မကြာသေးခင်ကမှလျှော့ချလိုက်တဲ့ထိပ်တန်းလျှို့ဝှက်ချက်၁၀ခု

News

မင်္ဂလာပါရှင်။ 2020ကတော့ထိပ်တန်းလျှို့ဝှက်ချက်တွေလျှော့ချလိုက်တဲ့နှစ်ကောင်းတစ်နှစ်လို့ပြောရမှာပါပဲ။နယူကလိယစွမ်းအင်နဲ့မောင်းနှင်နေတဲ့ဒရုန်းတွေကစလို့ပန်းကန်ပြားပျံယာဉ်တွေကအမှန်တကယ်ဖြစ်တယ်ဆိုတာအသိအမှတ်ပြုတဲ့အထိပါပဲ။မကြာသေးခင်ကမှလျှော့ချလိုက်တဲ့ထိပ်တန်းလျှို့ဝှက်ချက်၁၀ခုရှိပါတယ်။

၁၀ ကွန်မြုနစ်ဝါဒထောက်လှန်းရေးဒရုန်းများ

မကြာခင်ကမှထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်အရစစ်အေးတိုက်ပွဲခေတ်မှာကွန်မြူနစ်တွေကိုလျှို့ဝှက်ထောက်လှန်းဖို့အတွက်CIAကငှက်ပုံစံနူးကလိယဒရုန်းတွေအသုံးပြုခဲ့တယ်လို့ဖော်ပြထားပါတယ်။ငှက်လို့ကျွန်မပြောလိုက်တယ်မို့လား၊ဟုတ်ပါတယ်သင်တို့နားကြားမှားတာမဟုတ်ပါဘူး။အဲ့ဒီဒရုန်းကိုငှက်ပုံစံဒီဇိုင်းဆွဲထားတာဖြစ်ပြီးရရှားနဲ့တရုတ်နိုင်ငံတွေမှာလျှို့ဝှက်ဓာတ်ပုံတွေရိုက်ယူရင်းထောက်လှမ်းရေးတွေပြုလုပ်နေတာပါ။ဒီမစ်ရှင်ရဲ့အဓိကအပိုင်းကတော့ဒီဒရုန်းကသိပ်ပြီးမြင်သာမှာမဟုတ်ပါဘူး။ဘာလို့လဲဆိုရင်ဒါကတကယ်ကြီးတဲ့ငှက်ပုံနဲ့တော်တော်တူနေလို့ပါပဲ။အဲ့ဒီဒရုန်းတွေက၁.၅မီတာရှည်ပြီးတော့၂.၃မီတာအကျယ်ရှိပါတယ်။အလေးချိန်ကတော့၃၇.၆ကီလိုမီတာလေးပါတယ်။အဲ့ဒီစီမံကိန်းကိုတော့လင်းယုန်စီမံကိန်းလို့ခေါ်ကြတာပါ။တကယ်တော့ဒီပရောဂျက်ကိုရှုပ်ထွေးတဲ့နည်းပညာတွေကြောင့်အဆုံးသတ်လိုက်တာပါ။ဒီလိုရေဒါနဲ့ဖမ်းလို့မရတဲ့လေယာဉ်မျိုးကို၆၀ခုနှစ်၇၀ခုနှစ်တွေမှာအသုံးပြုခဲ့တာဖြစ်ပြီးဧရိယာ၅၁အပြင်မှာပျံသန်းခဲ့ကြတာပါ။မူလပရောဂျက်ကတော့ဒီလိုဒရုန်းတွေဒါဇင်လိုက်နယူကလိယစွမ်းအင်သုံးပြီးလွှတ်ဖို့စီစဉ်ခဲ့တာပါ။ပြီးတော့လေထဲမှာတစ်လလောက်ပျံနေနိုင်မှာဖြစ်ပြီးကမ္ဘာ့ပထမဆုံးထောက်လှန်းရေးယာဉ်တွေဖြစ်လာဖို့ပါပဲ။ဒီဟာကိုတော့မကြာသေးခင်ကမှCIAကလျှော့ချလိုက်တာဖြစ်ပြီးသူတို့ရဲ့ရည်ရွယ်ချက်ကတော့ကွန်မြူနစ်နိုင်ငံတွေရဲ့တားမြစ်နေရာတွေကနေစစ်ရေးစစ်ရာသတင်းတွေထောက်လှန်းဖို့ဖြစ်နိုင်ပါတယ်။

၉ ရုရှားစစ်ဆင်ရေးအပေါ်ထုတ်ပြန်ထားတဲ့FBIရဲ့တင်ပြချက်

သတင်းအချက်အလက်တွေအရFBIကခရစ်စတိုဖာရဲ့စစ်သတင်းအချက်အလက်တွေကိုဆက်ပြီးတော့ရယူသွားမယ်လို့ပြောထားတာပါ။ခရစ်စတိုဖာဆိုတာကရရှားနဲ့ထရမ့်ကြားမှာသက်သေမရှိဘဲစွပ်စွဲထားတဲ့ဗြိတိန်စပိုင်တစ်ယောက်ပါ။CIAကတော့ခရစ်စတိုဖာရဲ့စွပ်စွဲချက်တွကသက်သေမရှိဘူးလို့သတိပေးထားတာပါ။ထုတ်ပြန်ထားချက်မှာတော့၂၀၁၆ရွေးကောက်ပွဲမှာရရှားရဲ့ဝင်ရောက်စွက်ဖက်မှုအရခရစ်စတိုဖာစတီးရဲ့အချက်အလက်တွေကိုစစ်ရေးကိစ္စတွေမှာထည့်ပြီးစဉ်းစားဖို့FBIကတွန်းအားပေးခဲ့တာလို့ပြောထားပါတယ်။CIAကဒီအချက်နဲ့ပတ်သတ်ပြီးသူတို့နဲ့ဆန်ကျင်ခဲ့တာတောင်မှအဲ့ဒီအတိုင်းလုပ်ခဲ့တာပါ။CIAရဲ့ပြောချက်အရတော့ဒါဟာယုံကြည်ရတဲ့အခိုက်အတန့်မဟုတ်တာကြောင့်ထုတ်ပြန်ချက်ထဲမှာလုံးဝမထည့်သင့်ဘူးလို့ပြောထားတာပါ။စုံစမ်းစစ်ဆေးရေးတွေကစတီးရဲ့သတင်းအချက်အလက်တွေကမမှန်ကန်ဘူးလို့ပြောနေတာတွေရှိနေတာတောင်မှFBIကတော့သူ့ရဲ့အချက်အလက်တွေကရွေးကောက်ပွဲမှာရရှားရဲ့စွက်ဖက်မှုရှိမရှိဆိုတဲ့မေးခွန်းနဲ့ကိုက်ညီတယ်လို့ပြောနေတုန်းပါပဲ။အနှစ်ချုပ်ပြောရရင်တော့ဒီတင်ပြချက်ထဲမှာCIAကအချက်အလက်တွေကိုအခြေအမြစ်မရှိဘူး။စစ်ရေးစစ်ရာကိစ္စတွေကိုရောထွေးစေတယ်လို့ပြောနေပေမယ့်FBIကတော့ဒီအချက်အလက်တွေကိုသုံးနေတယ်ဆိုတာပါပဲ။

၈ စကော့တလန်မှာရှိတဲ့ပန်းကန်ပြားပျံယာဉ်

ပန်းကန်ပြားပျံတွေ့ခဲ့တဲ့အကြောင်းကိုအမှန်တကယ်ဖြစ်ကြောင်းထုတ်ပြန်လိုက်တာပါ။CIA X ဖိုင်ရဲ့အချက်အလက်တွေကိုဆက်ပြီးချပြသွားမှာပါ။နောက်ဆုံးထုတ်ပြန်ထားတဲ့ဒီထုတ်ပြန်ချက်ကိုUSကစင်တရယ်အင်တယ်လီဂျန့်စ်အေဂျင်စီကနေစတင်ခဲ့တာဖြစ်ပြီးဆန်းကျယ်မှုတစ်ခုကိုတင်ပြခဲ့တာပါ။စကော့တလန်ရဲ့အထက်ပေပေါင်း၁၄၀၀၀၀နဲ့၆၀၀၀၀၀အတွင်းမှာပျံနေတဲ့အရာဝတ္ထုတစ်ခုကိုတွေ့ခဲ့ကြတယ်ဆိုတဲ့၅၀ခုနှစ်နောက်ပိုင်းတွေကိုပြန်သွားကြည့်ရအောင်ပါ။အဲ့ဒီအချိန်တုန်းကစကော့တလန်မှာအခြေစိုက်နေတဲ့လေတပ်မှူးwp whiteworth (ဒဗလူပီဝှိုက်ဝို့)ရဲ့ပြောစကားအရတော့အဲ့ဒီအရာဝတ္ထုကသေချာပေါက်လုပ်ထားတာဖြစ်ပြီးမတော်တဆဖြစ်လာတာတစ်ခုတော့မဟုတ်ပါဘူး။သူကထင်ရှားတဲ့စက်ဝိုင်းပုံစံအတိုင်းလှည့်ပတ်နေခဲ့ပြီးအဲ့ဒါကိုတစ်ခုခုကနေထိန်းချုပ်နေတာဖြစ်နိုင်ပါတယ်။နောက်ဆုံးတော့ပန်းကန်ပြားပျံကအစစ်အမှန်ဖြစ်ကြောင်းနဲ့သူတို့ကိုရည်ရွယ်ချက်ရှိရှိထိန်းချုပ်ထားတာဖြစ်နိုင်ကြောင်းဖော်ပြပြီးတင်ပြချက်ကိုအဆုံးသတ်ထားတာပါ။ဒါပေမယ့်xဖိုင်မှာတော့ဂြိုလ်သားတွေဆိုတာဘယ်လိုပုံစံရှိကြောင်းပြောဖို့အတွက်ဒီသက်သေတွေကအကြမ်းဖျင်းပဲရှိသေးတာကြောင့်မဖြစ်နိုင်သေးဘူးလို့ပြောထားတာပါ။ဒါပေမယ့်ဒါဟာကမ္ဘာ့လေထုထဲကိုဝင်ရောက်လာပြီးကျွန်မတို့မြို့တွေပေါ်မှာပျံသန်းနေတဲ့ပန်းကန်ပြားပျံအကြောင်းတော့အတည်ပြုထားပါတယ်။အဲ့ဒါကတော့၁၉၅၀ခုနှစ်တွေတုန်းကဖြစ်ခဲ့တာပါ။

၇ ဗြိတိန်ရဲ့လျှို့ဝှက်ချက်များ

ဒီမှာတော့ဖိုင်တွေကိုထုတ်ဖော်ချပြတာနဲ့နည်းနည်းကွဲပြားနေပါလိမ့်မယ်။ဘာလို့လဲဆိုတော့UKအစိုးရကသူတို့အရင်အစိုးရတွေရေးခဲ့တဲ့ဖိုင်ပေါင်း၆၀၀၀လောက်ကိုလျှို့ဝှက်ထားဖို့လုပ်ခဲ့တာပါ။သူတို့ကိုနေရီင်နယ်မော်ကွန်းတိုက်ဆီပြောင်းထားဖို့လုပ်ခဲ့တာပါ။အခြေခံအားဖြင့်တော့ဗြိတိန်အစိုးရကပြည်သူတွေကိုချပြရမယ့်အစားအဲ့ဒီစာတွေကိုဆင်ဆာဖြတ်ပြီးအချက်အလက်တွေကိုသိမ်းထားဖို့လုပ်ခဲ့တာပါ။ဒေးလီးမားဗရစ်ရဲ့တင်ပြချက်တစ်ခုအရတော့အဲ့ဒီထဲကတစ်ချို့ကဆော်ဒီအာရေးဗီးယားနဲ့အဲ့ဒီကတစ်ချို့ကြေးစားတွေရဲ့အကြောင်းတွေပါဝင်တယ်လို့ပြောပါတယ်။တကယ်လို့ဒီအကြောင်းတွေကမကောင်းတာသာမဟုတ်ဘူးဆိုရင်ဘာလို့ဒီလိုဆင်ဆာတွေဖြတ်ပြီးလျှို့ဝှက်ထားလဲ၊အတိအကျပြောရရင်၁၉၈၉ခုနှစ်လောက်ကကိစ္စကိုချပြဖို့ဘာလို့ငြင်းဆိုခဲ့လဲဆိုတာမတွေးတတ်တော့ပါဘူး။ဒါဟာအဆင့်တိုင်းမှာကိုစိုးရိမ်စရာကောင်းနေတာပါ။အစိုးရကဘာတွေလုပ်နေတယ်ဆိုတာပွင့်ပွင့်လင်းလင်းချပြရမယ့်အစားသူတို့လှုပ်ရှားမှုတွေကိုဖုံးကွယ်ထားတာပါ။အဲ့ဒီမှာအစိုးရကလျှို့ဝှက်ဖို့တောင်းဆိုတဲ့ထဲကတစ်ရာမှာ၉၉ခုလောက်ကိုအဖွဲ့အစည်းတွေကဖုံးကွယ်ထားပေးထားတာဖြစ်ပြီးဖိုင်ပေါင်းထောင်နဲ့ချီရှိနေပါပြီ။ပြောချင်တာကအစိုးရလျှို့ဝှက်ချင်နေတဲ့ဖိုင်၁၀၀ထဲကတစ်ခုလောက်သာပြည်သူတွေသိရတာပါ။ဒီကနေတစ်ဆင့်အစိုးရတွေကဘယ်လိုတောင်ခိုးကြောင်ခိုးဝှက်တွေလုပ်နေလဲဆိုတာသိရမှာပါ။

၆ အက်တမ်ဗုံး

မကြာသေးခင်ကUSကထုတ်ပြန်ထားချက်မှာ၁၉၄၅ခုနှစ်ကနာဂါဆာကီမြို့မှာအက်တမ်ဗုံးကြဲခဲ့တဲ့ဆုံးဖြတ်ချက်အကြောင်းကိုပြန်ပြောထားပါတယ်။၁၉၄၅ခုဧပြီလတုန်းကusကတိုကျို၊ရိုကိုဟားမား၊ကျိုတို၊အိုဆာကာ၊ရှီမိုနိုဆဲခီအပါအဝင်ဂျပန်မှာရှိတဲ့မြို့၁၄မြို့ကိုဗုံးကြဲဖို့စဉ်းစားနေခဲ့တာပါ။ဒါပေမယ့်ဒီထုတ်ပြန်ချက်မှာပြောထားတာကတော့နာဂါဆာခီမြို့ကိုစစ်ကြီးမပြီးခင်တစ်လလောက်အလိုပထမဗုံးကြဲပြီးနှစ်ပတ်လောက်အကြာဇူလိုင်၂၄ရက်ကမှပစ်မှတ်စာရင်းမှာထည့်ခဲ့တာပါတဲ့။ပထမအက်တမ်ဗုံးကိုတော့၁၉၄၅ခုဩဂုတ်လ၆ရက်နေ့ကဟီရိုရှီးမားမှာကြဲခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့စစ်ဗိုလ်မှုးတွေကအခုလက်ရှိလူ၂၄သန်းလောက်နေနေတဲ့တိုကျိုကိုနောက်ထပ်ပစ်မှတ်အဖြစ်သတ်မှတ်ချင်ကြတာပါ။ဒါပေမယ့်ဝါရှင်တန်ကနောက်ဆုံးထပ်ထည့်ထားတဲ့ပစ်မှတ်ဖြစ်တဲ့နာဂါဆာခီမှာပဲကြဲဖို့ဆုံးဖြတ်ခဲ့တာပါ။ဘာလို့လဲဆိုရင်သူတို့ဒီဗုံးရဲ့ဖောက်ခွဲနိုင်စွမ်းကိုပြချင်လို့ပါပဲ။ဒါ့အပြင်ဂျပန်မှာရှိတဲ့မြို့တိုင်းကိုဗုံးကြဲဖို့အမိန့်ပေးခဲ့တာမဟုတ်ပါဘူး။ဘာလို့လဲဆိုရင်usကတခြားမြို့တွေကိုတတ်နိုင်သလောက်မထိခိုက်စေချင်လို့ပါပဲ။

၅ USရေတပ်နဲ့ပန်းကန်ပြားပျံ

အခုနောက်ပိုင်းမှာပန်းကန်ပြားပျံနဲ့ပတ်သတ်တဲ့တင်ပြချက်တစ်ခုပဲရှိတယ်လို့ထင်ရင်တော့မှားပါတယ်။မကြာသေးခင်ကcnnကUSက နေဗီတပ်တွေနဲ့ဘာမှန်းသေချာမသိရတဲ့အာကာသယာဉ်ကြားကထိပ်တိုက်တွေ့ဆုံမှုအကြောင်းကိုထုတ်ပြန်ထားပါတယ်။ဒီအကြောင်းကိုတော့အမေရိကန်လက်နက်ကိုင်ဌာနချုပ်ကစထွက်ခဲ့တာဖြစ်ပြီးထိပ်တိုက်တွေ့ဆုံမှု၃ခုရဲ့ဗီဒီယိုတွေတောင်ထွက်လာပါသေးတယ်။ပြီးတော့ဒါက၂၀၂၀မေလတုန်းကမှလောလောလတ်လတ်သိထားရတာပါ။တစ်ခုမှာဆိုရင်အဲ့ဒီယာဉ်ကငွေရောင်ဖြစ်ကြောင်း၊ခရီးဆောင်အိတ်အရွယ်အစားလောက်ရှိကြောင်းပြောထားပါတယ်။၂၀၁၄မတ်လ၂၆ရက်တုန်းက နေဗီဂျက်လေယာဉ်fa18ကအဲ့ဒီယာဉ်နဲ့ပေ၁၀၀၀အတွင်းကနေဖြတ်သွားတာဖြစ်ပေမယ့်အဲ့ဒီယာဉ်ကဘယ်သူဘယ်ဝါပိုင်ကြောင်းကိုတော့မဖော်ထုတ်နိုင်လိုက်ပါဘူးတဲ့။နေဗီယာဉ်မှူးကမြင်နိုင်သမျှသိရဖို့အတွက်အနီးကပ်သွားခဲ့ပေမယ့်ပျောက်ကွယ်သွားတယ်လို့ပြောထားတာပါ။အစကတော့ဒီတင်ပြချက်ကိုရုံးလုပ်ငန်းအတွက်ပဲသုံးဖို့ရည်ရွယ်ထားပေမယ့်အခုတော့ပြည်သူတွေအားလုံးကိုပါချပြထားတာပါ။အခုဆိုပွင့်လင်းတဲ့သတင်းအချက်အလက်တွေရဲ့ကျေးဇူးနဲ့ဒီတင်ပြချက်တွေကိုသင်ကိုယ်တိုင်ကြည့်လို့ရနေပါပြီ။ဗီဒီယိုထဲမှာတော့ဘာမှန်းမသိတဲ့ယာဉ်ကအင်ဖရာရက်ကင်မရာထဲမှာလျင်လျင်မြန်မြန်ပဲရွေ့နေတာကိုတွေ့ရမှာပါ။

၄ စစ်ဘက်ဆိုင်ရာအဆိပ်အတောက်တွေ

မကြာသေးခင်ကကာကွယ်ရေးဌာနကစာရွက်စာတမ်းတွေကိုနှစ်ပါတီဥပဒေပြဌာန်းသူအဖွဲ့တစ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။အဲ့ဒီစာရွက်စာတမ်းတွေတော့တော်တော်တော့စိတ်မချမ်းသာစရာပါပဲ။9/11တိုက်ခိုက်မှုအပြီးအာရှအလယ်ပိုင်းကအခြေစိုက်စခန်းတွေကိုတပ်ဖြန့်သွားတဲ့usစစ်သားတွေကအန္တရာယ်ရှိတဲ့အဆိပ်တွေနဲ့တခြားအရာတွေကိုထိတွေ့နေခဲ့ကြရတာပါ။ဒါကြောင့်မို့လည်းအဲ့ဒီစခန်းတွေကအဖွဲ့ဝင်တွေမှာကင်ဆာဖြစ်နှုန်းတွေမြင့်တက်လာတာနဲ့တိုက်ရိုက်သက်ဆိုင်နေတယ်လို့လူအများကယုံကြည်ကြပါတယ်။အဲ့ဒီအခြေစိုက်စခန်းကအစောပိုင်းဆိုဗီယက်စစ်ဘက်ဆိုင်ရာစခန်းဖြစ်ပြီးတော့ကာရှီကာနာဘာလို့ခေါ်ပြီးဥဘက်ကစ်စကန်တောင်ပိုင်းမှာရှိနေတာပါ။သူ့ကိုk2လို့လည်းခေါ်ကြပါတယ်။သူကတော့၉/၁၁အပြီးမှာအာဖဂန်နစ်စတန်ကတာလီဗန်နဲ့အယ်ခိုင်ဒါကိုဖမ်းတုန်းကယူအက်စစ်တပ်ရဲ့ရုံးချုပ်အဖြစ်ဆောင်ရွက်ခဲ့တာပါ။cnnသတင်းတွေအရ၂၀၀၁ခုနှစ်ကနေ၂၀၀၅ခုနှစ်အတွင်းမှာအဲ့ဒီစခန်းမှာအမေရိကန်စစ်သားပေါင်းထောင်နဲ့ချီပြီးတပ်ဖြန်ခဲ့တာလို့ပြောထားပါတယ်။အသစ်ထွက်လာတဲ့တင်ပြချက်မှာတော့အဲ့ဒီစခန်းဝန်းကျင်ကမြေတွေကလေယာဉ်လောင်စာဆီတွေကြောင့်ညစ်ညမ်းနေတာဖြစ်ပြီးအဲ့ဒီစခန်းမှာဖျက်စီးပစ်ခဲ့တဲ့ဆိုဗီယက်ဒုံးကျည်ကြောင့်အငွေ့တွေကိုရှူရှိုက်နေရတာကကျန်းမာရေးကိုဆိုးဆိုးဝါးဝါးသက်ရောက်နိုင်တယ်လို့ပြောထားတာပါ။ဖုန်မှုန့်တွေကကျောက်မှုန့်တွေယူရေနီယံအမှုန့်တွေနဲ့ညစ်ညမ်းနေတာဖြစ်ပြီးရှူသွင်းလို့ကောင်းတဲ့အရာတွေတော့မဟုတ်ပါဘူး။

၃ ချာနိုးဘိုင်းဖိုင်

စာရွက်စာတမ်းတွေကိုယူကရိန်းအစိုးရကထုတ်ပြန်ခဲ့တာဖြစ်ပြီးအဲ့ဒီထုတ်ပြန်ချက်မှာကမ္ဘာ့အဆိုးဆုံးနယူကလိယပေါက်ကွဲမှုတစ်ခုဖြစ်တဲ့ချာနိုးဘိုင်းပေါက်ကွဲမှုအကြောင်းကိုပြောထားတာပါ။အဲ့ဒီစာရွက်စာတမ်းတွေက၁၉၈၆ခုနှစ်ချာနိုးဘိုင်းမတော်တဆမှုအကြောင်းပြောနေပြီးတော့ဘရာဇယ်တိုင်းမ်ကတင်ပြထားသလိုပဲ the KGB’s Chernobyl dossier:From construction to the accidentဆိုတဲ့စာအုပ်ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ်ထုတ်ဝေခဲ့တာပါ။ဒီထဲမှာတော့ဆောက်လုပ်ရေးဘက်ကအမှားတစ်ချို့ကိုပြောထားတာပါ။ဒီအမှားတွေကြောင့်၁၉၈၆ခုနှစ်ဧပြီလကသေစေနိုင်တဲ့ပေါက်ကွဲမှုကြီးဖြစ်ခဲ့တာလို့လည်းယုံကြည်ထားကြတာပါ။ဒီပေါက်ကွဲမှုကနေမှရေဒီယိုသတ္တိကြွတွေကိုတစ်ကမ္ဘာလုံးကိုပျံ့သွားမယ့်လေထုထဲပို့ပေးလိုက်တယ်ဆိုတာလည်းမမေ့ပါနဲ့ဦး။အခုအဲ့ဒီနေရာကိုချာနိုးဘိုင်းသီးသန့်ဇုန်အဖြစ်သတ်မှတ်ထားပါတယ်။ဒီဖိုင်တွဲကိုအချိန်တော်တော်ကြာပိတ်ထားရာကနေအခုတော့ဒီလိုဖွင့်ချချက်တွေကနေနူးကလိယဓာတ်အားပေးစက်ရုံဆောက်ကတည်းကပြဿနာတွေရှိခဲ့တာဖြစ်ပြီးမဖြေရှင်းမိဘဲထားခဲ့ရာကနေနောက်ဆုံးမှာဒီလိုပေါက်ကွဲမှုကြီးဖြစ်ရတာလို့သိခဲ့ရပါတယ်။ဒီအထောက်အထားတွေအရဒါဟာဆောက်လုပ်ရေးစံချိန်စံညွှန်းတွေကိုရည်ရွက်ချက်ရှိရှိချိုးဖောက်တာဖြစ်ပြီးဒီချိုးဖောက်မှုတွေကြောင့်ထောင်နဲ့ချီတဲ့အသက်တွေမလိုအပ်ဘဲသေခဲ့ရတာပါ။

၂ ပြန်လည်လျှို့ဝှက်လိုက်တဲ့ပြင်သစ်မှတ်တမ်းများ

၂၀၂၀အစောပိုင်းမှာပြင်သစ်မှာဖြစ်သွားတဲ့ကိစ္စကUKမှာဖြစ်တဲ့ကိစ္စနဲ့ဆင်တူပါတယ်။ဒါကတော့ပြင်သစ်အရာရှိတစ်ယောက်က၁၉၄၀ခုနှစ်ကနေယခုအချိန်ထိစာရွက်စာတမ်းတွေချပြရေးနဲ့ပတ်သတ်တဲ့အရေးကြီးစည်းမျဉ်းတစ်ခုကိုပြောင်းလိုက်တာပါ။ဒါကတော့ဒုတိယကမ္ဘာစစ်၊ပထမအင်ဒိုချိုင်းနားစစ်ပွဲနဲ့အာဂျီးရီးယန်းစစ်ပွဲတွေက ပြင်သစ်ရဲ့ကာကွယ်ရေးနဲ့ပတ်သတ်တဲ့မော်ကွန်းမှတ်တမ်းတွေကိုလူထုကိုချပြထားရာကနေလျှို့ဝှက်ချက်အဖြစ်ပြန်ပြီးထိန်းသိမ်းထားလိုက်တာပါ။ဒါဟာညတွင်းချင်းပြောင်းလဲသွားတာဖြစ်ပြီးဒီအချက်ကြောင့်မော်ကွန်းတွေနဲ့ပတ်သတ်ပြီးရှုပ်ထွေးမှုတွေဖြစ်သွားတာပါ။ဒါ့အပြင်အရေးပါတဲ့ပြည်သူတွေသိသင့်တဲ့အချက်အလက်တွေအားလုံးလဲပိတ်သွားခဲ့တာပါ။ဒါဟာသမိုင်းပညာရှင်တွေအတွက်ပဲနစ်နာတာမဟုတ်ပါဘူး။ပြည်သူတွေအားလုံးအတွက်လည်းနစ်နာမှုတစ်ခုပါ။အစိုးရတော်တော်များများဒီလိုအချက်အလက်တွေကိုဖုံးကွယ်ပြီးသမိုင်းကိုဖျောက်ပစ်ချင်နေကြပုံပါပဲ။ဒါကိုပူးပေါင်းလုပ်ကြံမှုအနေနဲ့မြင်လာနိုင်ပါတယ်။တစ်ချို့တိုးတက်တဲ့နိုင်ငံတွေမှာသူတို့ချပြထားပြီးသားသမိုင်းအချက်အလက်တွေကိုပြန်ဖုံးကွယ်နေကြတာပါ။တစ်ခုခုတော့တော်တော်လေးလွဲနေပြီထင်တယ်။

၁ ပူတင်ရဲ့ကိုယ်ရေးအချက်အလက်များ

အသစ်ထွက်လာတဲ့ဖိုင်ထဲမှာရရှားသမ္မတပူတင်ရဲ့အချက်အလက်တွေကိုဖော်ပြထားတာပါ။ဒီစာရွက်စာတမ်းတွေမှာစာပိုဒ်၆ပိုဒ်ပါရှိပြီးတော့ပူတင်ကိုစိတ်ဓာတ်တည်ကြည်ကြောင်း၊တာဝန်ကျေပွန်ကြောင်း၊အလွန်စည်ကမ်းရှိကြောင်းချီးမွမ်းထားတာပါ။ဒါ့အပြင်ပူတင်ရဲ့နိုင်ငံရေးအဆင့်အတန်းတွေကလည်းတစ်နေ့တစ်ခြားမြင့်လာကြောင်းပြောထားပါသေးတယ်။ဒါတင်မကသေးပါဘူး။၁၉၈၀လောက်ကယူနီဖောင်းနဲ့ရိုက်ထားတဲ့ဓာတ်ပုံလှလှလေးတောင်ထည့်ပေးထားပါသေးတယ်။ဒီအချက်အလက်တွေကပူတင်ကိုအကောင်းပြောဖို့သပ်သပ်ဖြန့်ဝေခဲ့တာပါ။ပြီးတော့ဒီထဲကအချက်တော်တော်များများကလည်းခုမှသိရတာမဟုတ်ပါဘူး။ဒါပေမယ့်ဒီလိုသမ္မတတစ်ယောက်ရဲ့လွန်ခဲ့တဲ့နှစ်လေးဆယ်လောက်ကမူရင်းဖိုင်အစစ်ကိုသိခွင့်ရတာကတော့တော်တော်လေးစိတ်ဝင်စားစရာကောင်းပါတယ်။ဒီထုတ်ဝေချက်မှာအယောက်၉၀လောက်အကြောင်းသေချာရေးထားတာဖြစ်ပြီးသူတို့ရဲ့စစ်ဘက်ဆိုင်ရာ၊သိပ္ပံပညာဆိုင်ရာ၊နိုင်ငံရေးနဲ့တခြားအနုပညာဆိုင်ရာစတဲ့အောင်မြင်မှုတွေကိုပါဖော်ပြပေးထားတာပါ။ဟိုတစ်ချိန်တုန်းကလူငယ်ကွန်မြူနစ်အဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့တဲ့ပူတင်ကိုယ်တိုင်ဖြည့်ထားတဲ့ဖောင်ကိုလည်းတွေ့ရမှာပါ။ဒီတော့ဒီအချက်တွေထဲကဘယ်အချက်ကများသင့်ကိုအံ့ဩစေဆုံးဖြစ်မလဲ။ဒီလိုအချက်အလက်တွေကိုဖုံးကွယ်ထားတာနဲ့ပတ်သတ်လို့ကောဘယ်လိုမြင်လဲ။သင့်ရဲ့ထင်မြင်ချက်တွေကိုcommentထဲမှာဖြေပေးသွားလို့ရပါတယ်။ဖတ်ရှု့အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။

သတိပေးချက်။ ။ပုံများသည်အနီးစပ်ဆုံးယူထားမူ့ကြောင့်ပုံအားလုံးကိုအမှန်လို့မသက်မှတ်ကြရန်မေတ္တာရပ်ခံပါသည်။

သတိပေးကြေညာချက်
Arkarta website မှတင်ဆင်တဲ့သတင်းနဲ့ဆောင်းပါးများကိုကူးယူတင်ဆက်ခြင်းလုံးဝခွင့်မပြုပါဘူးခင်ဗျာ။ကူးယူခြင်းတွေ့ရှိပါက Facebook instant articleသို့မဟုတ်Google Adsense monetization ဖြုတ်ခံရတဲ့အထိReportတင်မှာပါ။တခြားဟာများလဲတွေ့ရှိပါကအထက်ပါအတိုင်းလုပ်မှာပါ။တခြားနေရာများနှင့်Facebook pageသို့မဟုတ်ကိုယ်ပိုင်Profileမှာလဲကူးယူဖေါ်ပြခွင့်မပြုပါဘူး။မိတ်ဆွေတို့စိတ်ကြိုက်တိုက်ရိုက်share ခြင်းဖြင့်သာကူညီကြပါခင်ဗျာ။မေတ္တာရပ်ခံပါတယ်။
မိတ်ဆွေတို့ရဲ့
Admin Team

Leave a Reply