မိုးရွာလို့အိမ်ပြန်ဖို့ဇနီးသည်အားကားနဲ့လာကြိုခိုင်းခဲ့ရာ ချက်ချင်းမရောက်လာပဲ နောက်ကျလို့ဆိုပြီး ဝမ်းနည်းကာကလေးတစ်ယောက်လို အော်ငိုခဲ့သောအမျိုးသား

News Social News

အမျိုးသားအများစုသည် တော်ရုံစိတ်ညစ်စရာကိစ္စတွေနဲ့ ရင်ဆိုင်ရချိန်မှာ မျက်ရည်ကျဖို့ခဲယဉ်းသော်လည်း တစ်ခါတစ်လေ စိတ်ခံစားချက်အရ ဝမ်းနည်းငိုကြွေးကြသည့်အခါ ကလေးဆန်လွန်းပြန်သည်။

သို့ဖြစ်၍ တရုတ်နိုင်ငံ ရှန်တုံပြည်နယ်ရှိ ဘတ်စ်ကားမှတ်တိုင်တစ်ခုတွင် မိုးပြင်းထန်စွာရွာနေသော်လည်း မှတ်တိုင်နားလေးမှာ တစ်စုံတစ်ယောက်ကို ငုတ်တုတ်လေးထိုင်စောင့်မျှော်နေသောအမျိုးသားတစ်ဦးရဲ့ ပုံရိပ်သည် လူမှုကွန်ယက်တွင် ပျံ့နှံ့လျက်ရှိသည်။

အမျိုးသားသည် ကုန်တိုက်တစ်ခုမှာ သူငယ်ချင်းဖြစ်သူကစားသောက်ဆိုင်တစ်ခုမှာတွေ့ဖို့ချိန်းထား၍ သွားခဲ့ရာ အပြန်တွင်မိုးကသည်းထည်စွာအဆက်မပြတ်ရွာနေတာကြောင့် အမျိုးသားလည်း အိမ်ကဇနီးဖြစ်သူကို လာကြိုဖို့ပြောခဲ့သည်။

သို့ပေမယ့် ဇနီးဖြစ်သူသည် ဖုန်းဆက်သော်လည်းမကိုင်ပဲ အိပ်ပျော်သွားတာကြောင့် အမျိုးသားခမျာ မိုးရေထဲတစ်နာရီကျော်လောက် ထိုင်စောင့်ခဲ့ရကာ ဇနီးဖြစ်သူရောက်လာချိန်မှာတော့ အရမ်းကြာနေလို့ဆိုပြီး စိတ်မထိန်းနိုင်တော့ပဲ ဝမ်းနည်းစွာ အော်ငိုခဲ့သည်။

Rain (For Ialinks)

Unicode






Rain (For Ialinks)

 

Crd