မိဘမဲ့ကလေး၁၁ယောက်ကို မွေးစားခဲ့ပြီး ကျွေးမွေးစရိတ်ရရှိစေရန် ပိုင်ဆိုင်မှုတွေအားလုံးကို ရောင်းချခဲ့သည့် လေးစားဖွယ် အသက်၃၄နှစ်အရွယ်အမျိုးသမီး

မိဘမဲ့ကလေး၁၁ယောက်ကို မွေးစားခဲ့ပြီး ကျွေးမွေးစရိတ်ရရှိစေရန် ပိုင်ဆိုင်မှုတွေအားလုံးကို ရောင်းချခဲ့သည့် လေးစားဖွယ် အသက်၃၄နှစ်အရွယ်အမျိုးသမီး

Courtney Lalotraဆိုသည့် အသက်၃၄နှစ်အရွယ်အမျိုးသမီးဟာ အမေရိကန်နိုင်ငံ နယူးဂျာစီတွင်နေထိုင်သူဖြစ်ပါတယ်။သူမဟာ Fashion Institute of technologyမှ ဘွဲ့ရခဲ့ပြီးနောက်တွင် အိန္ဒိယနိုင်ငံသို့ လာရောက်ခဲ့တာဖြစ်ပါတယ်။

ထိုအခါ ကလေးငယ်များစွာက လမ်းဘေးတွင် တောင်းရမ်းစားသောက်နေတာကို သတိပြုမိပြီးနောက် သနားဂရုဏာသက်ကာ မိဘမဲ့ဂေဟာတစ်ခုတွင် စေတနာဝန်ထမ်းအနေဖြင့် လုပ်ကိုင်ကူညီခဲ့ပါတယ်။ထို့နောက် မိခင်အမေရိကန်နိုင်ငံသို့ပြန်သွားပြီး သူမ ပိုင်ဆိုင်သည့်ကားနှင့်အခြားပစ္စည်းအားလုံးကိုရောင်းချပြီး အိန္ဒိယနိုင်ငံသို့ပြန်လာကာ မိဘမဲ့ကလေးတွေကို တရားဝင်မွေးစားခဲ့ခြင်းဖြစ်ပါတယ်။

အမျိုးသမီး၏ လူသားခြင်းစာနာမှုရှိစွာဖြင့် ဂရုဏာထားကိုယ်ကျိုးစွန့်ပုံတွေဟာ လူတိုင်းအတွက် အတုယူလေးစားစရာကောင်းလှပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

Crd