ဘောလုံးဘုရင် (သို့) ကမ္ဘာ့ပထမဆုံး ဘောလုံးလောကရဲ့ GOAT ကြီး

ဘောလုံးဘုရင် (သို့) ကမ္ဘာ့ပထမဆုံး ဘောလုံးလောကရဲ့ GOAT ကြီး
ပီလီ (Pele) ရဲ့ အမည်အရင်းက ဒေကို ဖြစ်ပါတယ်။ သူ့ကို့ ဘရာဇီးနိုင်ငံရဲ့ ကိုရာကိုးစ်အရပ်မှာ ၁၉၄၀ ခုနှစ်က မွေးဖွားခဲ့ပါတယ်။ သူတို့မိသားစုဟာ ဆင်းရဲသားရပ်ကွက်တစ်ခုမှာ နေထိုင်ခဲ့ကြပါတယ်။
ငယ်စဉ်က ပီလီဟာ ဖိနပ်တိုက်ရတဲ့ လူငယ်လေးတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ရပါတယ်။ သူတို့ ဘရာဇီးတွေဟာ ဘောလုံးကို ရူးသွပ်ကြကြသူတွေ များပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ဖလားကန်တာကိုတော့ ရေဒီယိုကနေသာ စုပြီး နားထောင်ကြရပါတယ်။
တစ်ခုသော ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ဘရာဇီးဟာ ပြိုင်ဘက် ဥရုဂွေးအသင်းကို ရှုံးနိမ့်ပြီး ကမ္ဘာ့ဖလားကို လက်လွှတ်ခဲ့ရပါတယ်။ ရေဒီယိုက နားထောင်နေသူ ဘရားဇီးပရိတ်သက်တွေဟာ ကြေကွဲခဲ့ကြပါတယ်။ ဒီအထဲမှာ ပီလီရဲ့ဖခင်ဖြစ်သူလည်း ပါဝင်ပါတယ်။
ပီလီဟာ ဖခင်ဖြစ်သူကို တစ်နေ့ကျရင် ကမ္ဘာ့ဖလားကို သူ ရအောင်ယူပြမယ်လို့ ပြောခဲ့ပါတယ်။ အဒီခေတ်က ဘောလုံးသမားဆိုတာ ဝင်ငွေကောင်းတဲ့အလုပ်မဟုတ်လို့ မိဘတွေက အားမပေးပါဘူး။
ဖြစ်ချင်တော့ သူတို့မြို့လေးမှာ ဘောလုံးပြိုင်ပွဲတစ်ခု ကျင်းပဖို့ ဖြစ်လာပါတယ်။ ပိုက်ဆံချမ်းသာသူ လူငယ်တစ်စုဟာ ဘောလုံးကန်ဖို့လာရင်း ပီလီတို့ဆိုင်မှာ ဖိနပ်တိုက်ခံဖို့ ရောက်လာပါတယ်။ သူတို့ပြောနေကြတဲ့ ဘောလုံးပွဲအကြောင်းကြားရလို့ ပီလီလေးလည်း စိတ်ဝင်စားသွားပါတယ်။
ပီလီက ဖိနပ်တိုက်ရင်း ဘောလုံးအကြောင်း ကြားဖူးနားဝရှိတာလေးတွေ ဝင်ပြောမိလို့ သူဌေးသားတွေရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရပါတယ်။ ဒါပေမဲ့ ပီလီဟာ ဘောလုံးပြိုင်ပွဲအကြောင်း စုံစမ်းပါတော့တယ်။
ဒီလိုနဲ့ ပီလီနဲ့ သူ့သူငယ်ချင်းတသိုက်ဟာ ဘောလုံးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဆင်းရဲလွန်းလို့ ဘောကန်ဖိနပ်တောင် မဝယ်နိုင်တဲ့ ပီလီတို့တသိုက်ဟာ လူတစ်ယောက်ရဲ့ ဂိုဒေါင်ထဲက ပဲအိတ်တွေ ခိုးရောင်းပြီး ဘောကန်ဖိနပ် အဟောင်းလေးတွေ ဝယ်စီးခဲ့ရပါတယ်။
ပြိုင်ပွဲရဲ့ ဖိုင်နယ်မှာ ပီလီတို့အသင်းဟာ အထက်ကပြောခဲ့တဲ့ သူဌေးသားတွေအသင်းနဲ့ကြုံရပြီး ၆ ဂိုး ၅ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
ပြိုင်ပွဲမတိုင်ကတည်းက ပီလီတို့ ပဲရောင်းနေတာကို သူဌေးသားအဖွဲ့က လှောင်ပြောင်ခဲ့လို့ ရန်ဖြစ်ခဲ့ကြပါသေးတယ်။ ဒါဏ်ရာတွေနဲ့ ပီလီကို ဖခင်ဖြစ်သူက ဆုံးမပါတယ်။ ဘောလုံးသမားကောင်းဖြစ်ချင်ရင် တစ်ဖက်လူရဲ့ စိတ်ဆွခြင်းကို သည်းခံနိုင်ရမယ်လို့ ပြောခဲ့တာပါ။
ပီလီတို့ဟာ ဒီပွဲရှုံးခဲ့ပေမဲ့လည်း မြို့ခံလူထုရဲ့ အားပေးမှုနဲ့ အာရုံစိုက်မှုကိုတော့ ရရှိခဲ့ကြပါတယ်။
တစ်နေ့မှာ ပီလီတို့တသိုက် ပဲအိတ်ပိုင်ရှင်နဲ့တွေ့လို့ ပြေးလွှားပုန်းအောင်းကြရပါတယ်။ တစ်ယောက်က ဂူကျဉ်းကျဉ်းတစ်ခုထဲ ဝင်ပုန်းနေတုန်း မိုးရွာပြီး ဂူပေါက်ပိတ်ကာ အသက်ရှုကြပ် သေဆုံးရှာခဲ့ပါတယ်။ ပီလီဟာ စိတ်ထိခိုက်ခဲ့ရပါတယ်။
ပီလီ (၁၅) နှစ်သားအရွယ်မှာတော့ ဝါသနာကြီးလွန်းတဲ့ သူ့ကို မိခင်က ပရော်ဖက်ရှင်နယ်ဘောလုံးသမားဖြစ်ဖို့ ခွင့်ပြုပေးခဲ့ပါတယ်။
ပီလီ ပထမဆုံးကန်ခဲ့တဲ့ ကလပ်အသင်းက ဆန်းတို့စ်အသင်း ဖြစ်ပါတယ်။ ဆန်းတို့စ်အသင်းမှာ ပီလီဟာ (၆၅၉)ပွဲကစားပြီး (၆၄၃)ဂိုးသွင်းကာ အသင်းရဲ့ ထာဝရ ဂိုးသွင်းအများဆုံးစံချိန်ကို တင်ထားခဲ့ပါတယ်။ တစ်ခြားသော စံချိန်တွေကို ဂုဏ်ပြဖော်ပြရရင်တော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
(၁) ကမ္ဘာ့ အသက်အငယ်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘောလုံးသမား (၁၇ နှစ်၊ ၂၄၉ ရက်)
(၂) ကမ္ဘာ့ဖလား (၃) ကြိမ် ဆက်တိုက်ရရှိခဲ့သူ။
(၃) ၁၉၅၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရွှေဖိနပ်ဆု။
(၄) ဘရာဇီးနိုင်ငံအတွက် (၉၂)ပွဲကစား (၇၇)ဂိုးသွင်းကာ ဘရာဇီးဂိုးသွင်းအများဆုံး တိုက်စစ်မှူး (နေမာနှင့် ယခုစံချိန်တူ)
(၅) ကမ္ဘာ့ဖလားတွင် ဖန်တီးပေးမှုအများဆုံး (၁၀ ကြိမ်)။ (၇) ကြိမ်အား ၁၉၇၀ ကမ္ဘာ့ဖလား တစ်ပွဲတည်းတွင် ပြုလုပ်ခဲ့။
(၆) ၁၉၇၄ ကမ္ဘာ့ဖလား ဖိုင်နယ်တွင် ပြင်သစ်အသင်းအား ဟက်ထရစ် သွင်းယူခဲ့။
(၇) ဟက်ထရစ်အများဆုံး ဘောလုံးသမား (၉၂) ကြိမ်။
(၈) FIFA (ကမ္ဘ့ဘောလုံးအဖွဲ့ချုပ်) မှ ရာစုနှစ်၏ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရ။
ပီလီဟာ ဘောလုံးလောကမှာ ပီလီကစ် (Pele Kick) လို့ခေါ်တဲ့ လေပေါ်ဝဲပြီး နောက်ပြန်ကန်ချက်နဲ့ ဂိုးသွင်းယူခဲ့လို့ ယခုထိ ခေတ်စားနေတဲ့ အခေါ်အဝေါ်တစ်ခု ဖြစ်ခဲ့ပါတယ်။
ဒီ ဂန္တဝင် ဘောလုံးဘုရင်ကြီးဟာ (၂၀၂၂) ခုနှစ်၊ အောက်တိုဘာ (၂၃) ရက်နေ့မှာ ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက် (၈၂)နှစ်ရှိပြီဖြစ်ပါကြောင်း ဂုဏ်ပြုဖော်ပြလိုက်ပါတယ်။
Knight News Team
Knight News © 2022
Crd