TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■မကောင်းဆိုးရွားစွမ်းရည်တွေပါရှိသော မူရာမာဆန်ပြုလုပ်ခဲ့သည့်ဓား
ဂျပန်ရဲ့ သမိုင်းတလျှောက်ပြောဆိုခဲ့ကြပြီး ရှေးဟောင်းမြို့တော်တွေမှာ အသုံးပြုခဲ့ကြကာ ကျော်ကြားတဲ့ ဓားပြုလုပ်သူ မူရာမာဆန်ဟာ အလွန်အဆင့်အတန်းမြင့်တဲ့ ဓားတွေကို ပြုလုပ်ခဲ့ပါတယ်။မူရာမာဆန်ဟာ ထူးခြားတဲ့ဓားတွေကို စွမ်းရည်တွေနဲ့အတူ ပြုလုပ်ခဲ့ပြီး သူ့ရဲ့ ဓားတွေကလည်း မြင့်မားတဲ့ တောင်းဆိုချက်တွေရှိခဲ့ပါတယ်။
မူရာမာဆန်က တကြိမ်မှာ ဂျပန်ရဲ့တော်ဝင်တွေကို သူတို့ရဲ့နိမ့်ကျတဲ့အဆင့်အတန်းအတွက် ပြက်ရယ်ပြုခဲ့သလို သူ့ရဲ့ ဘုရားဆီမှာလည်း သူပြုလုပ်တဲ့ဓားကို မည်သူမှ မနှိမ်နင်းနိုင်တဲ့စွမ်းရည်ရယ် ၊ကြီးမားစွာဖျက်ဆီးနိုင်တဲ့အစွမ်းနဲ့ဆုတ်ယုတ်ခြင်းတွေကို ထည့်ခိုင်းခဲ့ပါတယ်။ဘုရားကလည်း ခွင့်ပြုခဲ့ပြီး သူ့ဆုတောင်းတွေကို ပေးအပ်ခဲ့ကာ ဓားကို မကောင်းဆိုးဝါးစွမ်းရည်တွေ ထည့်ပေးခဲ့ပါတယ်ရှင်။
ဒဏ္ဍာရီတွေအဆိုအရ ဒီစွမ်းရည်တွေက ဓားနဲ့အတူ ပါရှိပြီးတော့ ကိုင်ဆောင်သူတွေဟာ ပြင်းထန်ရက်စက်စွာ တိုက်ခိုက်ပြီး လူအစုလိုက်အပြုံလိုက်ကိုလည်း ဘဝဆုံးစေခဲ့ပါတယ်။အကြောင်းကတော့ ဓားဟာ ထိုအရာတွေဆီကိုဲ ဦးဆောင်နေလို့ပါ။ဓားဟာ တော်ဝင်မိသားစုဝင်အားလုံးနီးပါးကို ပျောက်ကွယ်စေခဲ့ပြီး ဒီအဖြစ်ကြောင့် လူအများယုံကြည်ကြတာကတော့ ဓားမှာ နတ်ဘုရားေတွရဲ့ကျိန်စာတွေ ပါဝင်နေခဲ့တာပါ။
ဂျပန်ရဲ့လက်ရွေးစင်ရှိုးဂန်း တိုကိုဂါေဝါးလေယာဆူ ဟာ သူ့ရဲ့ မိသားစုဝင်အားလုံးနီးပါး ဓားကြောင့် ကျရှုံးတာကို မြင်ပြီးတဲ့နောက်မှာတော့ ဓားကို သူ့နိုင်ငံတဝန်းအသုံးမပြုဖို့ တားမြစ်ဒီဂရီအမိန့် ထုတ်ပြန်ခဲ့ပါတယ်။ မူရာမာဆန်ကလည်းသူ့ရဲ့ အလုပ်ရုံကို ပိတ်ပစ်ခဲ့ပြီး နိုင်ငံတဝန်း အစုလိုက်အပြုံလိုက်ဘဝဆုံးမှုတွေ နောင်မဖြစ်ရအောင် ဓားရဲ့ အကြွင်းအကျန်တွေကို ဖျက်ဆီးခဲ့ပါတယ်။
ဖျက်ဆီးခဲ့တာက မှန်ပုံပါပဲ။ ဘာလို့လဲဆိုတော့ တိုကိုဂါဝေါးရဲ့ ရှိုးဂန်းတွေက ဂျပန်ကို နှစ်ပေါင်းသုံးရာ နီးပါးလောက်မျှ အုပ်ချုပ်သွားခဲ့လို့ပါ။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext