ဘုရားပွဲစျေးတန်းမှာ ဆီလီကွန်အရုပ်ကို အခကြေးငွေဖြင့် ကိုင်ကြည့်ခိုင်းသည့် ဆိုင်ပိုင်ရှင် တားမြစ်ခံရ

ဘုရားပွဲစျေးတန်းမှာ ဆီလီကွန်အရုပ်ကို အခကြေးငွေဖြင့် ကိုင်ကြည့်ခိုင်းသည့် ဆိုင်ပိုင်ရှင် တားမြစ်ခံရ

ဘုရားပွဲစျေးတန်းမှာ ဆီလီကွန်အရုပ်ကို အခကြေးငွေဖြင့် ကိုင်ကြည့် ညှစ်ကြည့်ခိုင်းသည့် ဆိုင်ပိုင်ရှင် တားမြစ်ခံရ..

ထိုင်းနိုင်ငံ နခွန်ပထုမ်မြို့ရှိ သမိုင်းဝင် ရှေးဟောင်း ပထုမ်စေတီ တော်ပရဝုဏ်အနီး နှစ်စဉ် ဘုရားပွဲတော်ကျင်းပရာ စျေးဆိုင်တန်းများမှ အမျိုးသမီးဝတ် အတွင်းခံနှင့် ဘော်လီများရောင်းချနေသည့် ဆိုင်တစ်ဆိုင်၏ ရှေ့တွင် ဆီလီကွန် အရုပ်မကို ငုတ်တုတ်ထိုင်ခိုင်းထားပြီး “ကျယ်မအား ကိုင်ကြည့်လို့ရတယ်နော် ကိုင်လျှင် ၁၀ ဘတ် ၊ ညှစ်ကြည့်လျှင် ၂၀ ဘတ်” ဟုရေးသားထားလေသည်။

အဆိုပါ ကိစ္စ လူမှုကွန်ယက်တွင်ပြန့်နှံ့ကာ အများပြည်သူများက သမိုင်းဝင်ဘုရားပွဲတွင် ယဉ်ကျေးမှုနှင့် မအပ်စပ်ကြောင်း သာသနာရေးနှင့် ရဲတပ်ဖွဲ့သို့ အသိပေးတိုင်ကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆီလီကွန် အရုပ်အား ဆက်ဆီကျကျ လျှပ်ပေါ်လော်လီသည့် အဝတ်အစားများ ဝတ်ဆင်ပေးထားပြီး ဆိုင်ရှေ့တွင် “ကျယ်မအား ကိုင်ကြည့်လို့ရတယ်နော် ကိုင်လျှင် ၁၀ ဘတ် ၊ ညှစ်ကြည့်လျှင် ၂၀ ဘတ်” ဆိုသည့် ဆိုင်းဘုတ်ကိုကိုင်ခိုင်းကာ ပြီတီတီမျက်နှာပေးဖြင့် ထိုင်ခုံတွင် ခြေတွဲလဲချ၍ ထိုင်နေသဖြင့် အရွယ်မရောက်သေးသည့် ကျောင်းသားလူငယ်များက လာရောက်ကာ ဟိုနေရာ ဒီနေရာကို ထိကြ ကိုင်ကြညှစ်ကြခြင်း ၊ တစ်ချို့ယောကျ်ားသားများက လာရောက်ကိုင်ကြည့် ထိကြည့်ကြသဖြင့် လင်မယားစုံတွဲများ စကားများရန်ဖြစ်ကြကာ အမြင်မတော်၍ သက်ဆိုင်ရာဂေါပကအဖွဲ့အား တိုင်ကြားရခြင်းဖြစ်တယ်လို့ဆိုပါတယ်။

ဆိုင်ရှင်ကတော့ အဲ့ဒီတစ်ပတ်နွမ်းအရုပ်ကိုသူမအနေနဲ့ ထိုင်းဘတ် ၅၀၀၀၀ (မြန်မာငွေ ၄ သိန်းခန့်) နဲ့ဝယ်ယူထားပြီး ယခင်က သူ့ရဲ့အတွင်းခံနဲ့ဘော်လီဆိုင်တွင် mannequin အရုပ်လို တစ်နေ့တစ်မျိုးမရိုးရအောင် ပြောင်းလဲဝတ်ဆင်ပေးထားပြီး စျေးကွက်ရှာတဲ့သဘောနဲ့ ဆိုင်မှာထားတာပါ။

ဒါပေမယ့် ဆိုင်ကို စျေးလာဝယ်တဲ့အမျိုးသမီးတွေနဲ့ ပါလာကြတဲ့ ပုရိသတွေက လက်ကိုငြိမ်ငြိမ်မထားဘဲ ဆီလီကွန်အရုပ်မကို လူလစ်ရင်လစ်သလို ဟိုနှိုက် ဒီနှိုက်၊ ဟိုဟာညှစ်လိုဖျစ်လိုက် လုပ်ကြလွန်းလို့ “မကိုင်ရ ၊ မထိရ” လို့တားမြစ်ရမယ့်အစား ယခုလို အခကြေးငွေပေးဆောင်ရရင် မည်သူမှ လာကိုင်လာထိမှာမဟုတ်ကြဘူးဆိုတဲ့အတွေးနဲ့ ရေးသားထားမိတာပါ။

ဒါကိုပုရိသ ငယ်ငယ်ကြီးကြီးတွေက အရုပ်မက ဘယ်လိုရှိသလဲဆိုတာကို စူးစမ်းလိုစိတ်ရှိပြီး လာလာကိုင်ကြတာတော့ ပိုအံ့ဩမိပါတယ်။ ဒီအရုပ်နဲ့ ငွေကောက်ခံပြီး စီးပွါးရှာစားတာ မဟုတ်ရပါဘူး။ သည့်အတွက် သူမ မှားမိကြောင်း လူမှုကွန်ယက်ကနေ တာဝန်ရှိသူတွေရော ၊ ဂေါပကက ဘဘကြီးတွေကိုရော စိတ်အနှောင့်အယှက်ဖြစ်သွားကြတဲ့ အများပြည်တွေကိုပါ တောင်းပန်အပ်ပါတယ် လို့ဆိုပါတယ် ။

ထိုအရုပ်မအား ပြန်လည်ဝယ်ယူလိုသူရှိခဲ့မည်ဆိုလျှင် အထူးလျှော့စျေးဖြင့် ပြန်လည်ရောင်းချလိုကြောင်းသိရပါတယ်။

မနေ့က ရဲတပ်ဖွဲ့ကတော့ ဘုရားပွဲနှင့်မည်သို့မှ မအပ်စပ်၍ နောက်တစ်ကြိမ်ယခုကဲ့သို့ မပြုလုပ်ရန် သတိပေးတားမြစ်ထားကြောင်း ၊ အဆိုပါသမိုင်းဝင်ဘုရားပွဲကို နိုဝင်ဘာ ၁၃ ရက်နေ့အထိ ကျင်းပမည်ဟုသိရှိရသည်။ (SiThuMaung)



Post Views:
1

Crd