“မင္းကြန္းေခါင္းေလာင္းႀကီးထက္ ပိုႀကီးၿပီး အသံ လုံး၀ မျမည္သည့္ ကမာၻ႔အႀကီးဆုံးေခါင္းေလာင္းႀကီးအေၾကာင္း”

News Social News

“မင္းကြန္းေခါင္းေလာင္းႀကီးထက္ ပိုႀကီးၿပီး အသံ လုံး၀ မျမည္သည့္ ကမာၻ႔အႀကီးဆုံးေခါင္းေလာင္းႀကီးအေၾကာင္း”

“မင္းျဖဴမွန္မွန္ေျပာ” ဆို က်ေနာ္တို႔ အားလုံးက မင္းကြန္းေခါင္းေလာင္းႀကီးလို႔ သိထားၿပီးသား ျဖစ္ပါတယ္။ ကမာၻ႔ ဒုတိယ အႀကီးဆုံးေခါင္းေလာင္း ျဖစ္တယ္။ပထမ အႀကီးဆုံးက ႐ုရွားႏိုင္ငံက ေခါင္းေလာင္းႀကီး ျဖစ္တယ္ဆိုၿပီး သိထားခဲ့ၾကတာ မဟုတ္လား။ အခု ေျပာျပမွာက ႐ုရွားႏိုင္ငံ ေမာ္စကိုၿမိဳ႕မွာရွိတဲ့ အဲ့ဒီ ကမာၻ႔အႀကီးဆုံးေခါင္းေလာင္းႀကီး အေၾကာင္းပါ”။ေခါင္းေလာင္းႀကီးကို Tsar – Kolokol III (ဇာ ခိုလိုကို လို႔ အသံထြက္တယ္) ဆိုေပမယ့္ The Tsar Bell လို႔သာ ေခၚၾကတယ္။ဇာ ေခါင္းေလာင္းေပါ့။

ေမာ္စကို ၿမိဳ႕ေပၚက ခရင္မ္လင္ နန္းေတာ္ရာမွာ ဒီေန႔အထိ ျပထားပါတယ္။ဇာေခါင္းေလာင္းႀကီးအေၾကာင္း မူခြဲေတြ ရွိၿပီး အမ်ိဳးမ်ိဳး ေျပာၾကေပမယ့္ အခုေျပာမယ့္ အေၾကာင္းအရာကို ျဖစ္ႏိုင္တယ္၊ ျဖစ္တန္ေကာင္းပါရဲ႕ လို႔ ယူဆပါတယ္”။ေခါင္းေလာင္းႀကီးကို ေၾကးသြန္းဆရာ အေက်ာ္အေမာ္ ျဖစ္တဲ့ Ivan Motorin ႏွင့္ သား ျဖစ္သူ Mikhail တို႔က အလုပ္သမား ၂၀၀ ေက်ာ္နဲ႔ ၁၇၃၄ မွာ စတင္ သြန္းလုပ္ပါတယ္။

၁၇၃၇ ခုႏွစ္အထိ မၿပီးစီးႏိုင္ေသးဘဲ ေၾကးသြန္းရာ ေနရာမွာဘဲ ရွိေနပါေသးတယ္။ အေပ်ာက္အမႊန္းေတြ၊ အ႐ုပ္ေတြ ပုံေဖာ္ေနရတာေၾကာင့္ လို႔ ဆိုပါတယ္။ျဖစ္ခ်င္ေတာ့ အဲ့ဒီႏွစ္မွာ မီးႀကီးေလာင္တယ္။ မီးဒဏ္ သင့္တယ္။ ေခါင္းေလာင္းတင္ထားတဲ့ သစ္သားစဥ္ကို မီးေလာင္ရာက ေခါင္းေလာင္းႀကီး ျပဳတ္က်ပီး ပဲ့ထြက္သြားပါသတဲ့။

ျဖစ္ခ်င္ေတာ့ အဲ့ဒီႏွစ္မွာ မီးႀကီးေလာင္တယ္။ မီးဒဏ္ သင့္တယ္။ ေခါင္းေလာင္းတင္ထားတဲ့ သစ္သားစဥ္ကို မီးေလာင္ရာက ေခါင္းေလာင္းႀကီး ျပဳတ္က်ပီး ပဲ့ထြက္သြားပါသတဲ့။အမွန္ေတာ့ မီးေလာင္လို႔ ခုံေပၚက ျပဳတ္က်ပီး ပဲ့ထြက္တာ မဟုတ္ဖူး။ေခါင္းေလာင္း သြန္းလုပ္စဥ္ကတည္း အစီအစဥ္ မက်ဘူး။သြန္းလုပ္ေနဆဲမွာဘဲ ေၾကးမေလာက္လို႔ ရပ္နားထားရတာေၾကာင့္ ၃ ခါ ျပန္ လုပ္ရပါသတဲ့။ အဲ့ဒီမွာ လက္ရာ မေကာင္းလို႔ သြန္းလုပ္ၿပီးစမွာဘဲ ပဲ့က်တယ္။

မီးေလာင္တဲ့ ႏွစ္နဲ႔ တိုးေတာ့ မီးကို အျပစ္တင္ရင္း ေရာခ်လိုက္တာသာ ျဖစ္တယ္လို႔လည္း ဆိုၾကတယ္။ေျပာခ်င္တာက ေခါင္းေလာင္းႀကီးက ေခါင္းေလာင္းစဥ္ေပၚ ေရာက္မလာခဲ့သလို တစ္ခါမွလည္း အသံျမည္ေအာင္ ေခါင္းေလာင္း မထိုးခဲ့ရပါဘူးတဲ့။စိတ္ညစ္ညစ္နဲ႔ ပစ္ထားရင္း ၁၈၃၆ ခုႏွစ္မွာ ဗိသုကာ အေက်ာ္ေမာ္ Auguste Montserrand ဆိုသူက ခုျမင္ေနရတဲ့ ေက်ာက္ခုံေပၚကို တင္ေပးခဲ့တာ ျဖစ္ပါသတဲ့။

ေခါင္းေလာင္းႀကီးရဲ႕ အေလးခ်ိန္ဟာ တန္ခ်ိန္ ၁၈၀ ျဖစ္တယ္။ က်ိဳးပဲ့ ထြက္သြားတဲ့ အပိုင္းတင္ ၁၁ တန္ခြဲအေလးခ်ိန္ ရွိပါသတဲ့။
အျမင့္ေပ ၂၀ ၊ အခ်င္း ၂၁ ေပ ခြဲ ရွိပါသတဲ့။ ဇာေခါင္းေလာင္းႀကီးဟာ မင္းကြန္း ေလာင္းေခါင္းႀကီးထက္ ၅၅ ႏွစ္ ပိုေစာတယ္။ အေလးခ်ိန္ ၂ ဆ ပိုတယ္ ဆိုေပမယ့္ မေအာင္ျမင္တဲ့ ေခါင္းေလာင္းႀကီး ျဖစ္ပါတယ္။မင္းကြန္း ေခါင္းေလာင္းႀကီးဟာ ၁၉၀၀ ျပည့္ႏွစ္ အထိ ကမာၻ႔အႀကီးဆုံး ထိုးႏွက္လို႔ရတဲ့ ေခါင္းေလာင္း (working bell) ျဖစ္ေနခဲ့ပါတယ္။

သို႔ေပမယ့္ ၁၉၀၂ ႏွစ္မွာ ဂ်ပန္ႏိုင္ငံ ၊ အိုဆာကာ ကြၽန္းေပၚက Shi-Tenno- ji ဘုရားေက်ာင္းရဲ႕ ေခါင္းေလာင္းႏွင့္၂၀၀၀ ခုႏွစ္ တိတိမွာ တ႐ုတ္ႏိုင္ငံ ၊ ေဟးနန္ Henan ၿမိဳ႕၊ Pingdingshan ဘုရားေက်ာင္းေတြမွာ ရွိတဲ့ ေခါင္းေလာင္းေတြ အသီးသီး သြန္းလုပ္ၿပီးတဲ့ ေနာက္မွာေတာ့မင္းကြန္းေခါင္းေလာင္းႀကီးက တတိယ အႀကီးဆုံး ေနရာကို ေရာက္ရွိသြားခဲ့ပါတယ္။ အခု ျမင္ေနရတဲ့ ပုံက ၁၈၈၃ ခုႏွစ္ကပုံ ျဖစ္ပါတယ္။
Credit..Suggested For You
Unicode

“မင်းကွန်းခေါင်းလောင်းကြီးထက် ပိုကြီးပြီး အသံ လုံး၀ မမြည်သည့် ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းကြီးအကြောင်း”

“မင်းဖြူမှန်မှန်ပြော” ဆို ကျနော်တို့ အားလုံးက မင်းကွန်းခေါင်းလောင်းကြီးလို့ သိထားပြီးသား ဖြစ်ပါတယ်။ ကမ္ဘာ့ ဒုတိယ အကြီးဆုံးခေါင်းလောင်း ဖြစ်တယ်။ပထမ အကြီးဆုံးက ရုရှားနိုင်ငံက ခေါင်းလောင်းကြီး ဖြစ်တယ်ဆိုပြီး သိထားခဲ့ကြတာ မဟုတ်လား။ အခု ပြောပြမှာက ရုရှားနိုင်ငံ မော်စကိုမြို့မှာရှိတဲ့ အဲ့ဒီ ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းကြီး အကြောင်းပါ”။ခေါင်းလောင်းကြီးကို Tsar – Kolokol III (ဇာ ခိုလိုကို လို့ အသံထွက်တယ်) ဆိုပေမယ့် The Tsar Bell လို့သာ ခေါ်ကြတယ်။ဇာ ခေါင်းလောင်းပေါ့။

မော်စကို မြို့ပေါ်က ခရင်မ်လင် နန်းတော်ရာမှာ ဒီနေ့အထိ ပြထားပါတယ်။ဇာခေါင်းလောင်းကြီးအကြောင်း မူခွဲတွေ ရှိပြီး အမျိုးမျိုး ပြောကြပေမယ့် အခုပြောမယ့် အကြောင်းအရာကို ဖြစ်နိုင်တယ်၊ ဖြစ်တန်ကောင်းပါရဲ့ လို့ ယူဆပါတယ်”။ခေါင်းလောင်းကြီးကို ကြေးသွန်းဆရာ အကျော်အမော် ဖြစ်တဲ့ Ivan Motorin နှင့် သား ဖြစ်သူ Mikhail တို့က အလုပ်သမား ၂၀၀ ကျော်နဲ့ ၁၇၃၄ မှာ စတင် သွန်းလုပ်ပါတယ်။

၁၇၃၇ ခုနှစ်အထိ မပြီးစီးနိုင်သေးဘဲ ကြေးသွန်းရာ နေရာမှာဘဲ ရှိနေပါသေးတယ်။ အပျောက်အမွှန်းတွေ၊ အရုပ်တွေ ပုံဖော်နေရတာကြောင့် လို့ ဆိုပါတယ်။ဖြစ်ချင်တော့ အဲ့ဒီနှစ်မှာ မီးကြီးလောင်တယ်။ မီးဒဏ် သင့်တယ်။ ခေါင်းလောင်းတင်ထားတဲ့ သစ်သားစဉ်ကို မီးလောင်ရာက ခေါင်းလောင်းကြီး ပြုတ်ကျပီး ပဲ့ထွက်သွားပါသတဲ့။

ဖြစ်ချင်တော့ အဲ့ဒီနှစ်မှာ မီးကြီးလောင်တယ်။ မီးဒဏ် သင့်တယ်။ ခေါင်းလောင်းတင်ထားတဲ့ သစ်သားစဉ်ကို မီးလောင်ရာက ခေါင်းလောင်းကြီး ပြုတ်ကျပီး ပဲ့ထွက်သွားပါသတဲ့။အမှန်တော့ မီးလောင်လို့ ခုံပေါ်က ပြုတ်ကျပီး ပဲ့ထွက်တာ မဟုတ်ဖူး။ခေါင်းလောင်း သွန်းလုပ်စဉ်ကတည်း အစီအစဉ် မကျဘူး။သွန်းလုပ်နေဆဲမှာဘဲ ကြေးမလောက်လို့ ရပ်နားထားရတာကြောင့် ၃ ခါ ပြန် လုပ်ရပါသတဲ့။ အဲ့ဒီမှာ လက်ရာ မကောင်းလို့ သွန်းလုပ်ပြီးစမှာဘဲ ပဲ့ကျတယ်။

မီးလောင်တဲ့ နှစ်နဲ့ တိုးတော့ မီးကို အပြစ်တင်ရင်း ရောချလိုက်တာသာ ဖြစ်တယ်လို့လည်း ဆိုကြတယ်။ပြောချင်တာက ခေါင်းလောင်းကြီးက ခေါင်းလောင်းစဉ်ပေါ် ရောက်မလာခဲ့သလို တစ်ခါမှလည်း အသံမြည်အောင် ခေါင်းလောင်း မထိုးခဲ့ရပါဘူးတဲ့။စိတ်ညစ်ညစ်နဲ့ ပစ်ထားရင်း ၁၈၃၆ ခုနှစ်မှာ ဗိသုကာ အကျော်မော် Auguste Montserrand ဆိုသူက ခုမြင်နေရတဲ့ ကျောက်ခုံပေါ်ကို တင်ပေးခဲ့တာ ဖြစ်ပါသတဲ့။

ခေါင်းလောင်းကြီးရဲ့ အလေးချိန်ဟာ တန်ချိန် ၁၈၀ ဖြစ်တယ်။ ကျိုးပဲ့ ထွက်သွားတဲ့ အပိုင်းတင် ၁၁ တန်ခွဲအလေးချိန် ရှိပါသတဲ့။
အမြင့်ပေ ၂၀ ၊ အချင်း ၂၁ ပေ ခွဲ ရှိပါသတဲ့။ ဇာခေါင်းလောင်းကြီးဟာ မင်းကွန်း လောင်းခေါင်းကြီးထက် ၅၅ နှစ် ပိုစောတယ်။ အလေးချိန် ၂ ဆ ပိုတယ် ဆိုပေမယ့် မအောင်မြင်တဲ့ ခေါင်းလောင်းကြီး ဖြစ်ပါတယ်။မင်းကွန်း ခေါင်းလောင်းကြီးဟာ ၁၉၀၀ ပြည့်နှစ် အထိ ကမ္ဘာ့အကြီးဆုံး ထိုးနှက်လို့ရတဲ့ ခေါင်းလောင်း (working bell) ဖြစ်နေခဲ့ပါတယ်။

သို့ပေမယ့် ၁၉၀၂ နှစ်မှာ ဂျပန်နိုင်ငံ ၊ အိုဆာကာ ကျွန်းပေါ်က Shi-Tenno- ji ဘုရားကျောင်းရဲ့ ခေါင်းလောင်းနှင့်၂၀၀၀ ခုနှစ် တိတိမှာ တရုတ်နိုင်ငံ ၊ ဟေးနန် Henan မြို့၊ Pingdingshan ဘုရားကျောင်းတွေမှာ ရှိတဲ့ ခေါင်းလောင်းတွေ အသီးသီး သွန်းလုပ်ပြီးတဲ့ နောက်မှာတော့မင်းကွန်းခေါင်းလောင်းကြီးက တတိယ အကြီးဆုံး နေရာကို ရောက်ရှိသွားခဲ့ပါတယ်။ အခု မြင်နေရတဲ့ ပုံက ၁၈၈၃ ခုနှစ်ကပုံ ဖြစ်ပါတယ်။
Credit..Suggested For You

Crd