော အဖွားအိုတစ်ဦးရဲ့အဖြစ်

အချို့သော လူကြီးများသည် ခေတ်နဲ့အညီ နေထိုင်မှုပုံစံလိုက်ပြောင်းပြီးနေကြရာ တစ်ခါတစ်လေ ခက်ခဲမှုတွေနဲ့ ကြုံကြရသည်။

သို့ဖြစ်၍ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ နေထိုင်သော အသက်၆၇နှစ်အရွယ် အဖွားအိုတစ်ဦးသည် သားသမီးတွေရဲ့ အကြံပြုချက်အရ အမြင်အာရုံဝေဝါးခြင်းကနေ သက်သာအောင် မျက်ကပ်မှန်တပ်ခဲ့သည်။

အဖွားအိုသည် မျက်ကပ်မှန်ကို တစ်ခါတပ်ပြီးတိုင်း ပြန်ဖြုတ်ဖို့မေ့နေတတ်ပြီး ထပ်တလဲလဲ အသစ်ထပ်ကပ်ခဲ့ရာမှ မျက်လုံးနှစ်ဖက်စလုံးမှာ ကောင်းစွာမမြင်နိုင်တော့ပဲဖြစ်ခဲ့သည်။

ထိုအချိန်မှ အဖွားအိုသည် မျက်စိအထူးကုဆေးခန်းသို့ သွားပြခဲ့ရာ အံ့အားသင့်စွာဖြင့် မျက်လုံးနှစ်ဖက်ထဲမှာ မျက်ကပ်မှန် ၂၃ထိကို ကျန်ရှိနေတာကိုတွေ့ရှိခဲ့ပြီး ဖယ်ရှားမှုတွေပြုလုပ်ခဲ့ရသည်။

Rain (For Ialinks)

crd

Zawgyi

မ်က္လုံးထဲမွာ မ်က္ကပ္မွန္တပ္ၿပီး ျပန္ျဖဳတ္ဖို႔ေမ့ေနခဲ့ေသာ အဖြားအိုတစ္ဦးရဲ႕အျဖစ္

အခ်ိဳ႕ေသာ လူႀကီးမ်ားသည္ ေခတ္နဲ႔အညီ ေနထိုင္မႈပုံစံလိုက္ေျပာင္းၿပီးေနၾကရာ တစ္ခါတစ္ေလ ခက္ခဲမႈေတြနဲ႔ ႀကဳံၾကရသည္။

သို႔ျဖစ္၍ အေမရိကန္ႏိုင္ငံ ကယ္လီဖိုးနီးယားျပည္နယ္မွာ ေနထိုင္ေသာ အသက္၆၇ႏွစ္အ႐ြယ္ အဖြားအိုတစ္ဦးသည္ သားသမီးေတြရဲ႕ အႀကံျပဳခ်က္အရ အျမင္အာ႐ုံေဝဝါးျခင္းကေန သက္သာေအာင္ မ်က္ကပ္မွန္တပ္ခဲ့သည္။

အဖြားအိုသည္ မ်က္ကပ္မွန္ကို တစ္ခါတပ္ၿပီးတိုင္း ျပန္ျဖဳတ္ဖို႔ေမ့ေနတတ္ၿပီး ထပ္တလဲလဲ အသစ္ထပ္ကပ္ခဲ့ရာမွ မ်က္လုံးႏွစ္ဖက္စလုံးမွာ ေကာင္းစြာမျမင္ႏိုင္ေတာ့ပဲျဖစ္ခဲ့သည္။

ထိုအခ်ိန္မွ အဖြားအိုသည္ မ်က္စိအထူးကုေဆးခန္းသို႔ သြားျပခဲ့ရာ အံ့အားသင့္စြာျဖင့္ မ်က္လုံးႏွစ္ဖက္ထဲမွာ မ်က္ကပ္မွန္ ၂၃ထိကို က်န္ရွိေနတာကိုေတြ႕ရွိခဲ့ၿပီး ဖယ္ရွားမႈေတြျပဳလုပ္ခဲ့ရသည္။

Rain (For Ialinks)

crd

Crd