TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■မလေးရှားရဲ့ ယဉ်ကျေးမှုမှာ အလွန်ကျော်ကြားတဲ့ ဓားမြော်

တင်းမင်းဆာရီကတော့ မလေးရှားရဲ့ ယဉ်ကျေးမှုမှာ အလွန်ကျော်ကြားတဲ့ ဓားမြောင်ဖြစ်ပြီး ဓားမြောင်ဟာ မညီမညာနဲ့ အစွန်အဖျားတွေမှာ ကွေးကောက်နေပါတယ်။အချိုးမညီမညာတာတစ်ခုတည်းက တခြားဓားတွေနဲ့ မတူညီတာမဟုတ်ပါဘူး။

အခြေခံအားဖြင့် ဓားအောက်မှာ ထွင်းစာတွေပါရှိပြီးတော့ ယုံကြည်ကြတာတော့ စာတွေဟာ တခြားဘာသာစကား ဒါမှမဟုတ် ဂြိုလ်သားတွေရဲ့ ဘာသာစကားဖြစ်မယ်လို့ ပြောကြပါတယ်။ဒီကျော်ကြားတဲ့ ဓားကို ကိုင်တွယ်သုံးစွဲသူဟာ မည်သူမှ မနှိမ်နင်းနိုင်တဲ့သူ ဖြစ်လာနိုင်ကာ ဓားဟာ ကိုင်တွယ်သုံးစွဲသူကိုလည်း တတိယမျက်လုံးလို တွေးထင်နိုင်စေပါတယ်။

ဒဏ္ဍာရီထဲမှာတော့ ဓားဟာ မျက်မမြင်ပိုင်ရှင်ကို ကာကွယ်ပေးခဲ့တာပါ။ရန်သူက နောက်ကွယ်မှ တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့ပြီး ဓားဟာလည်း ဓားအိမ်ထဲမှ ပျံသန်းထွက်ခဲ့ကာ ရန်သူရဲ့ ဦးခေါင်းကို ထိုးဖောက်ဝင်ရောက်သွားခဲ့ပါတယ်။အနည်းငယ်သော ထင်မြင်ချက်တွေအရတော့ ဓါးကို ပိုင်ဆိုင်သူဟာ ကျော်ကြားတဲ့ မလေးရဲ့ရေတပ်ဗိုလ်ချုပ်ကြီး ဟွမ်းတောင်း ဖြစ်တယ်လို့ သိရပီး သူဟာ နှစ်ဦးချင်းတိုက်ပွဲမှာလည်း အနိုင်ရရှိခဲ့ပါတယ်။

ဒါပေမဲ့ ဓားကိုတော့ အပြင်မှာ လက်ရှိအချိန်ထိ မည်သူမှ မမြင်ဖူးကြပါဘူး။ကောလဟာလတွေအရတော့ ဓါးကို ဟွမ်တောင်းကိုယ်တိုင် မြစ်ထဲကို လွှင့်ပစ်ခဲ့တယ်လို့ သိရပါတယ်။ဘယ်လိုပဲ ဖြစ်ဖြစ် ဒီအဖြစ်အပျက်ကို အခိုင်အမာဆိုနိုင်တဲ့ မှန်ကန်တဲ့ သက်သေတော့ မရှိပါဘူး။

သမိုင်းမှတ်တမ်းတွေ အရတော့ ဒီတမူထူးခြားတဲ့ ၁၆ ရာစုဓားကို စစ်သည်တော်တွေပဲ သုံးခဲ့ရပြီးတော့ အားကစားကွင်းနဲ့ တောရွာတွေမှာ သုံးဖို့ ကန့်သတ်ခဲ့ပါတယ်။ဓါးရဲ့ သေးငယ်တဲ့အရှည်ကို သမားရိုးကျဓားတွေနဲ့ ခိုင်းနှိုင်းခဲ့ကြလို့ပါ။ယနေ့အခါမှာတော့ ဓားရဲ့ ပုံစံတူဓားကို မလေးယဉ်ကျေးမှုရဲ့တော်ဝင်တဲ့ ဆုသင်္ကေတအဖြစ် မှတ်ယူကြတာပါ။
Ref:youtube
Trans:thegeektext
zawgyi
TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။
■မေလးရွားရဲ့ ယဥ္ေက်းမႈမွာ အလြန္ေက်ာ္ၾကားတဲ့ ဓားေျမာင္
တင္းမင္းဆာရီကေတာ့ မေလးရွားရဲ့ ယဥ္ေက်းမႈမွာ အလြန္ေက်ာ္ၾကားတဲ့ ဓားေျမာင္ျဖစ္ၿပီး ဓားေျမာင္ဟာ မညီမညာနဲ႔ အစြန္အဖ်ားေတြမွာ ေကြးေကာက္ေနပါတယ္။အခ်ိဳးမညီမညာတာတစ္ခုတည္းက တျခားဓားေတြနဲ႔ မတူညီတာမဟုတ္ပါဘူး။
အေျခခံအားျဖင့္ ဓားေအာက္မွာ ထြင္းစာေတြပါရွိၿပီးေတာ့ ယုံၾကည္ၾကတာေတာ့ စာေတြဟာ တျခားဘာသာစကား ဒါမွမဟုတ္ ၿဂိဳလ္သားေတြရဲ့ ဘာသာစကားျဖစ္မယ္လို႔ ေျပာၾကပါတယ္။ဒီေက်ာ္ၾကားတဲ့ ဓားကို ကိုင္တြယ္သုံးစြဲသူဟာ မည္သူမွ မႏွိမ္နင္းနိုင္တဲ့သူ ျဖစ္လာနိုင္ကာ ဓားဟာ ကိုင္တြယ္သုံးစြဲသူကိုလည္း တတိယမ်က္လုံးလို ေတြးထင္နိုင္ေစပါတယ္။
ဒ႑ာရီထဲမွာေတာ့ ဓားဟာ မ်က္မျမင္ပိုင္ရွင္ကို ကာကြယ္ေပးခဲ့တာပါ။ရန္သူက ေနာက္ကြယ္မွ တိုက္ခိုက္ဖို႔ ႀကိဳးပမ္းခဲ့ၿပီး ဓားဟာလည္း ဓားအိမ္ထဲမွ ပ်ံသန္းထြက္ခဲ့ကာ ရန္သူရဲ့ ဦးေခါင္းကို ထိုးေဖာက္ဝင္ေရာက္သြားခဲ့ပါတယ္။အနည္းငယ္ေသာ ထင္ျမင္ခ်က္ေတြအရေတာ့ ဓါးကို ပိုင္ဆိုင္သူဟာ ေက်ာ္ၾကားတဲ့ မေလးရဲ့ေရတပ္ဗိုလ္ခ်ဳပ္ႀကီး ဟြမ္းေတာင္း ျဖစ္တယ္လို႔ သိရပီး သူဟာ ႏွစ္ဦးခ်င္းတိုက္ပြဲမွာလည္း အနိုင္ရရွိခဲ့ပါတယ္။
ဒါေပမဲ့ ဓားကိုေတာ့ အျပင္မွာ လက္ရွိအခ်ိန္ထိ မည္သူမွ မျမင္ဖူးၾကပါဘူး။ေကာလဟာလေတြအရေတာ့ ဓါးကို ဟြမ္ေတာင္းကိုယ္တိုင္ ျမစ္ထဲကို လႊင့္ပစ္ခဲ့တယ္လို႔ သိရပါတယ္။ဘယ္လိုပဲ ျဖစ္ျဖစ္ ဒီအျဖစ္အပ်က္ကို အခိုင္အမာဆိုနိုင္တဲ့ မွန္ကန္တဲ့ သက္ေသေတာ့ မရွိပါဘူး။
သမိုင္းမွတ္တမ္းေတြ အရေတာ့ ဒီတမူထူးျခားတဲ့ ၁၆ ရာစုဓားကို စစ္သည္ေတာ္ေတြပဲ သုံးခဲ့ရၿပီးေတာ့ အားကစားကြင္းနဲ႔ ေတာရြာေတြမွာ သုံးဖို႔ ကန႔္သတ္ခဲ့ပါတယ္။ဓါးရဲ့ ေသးငယ္တဲ့အရွည္ကို သမားရိုးက်ဓားေတြနဲ႔ ခိုင္းႏွိုင္းခဲ့ၾကလို႔ပါ။ယေန႔အခါမွာေတာ့ ဓားရဲ့ ပုံစံတူဓားကို မေလးယဥ္ေက်းမႈရဲ့ေတာ္ဝင္တဲ့ ဆုသေကၤတအျဖစ္ မွတ္ယူၾကတာပါ။
Ref:youtube
Trans:thegeektext