ဘောလုံးကွင်းရဲ့တစ်ဝက်လောက်သာရှိပေမဲ့ အမှိုက်ပုံကြီးတစ်ပုံလို့တောင် ထင်သွားရလောက်အောင် လူဦးရေထူထပ်နေတဲ့ ကျွန်းငယ်

News

ဘောလုံးကွင်းရဲ့တစ်ဝက်လောက်သာရှိပေမဲ့ အမှိုက်ပုံကြီးတစ်ပုံလို့တောင် ထင်သွားရလောက်အောင် လူဦးရေထူထပ်နေတဲ့

ကျွန်းငယ်ဒီကျွန်းဟာ အာဖရိက Victoria Lake ရှိ သေးငယ်တဲ့ Migingo ကျွန်းလို့ခေါ်တဲ့ကျောက်ဆောင်ကျွန်းတစ်ကျွန်

းဖြစ်ပါတယ်။ဒီကျွန်းဟာ သမုဒ္ဒရာ ထဲမှာမျောနေတဲ့ အမှိုက်ပုံတစ်ခုနှင့် တူပေမဲ့လည်း ၎င်းထက်များစွာပိုပါတယ်။ အရွယ်အစား

သေးငယ်ပေမဲ့လည်း ၂၀၀၉ ခုနှစ်သန်းခေါင်စာရင်းအရ   ကျွန်းမှာ လူဦးရေ ၁၃၁ ဦး ရှိပြီး လူမျိုးက ၅၀၀ ၀န်းကျင်ရှိပါတယ်။

အဲဒီမှာငါးဖမ်းရတာ ဘာကြောင့်လဲဆို  တဲ့အကြောင်းပြချက်က ကောင်းပါတယ်။Migingo ကျွန်းတစ်ဝိုက်ရှိ ရေပြင်မှာ Nile Perch

ငါး ကြွယ်ဝတာကြောင့် Uganda နှင့် Kenyan နိုင်ငံနှစ်ခုအကြား ပိုင်နက်အငြင်းပွါးမှုကိုပါ ဖြစ်ပေါ်စေခဲ့ပါတယ်။ ၎င်းကို “

အာဖရိကရဲ့အသေးငယ်ဆုံးစစ်ပွဲ ”လို့ခေါ်တွင်စေခဲ့ပါတယ်။ပင်လယ်ဓားပြများက ငါးဖမ်းသမားများဟာ တစ်နေ့လုပ်ခဒေါ်လာ ၃၀၀

ရရှိတာကို ကြားသိခဲ့ကြပြီးနောက်   ထိုကျွန်းပေါ်မှာ ပြဿနာစတင်  လာခဲ့ပါတယ်။ဒါကြောင့် အရှေ့အာဖရိကရှိလူများစွာက ၎င်းကျွန်းငယ်ပေါ်ရှိ

ငါးများ၊အင်ဂျင်များနှင့်ငွေများကို သုံးလေးကြိမ်လောက် ခိုးယူခဲ့ဖူးပါတယ်။၎င်းတို့ဖမ်းခဲ့တဲ့အလေးချိန်အတွက် ကျွန်းငယ်ပေါ်ရှိ

စက်လှေအစီးပေါင်း ၁၀၀ ကျော်ဟာ နံနက်တိုင်းလိုလို ကုန်းမြင့်ပေါ်သို့ပို့ဆောင်ကာ ၀ယ်သူများကို ပြန်လည်ရောင်းချပါတယ်။

ငါးလုပ်ငန်းကုမ္ပဏီများကလည်း သူတို့လိုအပ်တဲ့အရာများကိုသာ ၀ယ်ပြီးနောက် ထိုငါးများကို Kenyan mainland သို့ပို့ဆောင်ပါတယ်။

စိတ်ဝင်စားစရာမှာ Migingo ကျွန်းရဲ့အရှေ့ဘက် မီတာ ၂၀၀ ခန့်မှာလည်း ပိုကြီးတဲ့ ကျွန်းတစ်ကျွန်းရှိနေပါသေးတယ်။ယခုအခါ Kenyans

နှင့် Ugandans တို့နှစ်နိုင်ငံဟာ ဘောလုံးကွင်းရဲ့ထက်ဝက်ခန့်သာရှိတဲ့ ၎င်းကျွန်းငယ်လေးကို မှီခိုကာ မျှဝေနေကြပါတယ်။၎င်းကျွန်းငယ်ဟာ

Victoria Lake ရဲ့အလယ်မှာရှိနေပြီး ကျွန်းနှင့်မလိုက်အောင်လည်  း လူဦးရေထူထပ်ပါတယ်။  ၎င်းသေးငယ်တဲ့ကျွန်းမှာ အရက်ဆိုင်လေးခန်း

၊ ဆံပင်ညှပ်ဆိုင်တစ်ခန်း ၊ ဆေးဆိုင်နှင့်ပြည့်တန်ဆာများစွာလည်း ရှိနေပါသေးတယ်။ပထဝီသဘောအရ ၎င်းကျွန်းကို မည်သူမျှမပိုင်ဘူးဆိုပေမဲ့လည်

း ၎င်းကျွန်းကို ၎င်းတို့ရဲ့အိမ်အဖြစ် သဘောထားကာ နေထိုင်ကြပါတယ်။ငါးဖမ်းလုပ်ငန်းရှင်များက အသစ်ရှာဖွေတွေ့ရှိတဲ့ငါးဖမ်းကွင်းများအတွက်

ငွေပြန်သွင်းပေးရန် မျှော်လင့်ကြတဲ့တံငါသည်များအတွက် ၀င်ခွင့်ပါမစ်နှင့်အခွန်များကိုပါ သတ်မှတ်ထားပါသေးတယ်။ထို့အပြင် Kenyan

တံငါသည်များပိုင်ငါးဖမ်းလှေများက Ugandan ရဲ့ရေပိုင်နက်မှာ ငါးဖမ်းရင်တော့ Uganda တပ်ဖွဲ့များက ၎င်းလှေများကို ပုံမှန်သိမ်းယူကြောင်းလည်း သိရပါတယ်။mgnews

mgnews

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။