ထင်ရှားသည့် ဟောလိဝုဒ် အနုပညာရှင် အိန်ဂျလီနာ ဂျိုလီသည် အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA) ၏အေးဂျင့်တစ်ဦးဖြစ်နိုင်သည်ဟု သတင်းအရင်းအမြစ်များ၏ ပြောကြားချက်ကို ကိုးကားပြီး ဗြိတိန်၏ လူပြိန်းကြိုက် သတင်းစာ တစ်စောင်ဖြစ်သည့် The Sun တွင် ဖော်ပြခဲ့သည်။

အသက် ၄၅ နှစ်အရွယ် ဂျိုလီသည် ၎င်း၏ ထင်ရှားသောသရုပ်ဆောင်မှုများသာမက လူသားချင်း စာနာထောက်ထားမှုလုပ်ဆောင်ချက်များကြောင့် လူသိများထင်ရှားပြီး လူအများ၏ချစ်ခင်လေးစားမှုကို ရရှိထားသူတစ်ဦး ဖြစ်သည်။
ဂျိုလီသည် ၂၀၀၀ ခုနှစ်ဝန်းကျင်တွင် CIA ၏ အေးဂျင့်တစ်ဦးဖြစ်လာခဲ့ဖွယ်ရှိသည်ဟု ယူဆချက်များ ထွက်ပေါ်လာခဲ့သည်။
အော်စကာဆုရှင် ဂျိုလီသည် CIA ညွှန်ကြားရေးမှူးတစ်ဦး ကျဆုံးသည့် ဇာတ်ဝင်ခန်း၌ ပါဝင်သရုပ်ဆောင်ခဲ့သည့်အပြင် CIA က ထောက်ပံ့ပေးထားသည့် ရုပ်ရှင်နှစ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဒေါသဖြစ်နေကြသည့် ပြည်ပအရာရှိများက ဂျိုလီအား CIA ၏ အေးဂျင့်တစ်ဦးဖြစ်သည်ဟု နှစ်ကြိမ်တိုင်တိုင် စွပ်စွဲခဲ့ကြောင်း The Sun သတင်းတွင် ဖော်ပြခဲ့သည်။

ဂွိုလီသညြ ဝါရှငတြနတြှငြ သှဇာလှှမြးမိုးမှု အရှိဆုံး နိုငငြံခှားရေးဝါဒ သုတသနေအဖှဲ့ တဈဖှဲ့တှငြ ပူးပေါငြးပါဝငခြဲ့ပှီး CIA ၏အခိုငမြာဆုံးမဟာမိတအြဖှဲ့တဈဖှဲ့ဖှဈသည့ြ ဗှိတိနြ၏ M16 secret service ၏ ဥကျကဌဟောငြးနှင့ြ တှေ့ဆုံမေးမှနြးမှုပှုလုပခြဲ့သညြ။
ကျွမ်းကျင်သူ တွမ်ဆက်ကာက ရုပ်ရှင်လောကနှင့် ထောက်လှမ်းရေးအဖွဲ့အစည်းကြား ဆက်နွှယ်မှုကို နှစ်ပေါင်းများစွာ လေ့လာ စုံစမ်းခဲ့သည်။
“ အိန်ဂျလီနာနဲ့ CIA ကြားမှာ တစ်စုံတစ်ရာပတ်သက်ဆက်နွှယ်မှု ရှိလိမ့်မယ်” ဟု ၎င်းက သုံးသပ်ပြောကြားခဲ့သည်။
National Security Cinema အမည်ရှိ စာအုပ်ကိုရေးသားခဲ့သည့် စာရေးဆရာကလည်း ဂျိုလီသည် ထောက်လှမ်းရေးအဖွဲ့အစည်းအတွက် ရှေ့တန်းမှဆောင်ရွက်နေသူတစ်ဦးဖြစ်သည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

“ သမ္မတဟောင်း အိုဘားမားလက်ထက်တုန်းက အမေရိကန်နိုင်ငံခြားရေးမူဝါဒကို ပြန်ပြင်ရေးဆွဲဖို့ ကြိုးစားခဲ့တယ်။ သူတို့တွေက လူသားချင်းစာနာထောက်ထားမှု ကြားဝင် စွက်ဖက်တဲ့လုပ်ငန်းစဉ်ကို မြှင့်တင်လိုက်ပါတယ်။ အဲ့ဒါကြောင့် လစ်ဗျားစစ်ပွဲနဲ့ ဆီးရီးယားမှာ သူတို့ (အမေရိကန်) တွေ ဘယ်လိုဝင်ရောက်စွက်ဖက်တယ်ဆိုတာ တွေ့မြင်နိုင်ပါတယ်။ ဒီလိုလူသားချင်းစာနာထောက်ထားမှုမှာ လစ်ဘရယ်ဟောလိဝုဒ်အနုပညာရှင် ဂျိုလီက ရှေ့တန်းကတစ်တပ်တစ်အား ပါဝင်လုပ်ဆောင်နေတာကို မြင်တွေ့ကြမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။
“ အဲ့ဒါကြောင့် ဂျိုလီဟာ ၂၀၀၀ ခုနှစ်ဝန်းကျင်လောက်က CIA ရဲ့အေးဂျင့်ဖြစ်လာလိမ့်မယ်လို့ ယူဆပါတယ်” ဟု ထပ်မံပြောကြားခဲ့သည်။

Eleven မှတဆင့်မျှဝေဖော်ပြပါသည်။
မူရင်းတင်ဆက်သူအားလေးစားစွာခရက်ဒစ်ပေးပါသည်။
zawgyi
ထင်ရှားသည့် ဟောလိဝုဒ် အနုပညာရှင် အိန်ဂျလီနာ ဂျိုလီသည် အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA) ၏အေးဂျင့်တစ်ဦးဖြစ်နိုင်သည်ဟု သတင်းအရင်းအမြစ်များ၏ ပြောကြားချက်ကို ကိုးကားပြီး ဗြိတိန်၏ လူပြိန်းကြိုက် သတင်းစာ တစ်စောင်ဖြစ်သည့် The Sun တွင် ဖော်ပြခဲ့သည်။
အသက် ၄၅ နှစ်အရွယ် ဂျိုလီသည် ၎င်း၏ ထင်ရှားသောသရုပ်ဆောင်မှုများသာမက လူသားချင်း စာနာထောက်ထားမှုလုပ်ဆောင်ချက်များကြောင့် လူသိများထင်ရှားပြီး လူအများ၏ချစ်ခင်လေးစားမှုကို ရရှိထားသူတစ်ဦး ဖြစ်သည်။
ဂျိုလီသည် ၂၀၀၀ ခုနှစ်ဝန်းကျင်တွင် CIA ၏ အေးဂျင့်တစ်ဦးဖြစ်လာခဲ့ဖွယ်ရှိသည်ဟု ယူဆချက်များ ထွက်ပေါ်လာခဲ့သည်။
အော်စကာဆုရှင် ဂျိုလီသည် CIA ညွှန်ကြားရေးမှူးတစ်ဦး ကျဆုံးသည့် ဇာတ်ဝင်ခန်း၌ ပါဝင်သရုပ်ဆောင်ခဲ့သည့်အပြင် CIA က ထောက်ပံ့ပေးထားသည့် ရုပ်ရှင်နှစ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဒေါသဖြစ်နေကြသည့် ပြည်ပအရာရှိများက ဂျိုလီအား CIA ၏ အေးဂျင့်တစ်ဦးဖြစ်သည်ဟု နှစ်ကြိမ်တိုင်တိုင် စွပ်စွဲခဲ့ကြောင်း The Sun သတင်းတွင် ဖော်ပြခဲ့သည်။
ဂျိုလီသည် ဝါရှင်တန်တွင် သြဇာလွှမ်းမိုးမှု အရှိဆုံး နိုင်ငံခြားရေးဝါဒ သုတေသနအဖွဲ့ တစ်ဖွဲ့တွင် ပူးပေါင်းပါဝင်ခဲ့ပြီး CIA ၏အခိုင်မာဆုံးမဟာမိတ်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ဗြိတိန်၏ M16 secret service ၏ ဥက္ကဌဟောင်းနှင့် တွေ့ဆုံမေးမြန်းမှုပြုလုပ်ခဲ့သည်။