ငွေရှာနိုင်ခြင်းက ပညာတစ်ခုဖြစ်ပြီး ငွေစုခြင်းသည်ကလည်း အရေးပါကာ အလုပ်လုပ်တိုင်းလည်း ငွေမရှိနိုင်သလို စုဆောင်းထားတတ်မှသာ သူဌေးဖြစ်နိုင်ပေမည်။
သို့ဖြစ်၍ ဖိလစ်ပိုင်နိုင်ငံမှ အသက် ၄နှစ်အရွယ်သာရှိသေးသော ကလေးမလေးတစ်ဦးသည် အရွယ်နှင့်မလိုက်အောင် စုဆောင်းထားသောငွေလေးနှင့် မိခင်ဖြစ်သူမီးဖွားမည့် ကုန်ကျစရိတ်အတွက် ပေးအပ်ခဲ့သည်။
ကလေးမလေးသည် ငယ်လေးတည်းက ပိုက်ဆံစုတတ်သည့်အကျင့်ကိုသင်ယူခဲ့ပြီး မိဘနှစ်ပါးနှင့် ဆွေမျိုးအဖိုးအဖွားတို့ဆီကနေ ရရှိသော မုန့်ဖိုးလေးတွေကို မသုံးစားပစ်ပဲ အနှစ်နှစ်အလလ စုဆောင်းထားခဲ့သည်။
ကလေးမလေးသည် ထိုပိုက်ဆံလေးများနှင့် ကျောင်းတက်သည့်အခါ မိဘကိုမပူဆာရတော့ပဲ ကျောင်းဝတ်စုံနှင့် အခြားသောလိုအပ်သည်များကို ကိုယ်တိုင်ဝယ်ယူနိုင်အောင် စုခဲ့သော်လည်း မိခင်ဖြစ်သူမှ ကလေးနောက်ထပ်မွေးဖွားမည့်ချိန်တွင် လက်ထဲတွင်ငွေပြတ်သွားတာကြောင့် အရမ်းအခက်တွေ့နေခဲ့သည်။
ထို့ကြောင့် ကလေးမလေးသည် ကျောင်းအသုံးအဆောင် ပစ္စည်းဝယ်ယူမည့် စိတ်ကူးကိုပြောင်းလိုက်ပြီး မိခင်ဖြစ်သူမွေးဖွားစရိတ်အဖြစ် ပီဆို ၁၅၀၀ကျော်ကို ငြိုငြင်ခြင်းမရှိပဲ တန်းပြီးထုတ်ပေးခဲ့သည်။
Rain (For Ialinks)
Zawgyi
မိခင်ဖြစ်သူမှ နောက်ထပ်ကလေးကိုမွေးဖွားရန် လိုအပ်သော ကုန်ကျစရိတ်အတွက် အနှစ်နှစ်အလလ စုဆောင်းထားသည့် မုန့်ဖိုးလေးအား ထုတ်ပေးခဲ့သော ကလေးမလေး
Rain (For Ialinks)
Crd