မီးလင်းရွှေ တစ်ကျပ်သား ရည်ညွှန်းဈေး (၅) သိန်းကျ၊ ရွှေစျေး သိန်း (၂၀) အောက်သို့ ပြန်ဆင်း

မီးလင်းရွှေ တစ်ကျပ်သား ရည်ညွှန်းဈေး (၅) သိန်းကျ၊ ရွှေစျေး သိန်း (၂၀) အောက်သို့ ပြန်ဆင်း













ယနေ့ (အောက်တိုဘာ ၂၂ ရက်) တွင် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးသည် အကယ်ဒမီ မီးလင်းရွှေတစ်ကျပ်သားလျှင် သိန်း ၂၀ အောက်သို့ ပြန်လည်ကျဆင်းလာကြောင်း ထုတ်ပြန်ထားသည့် ဈေးနှုန်းအရ သိရသည်။

မနေ့က ရွှေတစ်ကျပ်သားကို ၅ သိန်း ခုန်တက်သွားခဲ့တဲ့ ရန်ကုန်ရွှေလုပ်ငန်းရှင်အသင်းရဲ့ ရည်ညွှန်းရွှေဈေးနှုန်းဟာ ဒီနေ့ အောက်တိုဘာလ ၂၂ မှာတော့ ကျပ် (၅) သိန်း ပြန်ကျသွားပြီး တစ်ကျပ်သားကို ၁၉ သိန်းကျော်နဲ့ ရည်ညွှန်းဈေး သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

မနေ့က အောက်တိုဘာလ ၂၁ ရက်မှာ ရန်ကုန်ရွှေအသင်းက ထုတ်ပြန်နေတဲ့ ရည်ညွှန်းရွှေဈေးနှုန်းဟာ ရွှေတစ်ကျပ်သားကို ကျပ် ၅ သိန်းကျော် ခုန်တက်ခဲ့ပြီး ပြင်ပဈေးကွက်ပေါက်ဈေးနဲ့ ပိုပြီး နီးကပ်လာတဲ့ ရည်ညွှန်းဈေးဖြစ်လာခဲ့ပါတယ်။

ရန်ကုန်ရွှေလုပ်ငန်းရှင်အသင်းရဲ့ ပုံမှန်ထုတ်ပြန်နေကြ ရည်ညွှန်းဈေးနှုန်းတွေဟာ ပြင်ပဈေးကွက်နဲ့ ကွာဟနေရာကနေ မနေ့က အောက်တိုဘာလ ၂၁ ရက်မှာမှ ကျပ် (၅) သိန်း ခုန်တက်သွားပြီး မီးလင်းရွှေ တစ်ကျပ်သားကို ၂၄ သိန်း ၇ သောင်းကျော်နဲ့ ရည်ညွှန်းဈေး ထုတ်ပြန်ခဲ့တာပါ။

ဒီနေ့အောက်တိုဘာလ ၂၂ ရက်မှာတော့ ရွှေတစ်ကျပ်သား ၁,၉၅၂,၀၀၀ ဖြစ်ပြီး အရင်လိုပဲ ပြင်ပဈေးကွက်နဲ့ ကွာဟတဲ့ဈေးနှုန်းကို ထုတ်ပြန်ခဲ့တာပါ။

ဒီလို ဈေးအပြောင်းအလဲတွေ ဖြစ်နေတာဟာ ရန်ကုန်ရွှေအသင်းရဲ့ မူဝါဒ မတည်ငြိမ်တာနဲ့ အသင်းက သတ်မှတ်တဲ့ဈေးနှုန်းအပေါ်မူတည်ပြီး ဘယ်သူမှ အရောင်းအဝယ်မလုပ်ကြဘူးဆိုတာကို ပြနေတယ်လို့ ဈေးကွက်လေ့လာသူတွေက ဆိုပါတယ်။ လက်ရှိမှာ ပြင်ပဈေးကွက်အတွင်း ရွှေတစ်ကျပ်သားကို ကျပ် ၂၅ သိန်းကျော်အထိ ရှိနေတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။

ကမ္ဘာလုံးဆိုင်ရာငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ (FATF) က မြန်မာနိုင်ငံကို အမည်ပျက်စာရင်းသွင်းလိုက်ခြင်းကြောင့် လက်ရှိဈေးကွက်ထဲတွင် ရွှေဈေးနှင့် ဒေါ်လာဈေး မြင့်တက်ဖွယ်ရှိသော်လည်း ရည်ညွှန်းဈေးနှုန်းမှာ ကျဆင်းသွားခြင်းဖြစ်သည်။



Post Views:
4








Crd