■မိုးကြိုး၇ကြိမ်အပစ်ခံရသော်လည်း အသက်မဆုံးရှုံးခဲ့သူ

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■မိုးကြိုး၇ကြိမ်အပစ်ခံရသော်လည်း အသက်မဆုံးရှုံးခဲ့သူ

ရွိုင်ဆူလီဗန်ကတော့ ပန်းခြံစောင့်တစ်ယောက်ဖြစ်ပြီး သူ့ဘဝတစ်လျှောက်လုံးမှာ မိုးကြိုး ၇ ခါ အပစ်ခံခဲ့ရပါတယ်။ အခေါက်တိုင်းဆီမှာ အသက်ရှင်ခဲ့တာပါ။၁၉၄၂ ခုနှစ်မှာ ပထမဦးဆုံးမိုးကြိုးပစ်ခံခဲ့ရပြီး သူ့ရဲ့ ခြေသည်းခွံလန်သွားခဲ့ပါတယ်။ ၁၉၆၉ ခုနှစ်မှာ ဒုတိယအကြိမ် အပစ်ခံခဲ့ရပြီး မျက်ခုံးလောင်သွားကာ သတိမေ့ခဲ့ပါတယ်။

၁၉၇၀ ခုနှစ်မှာ တတိယအကြိမ် မိုးကြိုးပစ်ခံခဲ့ရပြီး ပခုံးလောင်ခဲ့ပါတယ်။ ၂ နှစ်ကြာပြီးနောက် နောက်ထပ်တစ်ခေါက် မိုးကြိုးထပ်ပစ်ခံခဲ့ပြီး ဆံပင်မီးလောင်ခဲ့တာပါ။ မီးငြိမ်းဖို့အတွက်တောင် သူက ခေါင်းပေါ်ကိုရေလောင်းချခဲ့ရပါတယ်။

နောက်နှစ်မှာတော့ နောက်ထပ်မိုးကြိုးတစ်ခုက ဦးထုပ်ကို ပစ်သွားပြီး ခေါင်းထိခဲ့ပါတယ်။ ဒီ့နောက်ကားပေါ်ကနေဆင်းခဲ့ရပြီး ဘယ်ဘက်ဖိနပ်တောင်ကျွတ်ခဲ့တာပါ။ ၁၉၇၆ ခုနှစ်မှာတော့ ၆ ခေါက်မြောက်မိုးကြိုးအပစ်ခံရပြီး ခြေချင်းဝတ်ဒဏ်ရာရခဲ့ပါတယ်။ နောက်ဆုံးတခေါက်ကတော့ ၁၉၇၇ ခုနှစ်မှာဖြစ်ပျက်ခဲ့ပြီး ရင်ဘတ်နှင့်ဗိုက်မီးလောင်ကာ ဆေးရုံရောက်ခဲ့ပါတယ်။

လူအများစုကတော့ မိုးကြိုးတစ်ခါထိရုံနှင့်အသက်ဆုံးသွားကြပြီး ဒီလူကတော့ ၇ ခါတောင်မိုးကြိုးပစ်ခံရပြီးအသက်ရှင်ခဲ့တာပါ။ ဒါကတော့ပရိသတ်ကြီးကြားဖူးသမျှထဲမှာ ကောင်းတဲ့ အသက်ဘေးမှလွတ်မြောက်ခြင်းပုံပြင်တစ်ခုဖြစ်မှာပါ။
Ref:youtube
Trans:thegeektext

zawgyi

TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။

■မိုးႀကိဳး၇ႀကိမ္အပစ္ခံရေသာ္လည္း အသက္မဆုံးရႈံးခဲ့သူ

ရြိဳင္ဆူလီဗန္ကေတာ့ ပန္းၿခံေစာင့္တစ္ေယာက္ျဖစ္ၿပီး သူ႔ဘဝတစ္ေလၽွာက္လုံးမွာ မိုးႀကိဳး ၇ ခါ အပစ္ခံခဲ့ရပါတယ္။ အေခါက္တိုင္းဆီမွာ အသက္ရွင္ခဲ့တာပါ။၁၉၄၂ ခုႏွစ္မွာ ပထမဦးဆုံးမိုးႀကိဳးပစ္ခံခဲ့ရၿပီး သူ႔ရဲ့ ေျခသည္းခြံလန္သြားခဲ့ပါတယ္။ ၁၉၆၉ ခုႏွစ္မွာ ဒုတိယအႀကိမ္ အပစ္ခံခဲ့ရၿပီး မ်က္ခုံးေလာင္သြားကာ သတိေမ့ခဲ့ပါတယ္။

၁၉၇၀ ခုႏွစ္မွာ တတိယအႀကိမ္ မိုးႀကိဳးပစ္ခံခဲ့ရၿပီး ပခုံးေလာင္ခဲ့ပါတယ္။ ၂ ႏွစ္ၾကာၿပီးေနာက္ ေနာက္ထပ္တစ္ေခါက္ မိုးႀကိဳးထပ္ပစ္ခံခဲ့ၿပီး ဆံပင္မီးေလာင္ခဲ့တာပါ။ မီးၿငိမ္းဖို႔အတြက္ေတာင္ သူက ေခါင္းေပၚကိုေရေလာင္းခ်ခဲ့ရပါတယ္။

ေနာက္ႏွစ္မွာေတာ့ ေနာက္ထပ္မိုးႀကိဳးတစ္ခုက ဦးထုပ္ကို ပစ္သြားၿပီး ေခါင္းထိခဲ့ပါတယ္။ ဒီ့ေနာက္ကားေပၚကေနဆင္းခဲ့ရၿပီး ဘယ္ဘက္ဖိနပ္ေတာင္ကၽြတ္ခဲ့တာပါ။ ၁၉၇၆ ခုႏွစ္မွာေတာ့ ၆ ေခါက္ေျမာက္မိုးႀကိဳးအပစ္ခံရၿပီး ေျခခ်င္းဝတ္ဒဏ္ရာရခဲ့ပါတယ္။ ေနာက္ဆုံးတေခါက္ကေတာ့ ၁၉၇၇ ခုႏွစ္မွာျဖစ္ပ်က္ခဲ့ၿပီး ရင္ဘတ္ႏွင့္ဗိုက္မီးေလာင္ကာ ေဆး႐ုံေရာက္ခဲ့ပါတယ္။

လူအမ်ားစုကေတာ့ မိုးႀကိဳးတစ္ခါထိ႐ုံႏွင့္အသက္ဆုံးသြားၾကၿပီး ဒီလူကေတာ့ ၇ ခါေတာင္မိုးႀကိဳးပစ္ခံရၿပီးအသက္ရွင္ခဲ့တာပါ။ ဒါကေတာ့ပရိသတ္ႀကီးၾကားဖူးသမၽွထဲမွာ ေကာင္းတဲ့ အသက္ေဘးမွလြတ္ေျမာက္ျခင္းပုံျပင္တစ္ခုျဖစ္မွာပါ။
Ref:youtube
Trans:thegeektext