ဘုရင်မကြီး အဲလိဇဘတ်ရဲ့ခေါင်းပေါ်က သရဖူအကြောင်း ပရိသတ်မသိသေးတဲ့ အချက် ၈ ချက်

Knowledge News

အင်္ဂလန်နိုင်ငံရဲ့ဘုရင်မကြီးခေါင်းပေါ်က သရဖူဟာ မြန်မာတွေနဲ့မစိမ်းပါဘူး။ မြန်မာ့ ပတ္တမြားငမောက်ကြီးနဲ့ပြန်ထည့်ထားတယ်လို့ ပါးစပ်ရာဇဝင်တွေရှိတဲ့ သရဖူကြီးဟာ ကမ္ဘာပေါ်က အဖိုးတန်ဆုံးရတနာတွေထဲက တခုဖြစ်ပါတယ်။

အခုတခေါက်ဖော်ပြပေးမှာက သရဖူအကြောင်း ပေါ့ပေါ့ပါးပါးနဲ့မသိသေးတဲ့အချက်အလက်လေးတွေဖြစ်လို့ ပရိသတ်သိထားတာနဲ့တိုက်စစ်ဆေးနိုင်ပါတယ်။ အဖိုးတန်ကျောက်မျက်တွေနဲ့ပဲဖော်ဆောင်ထားလို့ တချို့အချက်လေးတွေက စိတ်ဝင်စားဖို့ကောင်နေမှာအမှန်ပါ။

(၁)အလေးချိန်၃ပေါင် ရှိတဲ့အတွက် ရှစ်ဆယ်သားလောက် လေးပါတယ်။

(၂)သရဖူမှာ စိန်အလုံး ၃၀၀၀နီးပါး၊ ၁၇ နီလာ၊ ၁၁ ကျောက်စိမ်း၊ ၂၇၀ ပုလဲ၊ စိန်တုံးကြီးတတုံး။ ပတ္တမြားကြီးတတုံးပါပါတယ်။

(၃)လက်ရှိ သရဖူဟာ မိန်းမဆောင်းပုံစံ ဒီဇိုင်းပြန်ဆွဲထားတာဖြစ်ပါတယ်။

(၄)အလယ်တည့်တည့်ကအနီတုံးဟာ အရင်ခေတ်ကဆို ပြည်တန်ပတ္တမြားဖြစ်ပါတယ်။

(၅)လူတွေကြည့်လို့ရအောင် အစစ်လိုဒီဇိုင်းနဲ့ သရဖူအစစ်တခုရှိပါတယ်။

(၆)တကယ့်အခမ်းအနားတွေမှသာ သရဖူကိုထုတ်ဆောင်းပါတော့တယ်။ လေးလွန်းလို့ ဘုရင်မကြီးဟာမဆောင်းနိုင်တော့လို့ပါ။

(၇)ဘုရင်မကြီးခေါင်းပေါ်ကစိန်တုံးဟာ ကမ္ဘာ့အကြီးဆုံးစိန်တုံးကိုဖြတ်တောက်ထားတဲ့အထဲက အသေးလေးဖြစ်ပါတယ်။

(၈)သရဖူရဲ့တန်ဖိုးကို ခွဲရောင်းရင် ဒေါ်လာ ၄ ဘီလျံနဲ့ ၇ ဘီလျံကြားတန်မယ်လို့ ခန့်မှန်းထားပါတယ်။

Ref:Brightside

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

Leave a Reply