TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■မိသားစုတစ်ခု ကမ်းခြေမှာလမ်းလျှောက်ရင်း အမှတ်မထင်တွေ့ရှိခဲ့တဲ့ giant jelly blob

ဒီကြီးမားတဲ့ဂျယ်လီမွန်းစတားကတော့ စိတ်ကူးယဉ်သိပ္ပံဇာတ်ကားတွေထဲက ကြောက်မက်ဖွယ်သတ္တဝါနဲ့ တူပါတယ်။ တကယ့်ကို ကြီးမားပြီး ထူးခြားပါတယ်။ပြည်ကြီးငါးလိုပဲ ဒီထူးဆန်းတဲ့အနီရောင်ဂျယ်လီငါးကို နယူးဇီလန်ကကမ်းခြေမှာ တွေ့ရှိခဲ့တာပါ။ မိသားစုတစ်ခုက ကမ်းခြေမှာ လမ်းလျှောက်ရင်း အမှတ်မထင် တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဒီဂျယ်လီငါးက သာမန်မဟုတ်ပါဘူး။တွေ့ရှိတဲ့ မိသားစုရဲ့ ပြောကြားချက်အရ အဲ့ဒီအကောင်ဟာ အသက်ရှုနေပုံပေါ်ပြီး လှုပ်နေတယ်လို့ ဆိုပါတယ်။ သူတို့အရင်က တွေ့ရှိခဲ့တဲ့အရာတွေနဲ့ လုံးဝမတူပါဘူး။ အော့လန်းမှ ၅၅ မိုင်အကွာမှာရှိတဲ့ ပက်ကီရီကမ်းခြေမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ပွက်နေတဲ့မီးတောင်နဲ့တူပြီး မီးတောင်လိုပုံစံရှိကာ ထိပ်မှာပွက်နေတဲ့ချော်ရည်လို အနီရောင်ဗဟိုချက်လည်း ပါရှိပါတယ်။

fox news(ဖောက်စ်နယူး) ရဲ့ ပြောကြားချက်အရ အဲ့ဒီမိသားစုကမ်းခြေမှာတွေ့ရှိခဲ့တာက ခြင်္သေ့လည်ဆံမွေးဂျယ်လီငါး ဖြစ်တယ်လို့ သိရပါတယ်။ ခန္ဓာကိုယ်အောက်ခြေကနေတွဲလောင်းကျနေတဲ့ အလွန်ရှည်လျားတဲ့လက်တံတွေ ပါဝင်တာပါ။ လက်တံတစ်ခုချင်းစီက သေးငယ်တဲ့အစုလေးတွေအဖြစ် ခွဲထွက်သွားပြီး လက်တံပေါင်း ၁၅၀ အထိ ရှိပါတယ်။

ဒီလက်တံထောင်ပေါင်းများစွာနဲ့ ဂျယ်လီငါးတွေဟာ ကမ္ဘာ့အကြီးဆုံးဂျယ်လီငါးဖြစ်ပြီးတော့ အပြာရောင်ဝေလငါးအရွယ်အစားအထိ ကြီးနိုင်တာပါ။ သူ့ရဲ့လက်တံတွေဆန့်တန်းထားမယ်ဆိုရင် ခြင်္သေ့လည်ဆံမွေးဂျယ်လီငါးတွေဟာ ပေ ၁၉၀ အထိရှည်နိုင်ပါတယ်။ ကမ်းခြေက ကြီးမားတဲ့ဂျယ်လီငါးဟာ သမုဒ္ဒရာထဲမှာ ဘယ်လောက်ရှည်မလဲဆိုတာတော့ အတိအကျပြောဖို့ခက်ပါတယ်။

ဘာလို့လဲဆိုတော့ ကုန်းပေါ်မှာ ဒီဂျယ်လီငါးဟာ အရည်ပျော်နေတဲ့ ဂျယ်လီတုံးနဲ့ တူလို့ပါ။ ကောင်းတဲ့တစ်ချက်ကတော့ တွေ့ခဲ့တဲ့မိသားစုက ကမြင်းကြောမထဘဲ စမတ်ကျတာပါ။ မဟုတ်ရင် ဂျယ်လီငါးရဲ့ အဆိပ်လက်တံကနေ တစ်စုံတစ်ယောက်ကို ရှော့ အကြီးကြီးဖြစ်စေနိုင်ပါတယ်။
Ref:youtube
Trans:thegeektext