TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■မီနူးအားလုံးဟာ အိမ်သာခွက်ထဲမှာထည့်ထားတဲ့ Modern Toilet Restaurant

သင်သာအသက်၁၂နှစ်နဲ့အထက်ဖြစ်မယ်ဆိုရင်တော့ ထိုင်ဝမ်မှာရှိတဲ့ Modern Toilet Restaurant ကိုသွားကြည့်သင့်ပါတယ်။အဲဒီဆိုင်မှာရဲ့မီနူးအားလုံးဟာ အိမ်သာထဲမှာထည့်ထားတာချည်းပါပဲ။

သင့်ရဲ့ခွက်ကလဲ အိမ်သာပုံစံပါပဲ။ပန်းကန်တွေဟာလဲ အိမ်သာပုံစံပါပဲ။အချို့အစားအသောက်တွေဆိုရင် အိမ်သာထဲကအရာတွေနဲ့ တူအောင်တောင် ဖန်တီးထားပါသေးတယ်။

အများစုကတော့ အမေရိကန်သုံးကမုတ်အိမ်သာပုံစံတွေဖြစ်ပြီး အခြားအာရှသုံး အိမ်သာပုံစံတွေနဲ့လဲ တွေ့ရပါတယ် ။ဘာပဲဖြစ်ဖြစ် ဒီဆိုင်မှာစားမယ်ဆိုရင်တော့ အိမ်သာထဲမှာစားနေသလို ခံစားရစေမျာ အသေအချာပါပဲ ။

ဒီဆိုင်ရဲ့ ပိုင်ရှင်က ဒီလိုမျိုး အိမ်သာစားသောက်ဆိုင်ကိုဖွင့်ဖို့ အိမ်မက်မက်ခဲ့သူဖြစ်ပါတယ်တဲ့။သူဟာဒီအကြံကို Dr Slump ဆိုတဲ့ကာတွန်းကိုဖတ်ရင်း အကြံရတာလာပါ။အဲဒီလိုနဲ့ တကယ့်အိမ်သာထဲမှာ စားသောက်နေရသလို ဖြစ်အောင်ဖန်တီးခဲ့တာပဲဖြစ်ပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext