Zawgyi
ဘာရန်ငြိုးရန်စမှမရှိဘဲ အလကားနေရင်း ဆိုင်ထဲကဝိုင်ပုလင်းတွေအကုန်လုံးကို ရိုက်ခွဲကာပျက်ဆီးပစ်ခဲ့လို့ ရဲခေါ်ပြီးတိုင်ကြားခဲ့ရသည့် ဆိုင်ရှင်၏အဖြစ်
မနာလိုမုန်းတီးသောစိတ်ဆိုသည်မှာ လူသားတစ်ဦးတွင်မရှိသင့်သောအရာတစ်ခုဖြစ်သော်လည်း အချို့လူတို့သည် စိတ်ထဲကမနားလိုမှုတွေထိန်းချုပ်မရသောအခြေအနေတွင် ရွံရှာဖွယ်လုပ်ရပ်မျိုးကို ပြုလုပ်လာခဲ့ကြပါတယ်။
ယခုတွင်လည်း အမျိုးသမီးတစ်ဦးဟာ အင်္ဂလန်နိုင်ငံ Herfordshireရှိ Aldiစတိုးဆိုင်ထဲသို့ဝင်လာခဲ့ပြီး ဝိုင်နှင့်အခြားသောက်စရာတွေတင်ထားသောစင်တစ်ခုလုံးက ပုလင်းတွေကို ဖျက်ဆီးခဲ့တော့တာဖြစ်ပါတယ်။
အမျိုးသမီး၏လာရောက်ဖျက်ဆီးမှုကြောင့် ပေါင်၁၀၀၀၀ မြန်မာငွေအားဖြင့် သိန်းတစ်ရာဖိုးလောက်ပျက်စီးသွားခဲ့ရခြင်းလည်းဖြစ်ပါတယ်။ဆိုင်ရှင်ဟာလည်း ရဲတပ်ဖွဲ့သို့ချက်ချင်းအကြောင်းကြားခဲ့သောကြောင့် ဖမ်းဆီးနိုင်ခဲ့ပြီး အမျိုးသမီးကို ထောင်ဒဏ်နှင့်အတူ ဒဏ်ငွေကိုပါပေးဆောင်စေခဲ့ပါတယ်။
Crd