မိဘအုပ်ထိန်းသူတွေ မပါဘဲ အထုပ်ကလေးဆွဲပြီး သြစတေးလျ ကို တကိုယ်တည်းရောက်လာတဲ့ အာဖဂန်က ကလေးမလေး

တာလီဘန်တွေက အာဖဂန်နစ်စတန်နိုင်ငံရဲ့ မြို့တွေကိုအလျင်အမြန် သိမ်းပိုက်လာခဲ့တာကြောင့် အာဖဂန်ပြည်သူတွေဟာ နိုင်ငံကနေထွက်ပြေးဖို့ ကာဘူးလ်လေဆိပ်မှာ ကြိုးစားခဲ့ပါတယ်။
အမေရိကန်စစ်တပ်ကလည်း ကာဘူးလ်လေဆိပ်ကို ထိန်းချုပ်ပြီး သိန်းနဲ့ချီဒုက္ခရောက်နေတဲ့ အာဖဂန်ပြည်သူတွေကို ၎င်းတို့ရဲ့ C-17 သယ်ပို့လေယာဉ်များဖြင့် နိုင်ငံကနေကယ်ထုတ်ပေးခဲ့ပါတယ်။…

နိုင်ငံကနေထွက်ပြေးတဲ့ အာဖဂန်ပြည်သူတွေဟာ အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် ထွက်ပြေးခဲ့ကြသလို ထွက်ပြေးလာတဲ့သူတွေထဲမှာ အမျိုးသမီးများနဲ့ ကလေးသူငယ်တွေနည်းပါးခဲ့ကြောင်း သိရပါတယ်။

ယမန်နေ့က နိုင်ငံတကာရဲ့ သတင်းဖော်ပြချက်တွေမှာ အထုပ်ကလေးဆွဲပြီး လက်တစ်ဖက်ကဘောလုံးလေးပိုက်ထားတဲ့ ကလေးမလေးတစ်ယောက်ရဲ့ ပုံရိပ်တချို့ဖော်ပြခဲ့ပါတယ်။
ဒီကလေးမလေးဟာ အာဖကန်ကနေ မိဘအုပ်ထိန်းသူတစ်ယောက်မျှမပါပဲ ဩစတေးလျနိုင်ငံကို တစ်ကို ယ်တည်းရောက်လာခဲ့သူပဲဖြစ်ပါတယ်။ အဆိုပါကလေးမလေးကို ဩစတေးလျ တာဝန်ရှိသူတွေက ကယ်ဆယ်ထားကြောင်း ဖော်ပြချက်အရသိရပါတယ်။

ကလေးမလေးဟာ လက်ရှိ Hotel တစ်ခုမှာ ကွာရန်တင်းဝင်နေပြီး သူ့လိုပဲ Hotel ကွာရန်တင်းဝင်နေတဲ့ တစ်ကိုယ်တည်း ကလေး(၁၀)ယောက်နီးပါးလောက်လည်း ရှိတယ်လို့ ဆိုပါတယ်။ နောက်ရက်များမှာလည်း အဆိုပါ ကလေးတွေလိုမျိုး အုပ်ထိန်းသူမပါဘဲ ဩစတေးလျကို ပိုမိုရောက်ရှိလာမယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းထားခဲ့ကြပါတယ်။

တချို့ပြည်သူတွေကတော့ အဆိုပါကလေးမလေးဟာ လေဆိပ်ကထွက်ပြေးလာနေရင်း မိဘများနဲ့ကွဲကွာပြီး လေယာဉ်ပေါ်ပါလာခဲ့တယ်လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။
zawgyi
မိဘအုပ္ထိန္းသူေတြ မပါဘဲ အထုပ္ကေလးဆြဲၿပီး ၾသစေတးလ် ကို တကိုယ္တည္းေရာက္လာတဲ့ အာဖဂန္က ကေလးမေလး
တာလီဘန္ေတြက အာဖဂန္နစ္စတန္နိုင္ငံရဲ့ ၿမိဳ႕ေတြကိုအလ်င္အျမန္ သိမ္းပိုက္လာခဲ့တာေၾကာင့္ အာဖဂန္ျပည္သူေတြဟာ နိုင္ငံကေနထြက္ေျပးဖို႔ ကာဘူးလ္ေလဆိပ္မွာ ႀကိဳးစားခဲ့ပါတယ္။
အေမရိကန္စစ္တပ္ကလည္း ကာဘူးလ္ေလဆိပ္ကို ထိန္းခ်ဳပ္ၿပီး သိန္းနဲ႔ခ်ီဒုကၡေရာက္ေနတဲ့ အာဖဂန္ျပည္သူေတြကို ၎တို႔ရဲ့ C-17 သယ္ပို႔ေလယာဥ္မ်ားျဖင့္ နိုင္ငံကေနကယ္ထုတ္ေပးခဲ့ပါတယ္။…
နိုင္ငံကေနထြက္ေျပးတဲ့ အာဖဂန္ျပည္သူေတြဟာ အဝတ္တစ္ထည္ကိုယ္တစ္ခုျဖင့္ ထြက္ေျပးခဲ့ၾကသလို ထြက္ေျပးလာတဲ့သူေတြထဲမွာ အမ်ိဳးသမီးမ်ားနဲ႔ ကေလးသူငယ္ေတြနည္းပါးခဲ့ေၾကာင္း သိရပါတယ္။
ယမန္ေန႔က နိုင္ငံတကာရဲ့ သတင္းေဖာ္ျပခ်က္ေတြမွာ အထုပ္ကေလးဆြဲၿပီး လက္တစ္ဖက္ကေဘာလုံးေလးပိုက္ထားတဲ့ ကေလးမေလးတစ္ေယာက္ရဲ့ ပုံရိပ္တခ်ိဳ႕ေဖာ္ျပခဲ့ပါတယ္။
ဒီကေလးမေလးဟာ အာဖကန္ကေန မိဘအုပ္ထိန္းသူတစ္ေယာက္မၽွမပါပဲ ဩစေတးလ်နိုင္ငံကို တစ္ကို ယ္တည္းေရာက္လာခဲ့သူပဲျဖစ္ပါတယ္။ အဆိုပါကေလးမေလးကို ဩစေတးလ် တာဝန္ရွိသူေတြက ကယ္ဆယ္ထားေၾကာင္း ေဖာ္ျပခ်က္အရသိရပါတယ္။
ကေလးမေလးဟာ လက္ရွိ Hotel တစ္ခုမွာ ကြာရန္တင္းဝင္ေနၿပီး သူ႔လိုပဲ Hotel ကြာရန္တင္းဝင္ေနတဲ့ တစ္ကိုယ္တည္း ကေလး(၁၀)ေယာက္နီးပါးေလာက္လည္း ရွိတယ္လို႔ ဆိုပါတယ္။ ေနာက္ရက္မ်ားမွာလည္း အဆိုပါ ကေလးေတြလိုမ်ိဳး အုပ္ထိန္းသူမပါဘဲ ဩစေတးလ်ကို ပိုမိုေရာက္ရွိလာမယ္လို႔ တာဝန္ရွိသူေတြက ခန႔္မွန္းထားခဲ့ၾကပါတယ္။
တခ်ိဳ႕ျပည္သူေတြကေတာ့ အဆိုပါကေလးမေလးဟာ ေလဆိပ္ကထြက္ေျပးလာေနရင္း မိဘမ်ားနဲ႔ကြဲကြာၿပီး ေလယာဥ္ေပၚပါလာခဲ့တယ္လို႔ မွတ္ခ်က္ေပးခဲ့ၾကပါတယ္။
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။