တရုတ်နိုင်ငံက မြန်မာအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံး ၃ သိန်း ကူညီပံ့ပိုးမည်
မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ် တိုက်ဖျက်ရေးလုပ်ငန်းတွေ အတွက် တရုတ်နိုင်ငံက ယွမ်ငွေ ၃ သန်းတန်ဖိုးရှိ ဆေးပစ္စည်းတွေကူညီပေးဖို့နဲ့ မြန်မာပြည်သူတွေအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံး ၃ သိန်း ကူညီပံ့ပိုးသွားဖို့ ရှိနေတယ်လို့ သမ္မတရုံးက သတင်းထုတ်ပါတယ်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ တရုတ်နိုင်ငံတော်ကောင်စီဝင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ဒီကနေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမမှာ တွေ့ဆုံစဉ် မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ကာကွယ်ရေး ကူညီပေးဖို့ ဆွေးနွေးခဲ့တာလို့ဆိုပါတယ်။

တွေ့ဆုံစဉ်မှာ နှစ်နိုင်ငံ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့်သွားရေး၊ နှစ်နိုင်ငံအကြား အေးအတူပူအမျှ အသိုက်အဝန်း ထူထောင်သွားရေးအတွက် နှစ်နိုင်ငံ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံ ယဉ်ကျေးမှုခရီးသွားနှစ် အကောင် အထည်ဖော်ရေးဆိုင်ရာကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိဟာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင်ဧည့်ခန်းမမှာ သီးခြားတွေ့ဆုံခဲ့တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။
တွေ့ဆုံစဉ် မြန်မာ-တရုတ် “အေးအတူပူအမျှအသိုက်အဝန်း” ထူထောင်နိုင်ရေး အတွက် လုပ်ငန်းစီမံချက်ကို နိုင်ငံတော်အဆင့် ခရီးစဉ်တွေ စီစဉ်တဲ့အခါ လက်မှတ်ရေး ထိုးသွားနိုင်ရေး၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံစီမံကိန်းတွေနဲ့ နှစ်နိုင်ငံ လမ်းပန်း ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အဦ စီမံကိန်းတွေအပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းတွေကို အရှိန်အဟုန်မပြတ် ဆက်လက်အကောင် အထည်ဖော်နိုင်ရေးကိစ္စတွေဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မြန်မာ ပြည်သူတွေအတွက် တရုတ်နိုင်ငံက ထောက်ပံ့သွားရေး၊ မြန်မာ-တရုတ်ယဉ်ကျေးမှု ခရီးသွားလာရေးနှစ် အခမ်းအနားတွေ ၂၀၂၁ ခုနှစ်တွင် ဆက်လက် ကျင်းပနိုင်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်အေးချမ်းရေး အတွက် ပူးပေါင်းဆောင်ရွက် သွားရေး၊ ဒေသတွင်းနဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ မျက်နှာစာမှာ နှစ်နိုင်ငံအကြား ပိုမိုနီးကပ်စွာ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရေး ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

တွေ့ဆုံပွဲမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လာမယ့် အစိုးရသက်တမ်းမှာ ငြိမ်းချမ်း ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ကို ဆက်လက်အလေးပေး ဆောင်ရွက်သွားမယ့်အကြောင်း တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ဆက်လက် အပြုသဘောကူညီပံ့ပိုးပေးဖို့ ဆွေးနွေး ပြောကြားခဲ့ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကလည်း တရုတ်နိုင်ငံ အကြီး အကဲတွေက မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း သတင်းစကားပါးခဲ့တယ်လို့ ပြောပါတယ်။
အခုရီးစဉ်အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စီးပွားရေးနဲ့ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချုပ်၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စီးပွားရေး နှင့်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရန် ၅ နှစ် ဖွံ့ဖြိုးမှုအစီအစဉ်၊ မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ ကျေးလက်လမ်း တံတား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ဖြစ်နိုင်ခြေလေ့လာမှုဆိုင်ရာ အစည်းအဝေး မှတ်တမ်းလွှာ၊ ကချင်ပြည်နယ် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး အတွက် ငွေကြေးအထောက်အပံ့ ပေးအပ်ရေးစာလွှာနဲ့ တရုတ်အတိုးမဲ့ ချေးငွေနဲ့ ဝယ်ယူသတဲ့ လူစီးရထားတွဲများဆိုင်ရာ စာလွှာတွေကို လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ မြန်မာ၊ အင်ဒိုနီးရှား ၊ ဖိလစ်ပိုင်နဲ့ ဘရူနိုင်း အာဆီယံ ဒေသတွင်း ၄ နိုင်ငံကို ခရီးလှည့်နေတာဖြစ်ပါတယ်။
ဓာတ်ပုံ- သမ္မတရုံး
DVB မှတဆင့်မျှဝေဖော်ပြပါသည်။
မူရင်းတင်ဆက်သူအားလေးစားစွာခရက်ဒစ်ပေးပါသည်။
zawgyi
တရုတ်နိုင်ငံက မြန်မာအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံး ၃ သိန်း ကူညီပံ့ပိုးမည်
မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ် တိုက်ဖျက်ရေးလုပ်ငန်းတွေ အတွက် တရုတ်နိုင်ငံက ယွမ်ငွေ ၃ သန်းတန်ဖိုးရှိ ဆေးပစ္စည်းတွေကူညီပေးဖို့နဲ့ မြန်မာပြည်သူတွေအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံး ၃ သိန်း ကူညီပံ့ပိုးသွားဖို့ ရှိနေတယ်လို့ သမ္မတရုံးက သတင်းထုတ်ပါတယ်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ တရုတ်နိုင်ငံတော်ကောင်စီဝင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ဒီကနေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမမှာ တွေ့ဆုံစဉ် မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ကာကွယ်ရေး ကူညီပေးဖို့ ဆွေးနွေးခဲ့တာလို့ဆိုပါတယ်။
တွေ့ဆုံစဉ်မှာ နှစ်နိုင်ငံ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့်သွားရေး၊ နှစ်နိုင်ငံအကြား အေးအတူပူအမျှ အသိုက်အဝန်း ထူထောင်သွားရေးအတွက် နှစ်နိုင်ငံ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံ ယဉ်ကျေးမှုခရီးသွားနှစ် အကောင် အထည်ဖော်ရေးဆိုင်ရာကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိဟာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင်ဧည့်ခန်းမမှာ သီးခြားတွေ့ဆုံခဲ့တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။
တွေ့ဆုံစဉ် မြန်မာ-တရုတ် “အေးအတူပူအမျှအသိုက်အဝန်း” ထူထောင်နိုင်ရေး အတွက် လုပ်ငန်းစီမံချက်ကို နိုင်ငံတော်အဆင့် ခရီးစဉ်တွေ စီစဉ်တဲ့အခါ လက်မှတ်ရေး ထိုးသွားနိုင်ရေး၊ မြန်မာ-တရုတ် စီးပွားရေးစြင်္ကံစီမံကိန်းတွေနဲ့ နှစ်နိုင်ငံ လမ်းပန်း ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အဦ စီမံကိန်းတွေအပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းတွေကို အရှိန်အဟုန်မပြတ် ဆက်လက်အကောင် အထည်ဖော်နိုင်ရေးကိစ္စတွေဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။