မီးတောင်ရှင်ကရတဲ့ အပူကိုသုံးပြီးချက်ပြုတ်တဲ့ el diabloစားသောက်ဆိုင်

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■မီးတောင်ရှင်ကရတဲ့ အပူကိုသုံးပြီးချက်ပြုတ်တဲ့ el diabloစားသောက်ဆိုင်

ယနေ့ခေတ်မှာ အကင်အိုးပေါ်မှာ အသားတွေ ငါးတွေကိုချက်ပြုတ်တာဟာ အံ့သြစရာ မရှိပေမယ့် ပင်လယ်စာပေါများတဲ့ စပိန်မှာတော့ အဓိကမြို့ကြီးတွေမှာ မီးဖိုနဲ့ အထူးတလှယ်ချက်ပြုတ်တာ တွေ့ရတတ်ပါတယ်။

ဒါပေမယ့်လည်း ဒီနေရာဟာ ပရိသတ်ကြီးကို အံ့သြသွားစေမယ်ဆိုတာကို ယုံကြည်ပေးပါ။ ကနေရီကျွန်းတွေမှာရှိတဲ့ အယ်လ်ဒီယာဘလို စားသောက်ဆိုင်ဟာ သူ့ရဲ့ချက်ပြုတ်နည်းကြောင့်နာမည်ကြီးပါတယ်။ သာမန် အကင်ဖိုတွေမီးဖိုတွေသုံးမယ့်အစား တကယ့်မီးတောင်ရှင်ကရတဲ့ အပူကိုသုံးပြီးချက်ပြုတ်ပါတယ်။

ဒီမီးတောင်ဟာ ၁၈၂၄ ခုနှစ်ကတည်းက မပေါက်ကွဲတော့တာကြောင့် မီးတောင်သေလို့ ယူဆထားတာပါ။ ဒါကလည်း စားဖိုမှူးတွေ ဧည့်သည်တွေအတွက် လုံခြုံတယ်လို့ အာမမခံထားပေမယ့်လည်း လူအများစုကတော့ ပုံမှန်ချက်ပြုတ်ထားတာမဟုတ်တဲ့ အကင်ကိုစားဖို့အတွက် စွန့်စားလာကြပါတယ်။

မီးတောင်ဝက အပူချိန်ဟာ အလွန်ပြင်းတာကြောင့် အသားတုံးအကြီးကြီးတွေဆိုရင်တောင် ခဏနဲ့ကျက်ပါတယ်။ ပင်လယ်စာနဲ့ ငါးတွေဆိုထည့်ပြောစရာတောင်မလိုပါဘူး။အပူချိန်ဟာ ၄၅၀ ဒီဂရီလောက်ရှိတာပါ။
Ref:youtube
Trans:thegeektext

zawgyi






Ref:youtube
Trans:thegeektext