မိမိတို့တိုင်းပြည်မတည်ငြိမ်အောင် ရုရှားမပါ အစ္စရေး၊ တူရကီ၊ အမေရိကန်တို့ ချီးထုတ်ဝိုင်းလုပ်နေခြင်းကြောင့်ဖြစ်ကြောင်း ဆီးရီးယားစွပ်စွဲ
ဆီးရီးယားနိုင်ငံခြားရေး၀န်ကြီးဌာနက ကုလသမဂ္ဂနှင့်လုံခြုံရေးကောင်စီသို့ စာတစ်စောင်ပေးပို့ခဲ့ပြီး ၎င်းစာတွင် ဆီးရီးယားနယ်မြေအတွင်း အစ္စရေးစစ်ဆင်ရေးများတိုးမြှင့်ပြီးနောက် တူရကီ၊ အစ္စရေးနှင့်အမေရိကတို့အကြား ညှိနှိုင်းဆောင်ရွက်မှု ရှိကြောင်းဖော်ပြခဲ့သည်။
ပေးပို့ခဲ့သည့် မက်ဆေ့ချ်တွင် ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးက အစ္စရေးအနေဖြင့် အစ္စရေး၊ တူရကီ၊ အမေရိကန်တို့အကြား ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ပြီးသည့် နောက် အစ္စရေးအနေဖြင့် ရန်လိုသောတိုက်ခိုက်မှုများကိုလည်း ပိုမိုပြုလုပ်လာကြောင်း ရေးသားဖော်ပြခဲ့သည်။

ထို့သို့ဆောင်ရွက်နိုင်ရန်အတွက်လည်း အမေရိကန်အနေဖြင့် အဆုံးအစမရှိ ထောက်ပံ့မှုပေးထားမှုပြုလုပ်နေပြီး အချို့အရာများတွင် ဖုံးကွယ်ထားမှုများ ပြုလုပ်နေမှုများရှိ ကြောင်းလည်း ပြောကြားခဲ့သည်။
ယခုကဲ့သို့ စနစ်တကျဖြင့် တိုက်ခိုက်မှုများ ဆက်လက်ဆောင်ရွက်နေခြင်းသည် တိုင်းပြည်၏ တည်ငြိမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်နေလျက်ရှိသည်ဟုလည်း ဆိုသည်။
ဆီးရီးယားပြည်သူများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုသည် အောင်မြင်လိမ့်မည် မဟုတ်သလို အကြမ်းဖက်မှုအပေါ် ၎င်းတို့၏ ခုခံကြံကြံခံကာကွယ်နိုင်စွမ်းသည် သာ တိုးတက်လာလိမ့်မည်ဖြစ်သည့်အပြင် ၁၉၆၇ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့က သိမ်းဆည်း ထားသည့် ဆီးရီးယားဂိုလန်ကို ပြန်လည်ရရှိရေးကို တောင်းဆိုရန် နောက်တွန့်သွား မည်မဟုတ်ဟုလည်း ပြောကြားခဲ့သည်။

ဆီးရီးယားနိုင်ငံခြားရေး၀န်ကြီးဌာနက UN ၏ ပြဌာန်းချက်များပါအတိုင်း နိုင်ငံတကာ ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်အတွက် တာဝန်ယူရမည်ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။
အစ္စရေးအနေဖြင့် Separation of Forces Agreement နှင့် ဆက်စပ်နေသည့် ဆုံးဖြတ်ချက်များကို လေးစားလိုက်နာရန်နှင့် ဆီးရီးယားပြည်သူများအပေါ် ဆောင်ရွက်နေသည့် အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများကို တာဝန်ယူရန်လည်း တောင်းဆိုထားကြောင်း သိရှိရသည်။
Ref-AMN
Myanmarnews24 မှတဆင့်မျှဝေဖော်ပြပါသည်။
မူရင်းတင်ဆက်သူအားလေးစားစွာခရက်ဒစ်ပေးပါသည်။
zawgyi
မိမိတို့တိုင်းပြည်မတည်ငြိမ်အောင် ရုရှားမပါ အစ္စရေး၊ တူရကီ၊ အမေရိကန်တို့ ချီးထုတ်ဝိုင်းလုပ်နေခြင်းကြောင့်ဖြစ်ကြောင်း ဆီးရီးယားစွပ်စွဲ
ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ကုလသမဂ္ဂနှင့်လုံခြုံရေးကောင်စီသို့ စာတစ်စောင်ပေးပို့ခဲ့ပြီး ၎င်းစာတွင် ဆီးရီးယားနယ်မြေအတွင်း အစ္စရေးစစ်ဆင်ရေးများတိုးမြှင့်ပြီးနောက် တူရကီ၊ အစ္စရေးနှင့်အမေရိကတို့အကြား ညှိနှိုင်းဆောင်ရွက်မှု ရှိကြောင်းဖော်ပြခဲ့သည်။
ပေးပို့ခဲ့သည့် မက်ဆေ့ချ်တွင် ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးက အစ္စရေးအနေဖြင့် အစ္စရေး၊ တူရကီ၊ အမေရိကန်တို့အကြား ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ပြီးသည့် နောက် အစ္စရေးအနေဖြင့် ရန်လိုသောတိုက်ခိုက်မှုများကိုလည်း ပိုမိုပြုလုပ်လာကြောင်း ရေးသားဖော်ပြခဲ့သည်။
ထို့သို့ဆောင်ရွက်နိုင်ရန်အတွက်လည်း အမေရိကန်အနေဖြင့် အဆုံးအစမရှိ ထောက်ပံ့မှုပေးထားမှုပြုလုပ်နေပြီး အချို့အရာများတွင် ဖုံးကွယ်ထားမှုများ ပြုလုပ်နေမှုများရှိ ကြောင်းလည်း ပြောကြားခဲ့သည်။
ယခုကဲ့သို့ စနစ်တကျဖြင့် တိုက်ခိုက်မှုများ ဆက်လက်ဆောင်ရွက်နေခြင်းသည် တိုင်းပြည်၏ တည်ငြိမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်နေလျက်ရှိသည်ဟုလည်း ဆိုသည်။
ဆီးရီးယားပြည်သူများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုသည် အောင်မြင်လိမ့်မည် မဟုတ်သလို အကြမ်းဖက်မှုအပေါ် ၎င်းတို့၏ ခုခံကြံကြံခံကာကွယ်နိုင်စွမ်းသည် သာ တိုးတက်လာလိမ့်မည်ဖြစ်သည့်အပြင် ၁၉၆၇ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့က သိမ်းဆည်း ထားသည့် ဆီးရီးယားဂိုလန်ကို ပြန်လည်ရရှိရေးကို တောင်းဆိုရန် နောက်တွန့်သွား မည်မဟုတ်ဟုလည်း ပြောကြားခဲ့သည်။
ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက UN ၏ ပြဌာန်းချက်များပါအတိုင်း နိုင်ငံတကာ ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်အတွက် တာဝန်ယူရမည်ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။