ဘောလုံးဆီမီးဖိုင်နယ်ပြိုင်ပွဲရဲ့တိုက်ရိုက်ထုတ်လွှင့်တဲ့ TV မှာ သူမရဲ့ရုပ်ပါလာခဲ့တာကြောင့် အလုပ်ထုတ်ခံလိုက်ရတဲ့ မိန်းကလေး

News

Bradford မြို့မှ အသက် ၃၇ နှစ်အရွယ် Nina Farooqi အမည်ရှိအမျိုးသမီး ဟာ သူငယ်ချင်းတစ်ဦးထံမှ ကမ်းလှမ်းခဲ့တဲ့ England vs Denmark Euro 2020 semi-final ရဲ့တစ်ခုတည်းသာကျန်တဲ့လက်မှတ်တစ်စောင်ကို လက်ခံရရှိခဲ့ပြီးနောက် England နိုင်ငံရဲ့ဆီမီးဖိုင်နယ်အနိုင်ရရှိမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့ပါတယ်။အဲဒီအတွက်ကြောင့် သူမဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ သူမရဲ့အလုပ်သို့ သူမနေမကောင်းကြောင်း ခွင့်တိုင်ခဲ့ပေမဲ့လည်း အင်္ဂလန်နိုင်ငံရဲ့ပထမဆုံးရည်မှန်းချက်ကို ဂုဏ်ပြုတဲ့အနေနဲ့ တိုက်ရိုက်ထုတ်လွှင့်ပြသတဲ့ TV screen ကြီးမှာ သူမရဲ့ရုပ်ပုံကြီးပါလာခဲ့တာကြောင့် အလုပ်ရှိအထက်လူကြီးက ၎င်းပုံရိပ်ကို မြင်သွားခဲ့ပြီး သူမအား ဖမ်းမိသွားခဲ့ပါတယ်။

နောက်တစ်နေ့မနက်မှာတော့ Nina ဟာ သူငယ်ချင်းများထံမှ မနေ့ညက TVမှာ သူမအား တွေ့လိုက်ရတယ်ဆိုတဲ့ မက်ဆေ့ခ်ျများကို လက်ခံရရှိခဲ့တဲ့အပြင် သူမရဲ့သူဌေးဆီက ” အလုပ်ကို မလာတော့နဲ့ “ဆိုတဲ့ မက်ဆေ့ချ်တစ်စောင်ကိုပါ လက်ခံရရှိခဲ့ရကြောင်း ပြောပြခဲ့ပါတယ်။”အဲ့ပွဲကြည့်ဖို့အတွက် ကျွန်မ မရိုးသားခဲ့တာမှန်ပေမယ့်လည်း ကျွန်မကိုဘယ်သူမှ ကိုယ်ချင်းမစာခဲ့ပါဘူး။ကျွန်မကြိုးစားခဲ့တဲ့အကျိုးဆက်ကြောင့် သူတို့ဆီကခေါ်ဆိုမှုရရှိခဲ့ပြီး သူတို့ဘဲ အလုပ်ပြန်ထုတ်သွားခဲ့တယ်။

နောင်တအနည်းငယ်ရပေမဲ့ ကျွန်မ နောက်တဖန် ထပ်ကြိုးစားလို့ရပါသေးတယ်” ဟု Nina က ဆိုခဲ့ပါတယ်။Nina အလုပ်လုပ်ခဲ့တဲ့ Composite Prime ကုမ္ပဏီက England vs Denmark Euro 2020 semi-final ကိုကြည့်ရှုရန် Wembley သို့ခရီးသွားခြင်းနှင့်ပတ်သက်ပြီးလိမ်လည်ခဲ့ခြင်းကြောင့် Nina အားအလုပ်ထုတ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ပြီးနောက်တနင်္ဂနွေနေ့မှာ England က Italy ကိုအနိုင်ရသွားခဲ့ရင်တော့ တင်္နလာနေ့မနက်မှာဘဲ ၀န်ထမ်းအသစ်များအား အလုပ်ကမ်းလှမ်းမယ်လို့လည်း ၎င်းကုမ္ပဏီက ထပ်မံပြောကြားခဲ့ပါသေးတယ်။

Mia (kbdailynews)

Reference : worldofbuzz

Leave a Reply