မကြာခဏ ချစ်တင်းနှောတဲ့အမျိုးသမီးတွေ မှတ်ဥာဏ်ပိုကောင်းကြောင်း လေ့လာတွေ့ရှိ – The Geek Text

မကြာခဏ ချစ်တင်းနှောတဲ့အမျိုးသမီးတွေ မှတ်ဥာဏ်ပိုကောင်းကြောင်း လေ့လာတွေ့ရှိ – The Geek Text





Credit ; Eaint Than That fb post

Zawgyi

လိင်ကိစ္စ မကြာခဏလုပ်ဆောင်တဲ့ အမျိုးသမီးတွေ ဦးနှောက်မှတ်ဉာဏ် ပိုမိုကောင်းမွန်ကြကြောင်း လေ့လာမှုအသစ်တစ်ရပ်အရ သိရပါတယ်။ အမျိုးသားနဲ့အမျိုးသမီးလိင်ဆက်ဆံမှု (PVI) ဟာ အမျိုးသမီးတစ်ဦးရဲ့ ဦးနှောက်ကို ဘယ်လိုအကျိုးသက်ရောက်စေကြောင်း၊ လေ့လာမှုတွေမှာ စကားလုံး ဝေါဟာရတွေ မှတ်မိစေနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။ ကနေဒါနိုင်ငံ McGill တက္ကသိုလ်က သုတေသနအဖွဲ့တစ်ခုက ချစ်တင်းနှောမှုနဲ့ စိတ်ခံစားချက်၊ ဦးနှောက်မှတ်ဉာဏ်နဲ့ အာရုံကြောဖွဲ့စည်းမှုတွေ ထိန်းချုပ်ပေးရာ ဦးနှောက်အစိတ်အပိုင်းဖြစ်တဲ့ hippocampus ရှိ အာရုံကြောတစ်သျှူး ဖွံ့ဖြိုးမှုနှစ်ခုကြား ဆက်စပ်မှုကို တွေ့ရှိကြပါတယ်။

ဒီလိုတွေ့ရှိချက်တွေရရှိဖို့ အသက် ၃၀ အောက် ဆန့်ကျင်ဘက်လိင်စိတ်ဝင်စားသူအမျိုးသမီး ရ၈ ယောက်ကို ဦးနှောက်မှတ်ဉာဏ်စမ်းသပ်မှုလုပ်ဆောင်ဖို့ မေးမြန်းခဲ့ကြပါတယ်။ ချစ်တင်းနှောမှု မကြာခဏလုပ်တဲ့ အမျိုးသမီးတွေ စကားလုံး၊ ဝေါဟာရတွေကို ပိုမှတ်မိနိုင်ကြပါတယ်။ ဒါပေမယ့် မျက်နှာအသွင်အပြင် မှတ်မိခြင်းအတွက်တော့ အကျိုးသက်ရောက်မှုမရှိခဲ့ပါဘူး။

မကြာခဏ ချစ်တင်းနှောခြင်းက ဦးနှောက်မှတ်ဉာဏ်လုပ်ဆောင်ချက်နဲ့ အာရုံကြောဖွံ့ဖြိုးမှုနဲ့ ဆက်စပ်နေကြောင်း လေ့လာတွေ့ရှိချက်တွေက ဖော်ပြထားပါတယ်။ ဒီဆက်နွယ်မှုက ချစ်တင်းနှောတာ ကိုယ်ကာယလေ့ကျင့်ခန်းပုံစံတစ်ခု သို့မဟုတ် စိတ်ကျရောဂါနဲ့ စိတ်ဖိစီးမှုစတဲ့ မှတ်ဉာဏ်ကို အကျိုးပြုစေတဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါအခြေအနေတွေကို လျှော့နည်းစေတဲ့ အချက်ကြောင့် ဖြစ်နိုင်ပါတယ်။

ချစ်တင်းနှောခြင်းက မှတ်ဉာဏ်အပေါ် အကျိုးသက်ရောက်မှု ရှိမရှိ အတိအကျဖော်ထုတ်ဖို့ သုတေသနတွေ ထပ်မံလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဦးနှောက်အချက်ပေးမှုမှာပါဝင်တဲ့ ဇီဝဓာတ်ပစ္စည်းတွေကို မှတ်ဉာဏ်နဲ့ လိင်ကိစ္စဆောင်ရွက်မှု နှစ်ခုစလုံးနဲ့ ပတ်သက်ဆက်နွယ်ကြောင်း ဖော်ပြထားတယ်လို့ ယင်းလေ့လာမှုမှာ ပါဝင်သူ McGill တက္ကသိုလ်ရဲ့ စိတ်ပညာပါမောက္ခ Jens Preessner က ပြောဆိုခဲ့ပါတယ်။

Credit ; Eaint Than That fb post

Crd



Post Views:
8

Crd