မိုက်ကယ်ဂျက်ဆင် လက်ထပ်ဖူးသလား – The Geek Text

မိုက်ကယ်ဂျက်ဆင် လက်ထပ်ဖူးသလား – The Geek Text

မိုက်ကယ်ဂျက်ဆင် လက်ထပ်ဖူးသလား

အံ့မခန်းကကွက်တွေနဲ့ သီချင်းကောင်းတွေ ဖန်တီးခဲ့သူ အဆိုတော်နဲ့ အကဘုရင်ကြီး မိုက်ကယ်ဂျက်ဆင် (Michael Jackson) ကို မှတ်မိကြဦးမယ်ထင်ပါတယ်။ အခုတင်ပြချင်တာကတော့ သူလက်ထပ်ခဲ့ဖူးတဲ့အကြောင်း ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ သူဟာ ရာဇဝင်အဆိုတော်ကြီး အဲလ်ဗစ် ပရက်စလေရဲ့သမီးဖြစ်သူနဲ့ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့အမည်က လီဆာ ပရက်စလေ ဖြစ်ပြီး လျှို့ဝှက်စွာ လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။ လက်ထပ်ခဲ့တဲ့နေရာကတော့ ဒိုမီနီကန်သမ္မတနိုင်ငံမှာဖြစ်ပြီး ၁၉၉၄ ခုနှစ်က ဖြစ်ပါတယ်။

၁၉၉၃ ခုနှစ်မှာ မိုက်ကယ်ဟာ ကလေးငယ်တစ်ဦးကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုမှုနဲ့ စွပ်စွဲခံရပါတယ်။ ဒါ့ကြောင့် လီဆာရဲ့အမေ ပရက်ဆီလာက သူမရဲ့သမီးကို မိုက်ကယ်နဲ့ လက်ထပ်မှာကို သဘောမတူပါဘူး။

ဒါပေမဲ့ ဒီအကြောင်းပြချက်တစ်ခုတည်းတော့ မဟုတ်ပါဘူး။ ပရက်ဆီလာက ဖွင့်ပြောခဲ့ရာမှာတော့

” ကျမ ပြောခဲ့ပြီးသားပါ။ ကျမလည်း သမီးလိုပဲ နာမည်ကျော်တစ်ယောက်နဲ့ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ ကျမက အဲလ်ဗစ်ရော၊ မိုက်ကယ်ရော သူတို့အကြောင်း သိခဲ့ပါတယ်။ မိုက်ကယ်က ကလေးတွေအပေါ် စွဲလန်းတာမျိုးရှိပြီး ပျော်ပျော်နေတတ်တဲ့သူမျိုးပါတဲ့။”

လီဆာ ပရက်စလေ

မိုက်ကယ့်အမြင်ကတော့ လီဆာဟာ သူ့ကို စိတ်ခွန်အားပေးနိုင်တဲ့ မိန်းကလေးမျိုးပါတဲ့။ သူ(မိုက်ကယ်) ဟာ စွပ်စွဲခံရတဲ့အတွက် စိတ်ဒါဏ်ရာ ရခဲ့ပါတယ်။ လီဆာဟာ မိုက်ကယ့်ကို တရားခွင်မှာ အကူအညီပေးတာ ဖေးမနှစ်သိမ့်တာတွေ လုပ်ပေးခဲ့ပါတယ်။ ဒါ့အပြင် မူးယစ်ဆေးဝါးနွံထဲကနေ ပြန်လည်ထူထောင်ပေးခဲ့ပါတယ်။

သူတို့ဟာ လက်ထပ်ပြီး (၂)နှစ်ကြာ အတူနေခဲ့ကြပါတယ်။ ၁၉၉၆ ခုနှစ်မှာတော့ လီဆာ ပရက်စလေဟာ ကွာရှင်းဖို့ လျှောက်လွှာတင်ခဲ့ပါတယ်။ တရားရုံးကိုပါ။ သူတို့ စေ့စပ်ညှိနှိုင်းလို့မရတဲ့ အချက်တွေ ရှိခဲ့ပါတယ်လို့ ဆိုပါတယ်။ အမှုဟာ စေ့စပ်ညှိနှိုင်းရင်း (၄) နှစ်လောက် ကြာခဲ့ပါတယ်။

ကွာရှင်းပြီးပေမဲ့ သူတို့နှစ်ယောက်ကြားမှာ မိတ်ဆွေဆက်ဆံရေးမျိုး ရှိခဲ့ပြီး မိုက်ကယ်သေဆုံးတဲ့ (၂၀၀၉) ခုနှစ်ထိပါပဲ။

တကယ်တော့ ပေါ့ပ်ဘုရင်ကြီးဟာ ဘဝတစ်လျှောက်လုံးလိုလို ဒါဏ်ရာဒါဏ်ချက်တွေ ခံစားခဲ့ရသူပါ။ အိပ်မက်ဆိုးတွေ၊ စိတ်ကျရောဂါ(စိတ်ဖိစီးမှု)တွေ ခံစားနေခဲ့ရပါတယ်။

ဒါတွေကလဲ မိုက်ကယ်ရဲ့ဖခင်ဖြစ်သူ ဂျိုးဇက်ကြောင့်လည်း ပါပါတယ်။ မိုက်ကယ်ဟာ ဖခင်ဖြစ်သူရဲ့ ရိုက်နှက်နှိပ်စက်ခံရမှုတွေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဂျိုးဇက်ဟာ မိုက်ကယ်ငယ်စဉ်က ခုံမှာ ခါးပတ်နဲ့ချည်နှောင်ပြီး ရိုက်နှက်တာမျိုးတွေ လုပ်ခဲ့ပါတယ်တဲ့။

ဂျိုးဇက်ကတော့ သူတစ်ခါမှ မရိုက်ဖူးပါဘူးလို့ ငြင်းပါတယ်။ ဒါပေမဲ့ သူ့ကို နှာခေါင်းကြီးလို့တော့ တစ်ခါတစ်လေ ခေါ်ဖူးတယ်လို့ ပြောပါတယ်။ ဒါကလည်း မိုက်ကယ့်ကို သိသာစေတဲ့ အချက်လည်း ဖြစ်နေပါတယ်။ ဒါကြောင့်ပဲ မိုက်ကယ်ဟာ အရေပြားခွဲစိတ်မှုတွေ လုပ်ခဲ့ပြီး အနာပျောက်ဆေးတွေ သောက်ခဲ့ရပါတယ်။

မိုက်ကယ်ဟာ သူ့ရဲ့ အရေပြားရောဂါကို ကာကွယ်ဖို့ မိတ်ကပ်တွေ အမြဲလိမ်းထားရလေ့ ရှိပါတယ်။ မိုက်ကယ်ရဲ့အကိုဖြစ်သူကတောင် မိုက်ကယ်ကို “ကော်ဖီရောင်လူသားနဲ့ အဖြူရောင် အရေးပြား”လို့ ဆိုခဲ့ပါတယ်။

မိုက်ကယ်ဟာ သူကိုယ်သူတော့ “ကျနော်ဟာ အမေရိကန်လူမည်းတစ်ယောက်ပါ။ ဒါကို ကျနော် ဂုဏ်ယူတယ်”လို့ ပြောခဲ့ပါတယ်။

မိုက်ကယ်ဂျက်ဆင်ရဲ့ နှာခေါင်းဟာ ပျက်ဆီးနေပြီလို့ ကောလဟာလတွေလည်း ထွက်ရှိခဲ့ပါသေးတယ်။ တစ်ချို့ကဆို နှာခေါင်းအတု တပ်ထားတယ်လို့တောင် ရေးသားတာမျိုး ရှိပါတယ်။ အမှန်တော့ အရေပြားခွဲစိတ်မှုကြောင့် ရောင်နေတဲ့နှာခေါင်းကို တိပ်နဲ့ကပ်ထားတာ ဖြစ်ပါတယ်။

တစ်ချို့ကလည်း မိုက်ကယ်ဂျက်ဆင်ဟာ အောက်ဆီဂျင်ပေါင်းအိုးထဲမှာ အိပ်စက်တယ်လို့ ပြောကြပါတယ်။

မိုက်ကယ်ဟာ ယေဟောဝါသက်သေခံအဖြစ် မွေးဖွားခဲ့ပြီးတော့ သူ့ရဲ့ ချာ့ကျောင်းကို “တရေလာ” (Thriller) သီချင်းမှာ ကြောက်စရာအနေနဲ့ ထည့်သွင်းရိုက်ကူးခဲ့ပါတယ်။

၁၉၈၄ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ အဲဒီသီချင်းထဲမှာ မိုက်ကယ်ဟာ ဇွန်ဘီတစ်ကောင်အဖြစ် ပြောင်းလဲသွားတာကို ထည့်ရိုက်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကြောင့် ချာ့ကျောင်းဟာ သူ့ကို အဆက်အသွယ်မလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ညှိနှိုင်းရင်း ပြေလည်မှု ရသွားပါတယ်။

မိုက်ကယ်ဂျက်ဆင်ရဲ့အကြောင်းကတော့ ‘ပြောမဆုံးပေါင် တောသုံးထောင်’လို့ ဆိုရမလိုပါပဲ။ ဒုတိယအကြိမ် လက်ထပ်ဖို့ ကြိုးစားခဲ့တာကတော့ အသက်အရွယ်ရနေပြီဖြစ်တဲ့ မင်းသမီးကြီး အဲလစ်ဇဘက်တေလာကို လက်ထပ်ခွင့်တောင်းခဲ့တာပါ။ ဒါပေမဲ့ ဖြစ်တော့မလာခဲ့ပါဘူးလို့ တင်ပြရင်း အဆုံးသတ်လိုက်ပါတယ်။

Knight News Team

Knight News © 2022

Crd



Post Views:
34

Crd