မန္ခ်က္စတာယူႏိုက္တက္ကို ဝယ္ယူဖို႔ ၿဗိတိန္ရဲ႕ အခ်မ္းသာဆုံးသူေဌးႀကီး ဆာဂ်င္ရက္တ္ကလစ္ဖ္နဲ႔ ကာတာရဲ႕ ဥေသွ်ာင္ေစာ္ဘြားတို႔ အၿပိဳင္ႀကိဳးစားေန…..


မန်ချက်စတာယူနိုက်တက်ကို ဝယ်ယူဖို့ ဗြိတိန်ရဲ့ အချမ်းသာဆုံးသူဌေးကြီး ဆာဂျင်ရက်တ်ကလစ်ဖ်နဲ့ ကာတာရဲ့ ဥသျှောင်စော်ဘွားတို့ အပြိုင်ကြိုးစားနေ…..
ၿဗိတိန္ရဲ႕ အခ်မ္းသာဆုံးသူေဌးႀကီး ဆာဂ်င္ရက္တ္ကလစ္ဖ္ရဲ႕ INEOS Gruop ဟာ မန္ခ်က္စတာယူႏိုက္တက္ကို ဝယ္ယူဖို႔အတြက္ တရားဝင္ကမ္းလွမ္းမႈျပဳလုပ္လိုက္ၿပီလို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။ အသက္ ၇၀ အ႐ြယ္ ၿဗိတိန္သူေဌးႀကီးဟာ ဒီလိုမ်ိဳးကမ္းလွမ္းမႈအတြက္ အႀကံေပးဖို႔ Wall Street ကုမၸဏီေတြျဖစ္တဲ့ JPMorgan နဲ႔ Goldman Sachs တို႔ကို ငွားရမ္းထားေသးတယ္လို႔ သိရပါတယ္။
Athletic ရဲ႕ ေဖာ္ျပခ်က္အရ ရတ္ကလစ္ဖ္ဟာ သူ႔ရဲ႕ ကမ္းလွမ္းမႈေအာင္ျမင္ခဲ့မယ္ဆိုရင္ မန္ခ်က္စတာမွာ မန္ခ်က္စတာယူႏိုက္တက္ကို မူလေနရာကို ျပန္လည္ေရာက္ရွိေအာင္ လုပ္ေပးႏိုင္ဖို႔ ေမွ်ာ္လင့္ထားေၾကာင္း သိရပါတယ္။ သူဟာ ယူႏိုက္တက္ကို ဝယ္ယူဖို႔အတြက္ စီစဥ္ေနတဲ့ လုပ္ငန္းအမ်ားအျပားထဲမွာ ကမ္းလွမ္းမႈျပဳလုပ္ခဲ့ေၾကာင္း တရားဝင္ေၾကညာခဲ့တဲ့ ဒုတိယေျမာက္ လုပ္ငန္းစုျဖစ္လာပါတယ္။
သူ႔ထက္အရင္ မန္ခ်က္စတာယူႏိုက္တက္ကို ဝယ္ယူဖို႔အတြက္ တရားဝင္ကမ္းလွမ္းမႈျပဳလုပ္ၿပီးၿပီလို႔ ေၾကညာခဲ့တာကေတာ့ ကာတာေစာ္ဘြားပိုင္ဆိုင္တဲ့ QIB ဘဏ္ျဖစ္ပါတယ္။ ဘဏ္ရဲ႕ ဥကၠဌျဖစ္သူ ေစာ္ဘြားရွိတ္ဂ်ာဆင္ဘင္ဟာမကအယ္လ္သာနီက တရားဝင္ကမ္းလွမ္းမႈျပဳလုပ္ခဲ့ၿပီးၿပီလို႔ ေၾကညာခဲ့ကာ သူဟာ ယူႏိုက္တက္ကို ၁၀၀% အျပည့္ ပိုင္ဆိုင္မႈရဖို႔အတြက္ ဝယ္ယူတာျဖစ္ၿပီး ဒီလိုမ်ိဳး ကမ္းလွမ္းရာမွာ အသုံးျပဳမယ့္ေငြေၾကးကို လက္ငင္းေပးေခ်သြားမယ္လို႔ သိရပါတယ္။
ဒါေၾကာင့္ လက္ရွိမွာ ယူႏိုက္တက္ကို ဝယ္ယူဖို႔ ကမ္းလွမ္းထားတဲ့ ကမာၻေက်ာ္လုပ္ငန္းစုႀကီးက ၂ ခုရွိလာခဲ့ပါၿပီ။ ရက္တ္ကလစ္ဖ္ကေတာ့ ျပင္သစ္လီဂူးကလပ္ NICE ကို ၂၀၁၉ တုန္းက ေပါင္ ၉၁ သန္းနဲ႔ ဝယ္ယူထားသူျဖစ္ပါတယ္။ အဲဒီမတိုင္ခင္ ၂၀၁၇ တုန္းကလည္းသူက ဆြစ္ဇာလန္ကလပ္ FC Lausanne-Sport ကို ဝယ္ယူထားပါတယ္။
ကာတာေစာ္ဘြားအယ္သာနီကေတာ့ ယူႏိုက္တက္ကို ဝယ္ယူတဲ့ ကမ္းလွမ္းမႈမွာ ဦးေဆာင္မယ့္ အဖြဲ႕အစည္းနာမည္ကို Nine Two ေဖာင္ေဒးရွင္းလို႔ နာမည္ေပးထားပါတယ္။ ဒါဟာ ၁၉၉၂ မွာ သူက ယူႏိုက္တက္ပရိသတ္စတင္ျဖစ္ခဲ့ၿပီး ယူႏိုက္တက္ရဲ႕ ေ႐ႊေရာင္မ်ိဳးဆက္ Class of 92 ကို ရည္ၫႊန္းတာလို႔လည္း Sky Sports က ဆိုပါတယ္။
ယူႏိုက္တက္ကို ဝယ္ယူၿပီးပါက သူက ေငြေၾကးအျမတ္အစြန္းရတာ၊ မရတာကို ဆႏၵမရွိဘဲ အသင္းကို ခ်စ္ခင္အားေပးခဲ့တဲ့ သူ႔ရဲ႕ ဆႏၵေၾကာင့္သာ ဝယ္ယူတာလို႔လည္းဆိုပါတယ္။ သူဟာ ကာတာရဲ႕ ဥေသွ်ာင္ေစာ္ဘြားျဖစ္သူရဲ႕ အစ္ကိုလို႔သိရၿပီး ေငြေၾကးအားျဖင့္ေတာ့ ခ်မ္းသာႂကြယ္၀မႈက အလွ်ံပယ္ရွိတဲ့ ပုဂၢိဳလ္တဦးျဖစ္ပါတယ္။
crd
Unicode
မန်ချက်စတာယူနိုက်တက်ကို ဝယ်ယူဖို့ ဗြိတိန်ရဲ့ အချမ်းသာဆုံးသူဌေးကြီး ဆာဂျင်ရက်တ်ကလစ်ဖ်နဲ့ ကာတာရဲ့ ဥသျှောင်စော်ဘွားတို့ အပြိုင်ကြိုးစားနေ…..
ဗြိတိန်ရဲ့ အချမ်းသာဆုံးသူဌေးကြီး ဆာဂျင်ရက်တ်ကလစ်ဖ်ရဲ့ INEOS Gruop ဟာ မန်ချက်စတာယူနိုက်တက်ကို ဝယ်ယူဖို့အတွက် တရားဝင်ကမ်းလှမ်းမှုပြုလုပ်လိုက်ပြီလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အသက် ၇၀ အရွယ် ဗြိတိန်သူဌေးကြီးဟာ ဒီလိုမျိုးကမ်းလှမ်းမှုအတွက် အကြံပေးဖို့ Wall Street ကုမ္ပဏီတွေဖြစ်တဲ့ JPMorgan နဲ့ Goldman Sachs တို့ကို ငှားရမ်းထားသေးတယ်လို့ သိရပါတယ်။
Athletic ရဲ့ ဖော်ပြချက်အရ ရတ်ကလစ်ဖ်ဟာ သူ့ရဲ့ ကမ်းလှမ်းမှုအောင်မြင်ခဲ့မယ်ဆိုရင် မန်ချက်စတာမှာ မန်ချက်စတာယူနိုက်တက်ကို မူလနေရာကို ပြန်လည်ရောက်ရှိအောင် လုပ်ပေးနိုင်ဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။ သူဟာ ယူနိုက်တက်ကို ဝယ်ယူဖို့အတွက် စီစဉ်နေတဲ့ လုပ်ငန်းအများအပြားထဲမှာ ကမ်းလှမ်းမှုပြုလုပ်ခဲ့ကြောင်း တရားဝင်ကြေညာခဲ့တဲ့ ဒုတိယမြောက် လုပ်ငန်းစုဖြစ်လာပါတယ်။
သူ့ထက်အရင် မန်ချက်စတာယူနိုက်တက်ကို ဝယ်ယူဖို့အတွက် တရားဝင်ကမ်းလှမ်းမှုပြုလုပ်ပြီးပြီလို့ ကြေညာခဲ့တာကတော့ ကာတာစော်ဘွားပိုင်ဆိုင်တဲ့ QIB ဘဏ်ဖြစ်ပါတယ်။ ဘဏ်ရဲ့ ဥက္ကဌဖြစ်သူ စော်ဘွားရှိတ်ဂျာဆင်ဘင်ဟာမကအယ်လ်သာနီက တရားဝင်ကမ်းလှမ်းမှုပြုလုပ်ခဲ့ပြီးပြီလို့ ကြေညာခဲ့ကာ သူဟာ ယူနိုက်တက်ကို ၁၀၀% အပြည့် ပိုင်ဆိုင်မှုရဖို့အတွက် ဝယ်ယူတာဖြစ်ပြီး ဒီလိုမျိုး ကမ်းလှမ်းရာမှာ အသုံးပြုမယ့်ငွေကြေးကို လက်ငင်းပေးချေသွားမယ်လို့ သိရပါတယ်။
ဒါကြောင့် လက်ရှိမှာ ယူနိုက်တက်ကို ဝယ်ယူဖို့ ကမ်းလှမ်းထားတဲ့ ကမ္ဘာကျော်လုပ်ငန်းစုကြီးက ၂ ခုရှိလာခဲ့ပါပြီ။ ရက်တ်ကလစ်ဖ်ကတော့ ပြင်သစ်လီဂူးကလပ် NICE ကို ၂၀၁၉ တုန်းက ပေါင် ၉၁ သန်းနဲ့ ဝယ်ယူထားသူဖြစ်ပါတယ်။ အဲဒီမတိုင်ခင် ၂၀၁၇ တုန်းကလည်းသူက ဆွစ်ဇာလန်ကလပ် FC Lausanne-Sport ကို ဝယ်ယူထားပါတယ်။
ကာတာစော်ဘွားအယ်သာနီကတော့ ယူနိုက်တက်ကို ဝယ်ယူတဲ့ ကမ်းလှမ်းမှုမှာ ဦးဆောင်မယ့် အဖွဲ့အစည်းနာမည်ကို Nine Two ဖောင်ဒေးရှင်းလို့ နာမည်ပေးထားပါတယ်။ ဒါဟာ ၁၉၉၂ မှာ သူက ယူနိုက်တက်ပရိသတ်စတင်ဖြစ်ခဲ့ပြီး ယူနိုက်တက်ရဲ့ ရွှေရောင်မျိုးဆက် Class of 92 ကို ရည်ညွှန်းတာလို့လည်း Sky Sports က ဆိုပါတယ်။
ယူနိုက်တက်ကို ဝယ်ယူပြီးပါက သူက ငွေကြေးအမြတ်အစွန်းရတာ၊ မရတာကို ဆန္ဒမရှိဘဲ အသင်းကို ချစ်ခင်အားပေးခဲ့တဲ့ သူ့ရဲ့ ဆန္ဒကြောင့်သာ ဝယ်ယူတာလို့လည်းဆိုပါတယ်။ သူဟာ ကာတာရဲ့ ဥသျှောင်စော်ဘွားဖြစ်သူရဲ့ အစ်ကိုလို့သိရပြီး ငွေကြေးအားဖြင့်တော့ ချမ်းသာကြွယ်၀မှုက အလျှံပယ်ရှိတဲ့ ပုဂ္ဂိုလ်တဦးဖြစ်ပါတယ်။
crd
Crd
Post Views:
10
Crd