TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■မင်းသားရဲ့ပတ္တမြားနက်လို့ခေါ်ကြတဲ့ နောက်ကြောင်းရာဇဝင်များရှိသည့်သရဖူမှကျောက်တစ်ခု

ဗြိတိန်အင်ပါယာကြီးရဲ့သရဖူကိုကျောက်မျက်ပေါင်းများစွာနဲ့စီခြယ်ထားတာပါ။ဒါပေမယ့်အဲ့ဒီထဲကတစ်ခုကတော့ကျိန်စာသင့်နေတယ်လိုယူဆကြပြီးမင်းသားရဲ့ပတ္တမြားနက်လို့ခေါ်ကြပါတယ်။တကယ်တော့အဲ့ဒါကပတ္တမြားမဟုတ်ပါဘူး။စပင်နယ်ကျောက်တစ်ခုပါပဲ။ဒါပေမယ့်အဲ့ဒီအကြောင်းပုံပြင်ကတော့အရမ်းအံ့ဩစရာကောင်းပါတယ်။

အဲ့ဒီကျောက်စပေါ်လာတာကတော့၁၄ရာစုအလယ်လောက်ကပါပဲ။အဲ့ဒီအချိန်ကသူ့ကိုမော်ရစ်မင်းသားတစ်ဦးဖြစ်တဲ့အဘူစယ်အိကပိုင်ခဲ့တာပါ။အဲ့ဒီအချိန်ကဘုရင်ပထမဒွန်ပက်တရာဆိုသူကသူ့ရဲ့ရတနာတွေကိုအရမ်းလိုချင်တပ်မက်နေခဲ့တာကြောင့်မင်းသားနဲ့သူရဲ့နောက်လိုက်နောက်ပါအားလုံးကိုအဆုံးစီရင်ပစ်ဖို့အမိန့်ပေးခဲ့တာပါ။အဲ့ဒီနောက်မှာတော့ရတနာတွေကိုသူ့အတွက်သိမ်းပိုက်ခဲ့ပါတယ်။ဒီလိုသစ္စာဖောက်တဲ့လုပ်ရပ်မျိုးအတွက်တော့အပြစ်ဒဏ်ခံရမှာကျိမ်းသေပါတယ်။

မကြာခင်မှာပဲဘုရင်ကြီးကဂရန်နာဒါမှာရှိတဲ့အဓိကဗလီကနေစာတစ်ဆောင်ရခဲ့ပါတယ်။အဲ့ဒါကတော့ကျိန်စာရဲ့အစပါပဲ။ဒီကျောက်ကိုနည်းမှန်လမ်းမှန်နဲ့ပိုင်ဆိုင်တဲ့သူတွေဟာစွမ်းအားနဲ့အင်အားတွေရရှိမှာဖြစ်ပြီးမကောင်းမှုတွေပြုလုပ်ပြီးမှမှရယူခဲ့တဲ့သူတွေကတော့ကံမကောင်းမှုတွေနဲ့ကြုံရမှာဖြစ်ပါတယ်။ယုံတမ်းပုံပြင်တွေအရတော့ဒီကျိန်စာကနေလွတ်မြောက်ဖို့အတွက်သူကဒီကျောက်ကိုအင်္ဂလန်ရဲ့မင်းသားအက်ဒ်ဝါ့ဝုစတော့၊နာမည်ပြောင် black heart လို့ခေါ်တဲ့မင်းသားကိုပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ပြီးတော့သူ့ရဲ့အစီအစဉ်ကလည်းအောင်မြင်ခဲ့ပါတယ်။

အောင်မြင်မှုတွေပဲရယူနိုင်ခဲ့တဲ့ရဲရင့်တဲ့စစ်သည်တော်တစ်ယောက်ဖြစ်တဲ့အက်ဒ်ဝါ့ကဘာမှအန္တရာယ်မရှိတဲ့ရောဂါနဲ့ပဲကွယ်လွန်ခဲ့တာပါ။အဲ့ဒီပုံပြင်အရပဲဒီကျောက်ကဟင်နရီ၅ကိုကယ်တင်ခဲ့ပြီးတော့အဲလက်ဇဘတ်၁ကိုလည်းစပိန်တွေကိုအနိုင်တိုက်ဖို့ကူညီခဲ့တယ်လို့ပြောထားတာပါ။ယေဘူယျအားဖြင့်တော့ဒီကျောက်မှာစိတ်ဝင်စားစရာကောင်းတဲ့နောက်ကြောင်းရှည်ကြီးရှိနေတာပါ။

ပြီးတော့အဲ့ဒီကျိန်စာကလည်းလူရွေးပြီးကျိန်စာမိသလိုဖြစ်နေတာပါ။ဒါဟာအက်လဇဘက်၂ကပဲဒီကျောက်ကိုအကြာကြီးပိုင်ဆိုင်ထားလို့လည်းဖြစ်နိုင်ပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။
■မင္းသားရဲ့ပတၱျမားနက္လို႔ေခၚၾကတဲ့ ေနာက္ေၾကာင္းရာဇဝင္မ်ားရွိသည့္သရဖူမွေက်ာက္တစ္ခု
ၿဗိတိန္အင္ပါယာႀကီးရဲ့သရဖူကိုေက်ာက္မ်က္ေပါင္းမ်ားစြာနဲ႔စီျခယ္ထားတာပါ။ဒါေပမယ့္အဲ့ဒီထဲကတစ္ခုကေတာ့က်ိန္စာသင့္ေနတယ္လိုယူဆၾကၿပီးမင္းသားရဲ့ပတၱျမားနက္လို႔ေခၚၾကပါတယ္။တကယ္ေတာ့အဲ့ဒါကပတၱျမားမဟုတ္ပါဘူး။စပင္နယ္ေက်ာက္တစ္ခုပါပဲ။ဒါေပမယ့္အဲ့ဒီအေၾကာင္းပုံျပင္ကေတာ့အရမ္းအံ့ဩစရာေကာင္းပါတယ္။
အဲ့ဒီေက်ာက္စေပၚလာတာကေတာ့၁၄ရာစုအလယ္ေလာက္ကပါပဲ။အဲ့ဒီအခ်ိန္ကသူ႔ကိုေမာ္ရစ္မင္းသားတစ္ဦးျဖစ္တဲ့အဘူစယ္အိကပိုင္ခဲ့တာပါ။အဲ့ဒီအခ်ိန္ကဘုရင္ပထမဒြန္ပက္တရာဆိုသူကသူ႔ရဲ့ရတနာေတြကိုအရမ္းလိုခ်င္တပ္မက္ေနခဲ့တာေၾကာင့္မင္းသားနဲ႔သူရဲ့ေနာက္လိုက္ေနာက္ပါအားလုံးကိုအဆုံးစီရင္ပစ္ဖို႔အမိန႔္ေပးခဲ့တာပါ။အဲ့ဒီေနာက္မွာေတာ့ရတနာေတြကိုသူ႔အတြက္သိမ္းပိုက္ခဲ့ပါတယ္။ဒီလိုသစၥာေဖာက္တဲ့လုပ္ရပ္မ်ိဳးအတြက္ေတာ့အျပစ္ဒဏ္ခံရမွာက်ိမ္းေသပါတယ္။
မၾကာခင္မွာပဲဘုရင္ႀကီးကဂရန္နာဒါမွာရွိတဲ့အဓိကဗလီကေနစာတစ္ေဆာင္ရခဲ့ပါတယ္။အဲ့ဒါကေတာ့က်ိန္စာရဲ့အစပါပဲ။ဒီေက်ာက္ကိုနည္းမွန္လမ္းမွန္နဲ႔ပိုင္ဆိုင္တဲ့သူေတြဟာစြမ္းအားနဲ႔အင္အားေတြရရွိမွာျဖစ္ၿပီးမေကာင္းမႈေတြျပဳလုပ္ၿပီးမွရယူခဲ့တဲ့သူေတြကေတာ့ကံမေကာင္းမႈေတြနဲ႔ၾကဳံရမွာျဖစ္ပါတယ္။ယုံတမ္းပုံျပင္ေတြအရေတာ့ဒီက်ိန္စာကေနလြတ္ေျမာက္ဖို႔အတြက္သူကဒီေက်ာက္ကိုအဂၤလန္ရဲ့မင္းသားအက္ဒ္ဝါ့ဝုစေတာ့၊နာမည္ေျပာင္ black heart လို႔ေခၚတဲ့မင္းသားကိုေပးဖို႔ဆုံးျဖတ္ခဲ့ပါတယ္။ၿပီးေတာ့သူ႔ရဲ့အစီအစဥ္ကလည္းေအာင္ျမင္ခဲ့ပါတယ္။
ေအာင္ျမင္မႈေတြပဲရယူနိုင္ခဲ့တဲ့ရဲရင့္တဲ့စစ္သည္ေတာ္တစ္ေယာက္ျဖစ္တဲ့အက္ဒ္ဝါ့ကဘာမွအႏၲရာယ္မရွိတဲ့ေရာဂါနဲ႔ပဲကြယ္လြန္ခဲ့တာပါ။အဲ့ဒီပုံျပင္အရပဲဒီေက်ာက္ကဟင္နရီ၅ကိုကယ္တင္ခဲ့ၿပီးေတာ့အဲလက္ဇဘတ္၁ကိုလည္းစပိန္ေတြကိုအနိုင္တိုက္ဖို႔ကူညီခဲ့တယ္လို႔ေျပာထားတာပါ။ေယဘူယ်အားျဖင့္ေတာ့ဒီေက်ာက္မွာစိတ္ဝင္စားစရာေကာင္းတဲ့ေနာက္ေၾကာင္းရွည္ႀကီးရွိေနတာပါ။
ၿပီးေတာ့အဲ့ဒီက်ိန္စာကလည္းလူေရြးၿပီးက်ိန္စာမိသလိုျဖစ္ေနတာပါ။ဒါဟာအက္လဇဘက္၂ကပဲဒီေက်ာက္ကိုအၾကာႀကီးပိုင္ဆိုင္ထားလို႔လည္းျဖစ္နိုင္ပါတယ္။
Ref:youtube
Trans:thegeektext