ဘာမြူဒါကဲ့သို့ ကမ္ဘာ့ပင်လယ်ပြင်က နာမည်ကျော် ရေသင်္ချိုင်းကြီးများ

ဘာမြူဒါကဲ့သို့ ကမ္ဘာ့ပင်လယ်ပြင်က နာမည်ကျော် ရေသင်္ချိုင်းကြီးများ

ဘာမြူဒါကဲ့သို့ ကမ္ဘာ့ပင်လယ်ပြင်က နာမည်ကျော် ရေသင်္ချိုင်းကြီးများ

ဘာမြူဒါအကြောင်းကို စိတ်ဝင်စားသူတွေများပြားခဲ့တဲ့အတွက် ကမ္ဘာ့တစ်ဝှမ်းက ဘာမြူဒါနဲ့ အလားသဏ္ဍာန်တူတဲ့ ရေသင်္ချိုင်းတွေကို အခုလိုပဲ စုစည်းတင်ပြလိုက်ရပါတယ်။

1. The 40 e Roaring

40 e Roaring ဆိုတဲ့ နေရာဟာ 40 e နဲ့ 50 e မျဉ်းပြိုင်များကြားမှာရှိတေဲ့ ပင်လယ်ပြင်ဇုန်တစ်ခုပါ။ ကမ္ဘာ့ တောင်ဘက်ခြမ်းရှိ ဒီဒေသဟာ အနောက်ဘက်မှ လေပြင်းတိုက်ခတ်သံတွေ ဟိန်းထွက်နေလေ့ရှိလို့ ဒီအမည်ကို ရရှိထားပါတယ်။

ပင်လယ်ရေဟာလည်း ကြမ်းတမ်းပြီး အထူးသဖြင့် တောင်ပိုင်းသမုဒ္ဒရာ (အိန္ဒိယသမုဒ္ဒရာ၏ တောင်ဘက်) တွင် တည်ရှိပါတယ်။ လှိုင်းတံပိုးများက ကြီးမားလှတာကြောင့် အချို့သော လှေတွေကို ချိုးဖျက်နိုင်ပြီး တိုက်လေကို နှေးကွေးစေဖို့ မြေနေရာတွေ မရှိခြင်းဟာလည်း နာမည်ကျော်ကြားပါတယ်။

ပင်လယ်ပြင်မှာ မကြာခဏဆိုသလို လူ အသေ၊ အပျောက်တွေကို ဖြစ်ပေါ်စေတဲ့ ဒီလမ်းကြောင်းဟာ အိန္ဒိယသမုဒ္ဒရာကိုဖြတ်ရန် အမြန်ဆုံးလမ်းအဖြစ် ၁၆၁၀ ခုနှစ်တွင် ဒတ်ခ်ျလူမျိုးရေကြောင်းပြသူ Hendrik Brouwer က ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဤလတ္တီတွဒ်တွင် ပျံ့နှံ့နေသော အနောက်လေတိုက်ခတ်မှုဟာ လွန်စွာ အန္တရာယ်ရှိလှသော်လည်း ဥရောပ၊ တောင်အမေရိကနှင့် အရှေ့တိုင်းကြား ကုန်သွယ်မှုအတွက် ဤလမ်းကြောင်းဟာ အသုံးဝင်လှတာကြောင့် နောက်ပိုင်းမှာ (ပျက်စီးလွယ်သော ကုန်ပစ္စည်းများ တင်ဆောင်တဲ့ အမြန်ကုန်သွယ်သင်္ဘောများ) က အသုံးပြုခဲ့ကြပါတယ်။

2. The 50th screamers

တောင်ပိုင်းသမုဒ္ဒရာရဲ့ အလယ်ဗဟိုရှိ လတ္တီတွဒ် အပြိုင် ၅၀ နှင့် ၆၀ မျဉ်းပြိုင်ကြားရှိ နေရာဖြစ်ပါတယ်။

တောင်ဘက်၊ အန္တာတိကတိုက်တို့နဲ့ နီးကပ်စွာရှိသော်ငြားလည်း လေပြင်းများ အဆက်မပြတ် တိုက်ခတ်နေလေ့ရှိတာကြောင့် ဒီနေရာမှာ ပင်လယ်ပြင် အနေအထားဟာ ပိုပြီး ပြင်းထန်လာလေ့ရှိပါတယ်။

ရေခဲတုံးကြီးများ မြောနေတတ်သလို ရေခဲနဲ့ ရေအကြား အပူချိန်ကွာခြားမှုဟာလည်း သွားလာသူတို့ကို ကျန်းမာရေး ထိခိုက်စေလေ့ရှိသလို ကြောက်မက်ဖွယ်ကောင်းပြီး လွင့်မျောနေတတ်တဲ့ ရေခဲတောင်တွေကလည်း သင်္ဘောပေါင်းများစွာကို နစ်မြုပ်စေခဲ့ဖူးပါတယ်။

3. Cape Horn

Cape Horn ဟာ ချီလီနိုင်ငံ Tierra del Fuego ကျွန်းစုရဲ့ တောင်ဘက်စွန်းမှာ တည်ရှိပါတယ်။ တောင်အမေရိကရဲ့ တောင်ဘက်အကျဆုံး နေရာလည်းဖြစ်ပါတယ်။

တောင်အမေရိကတိုက်ရဲ့ တောင်ဘက်နဲ့ အန္တာတိကတိုက်ကို ပိုင်းခြားထားတဲ့ ပင်လယ်လက်တံ (Drake Passage) ရဲ့ မြောက်ဘက် နယ်နိမိတ်ကိုလည်း အမှတ်အသား ပြုထားပါတယ်။

Cape Horn ဟာ အမြင့် ၄၂၅ မီတာရှိတဲ့ ချောက်ကမ်းပါးတစ်ခုဖြစ်ပြီး အရှည် ၆ ကီလိုမီတာနဲ့ အကျယ် ၂ ကီလိုမီတာရှိတဲ့ ကျွန်းပေါ်မှာ တည်ရှိပါတယ်။

ဒီနာမည်ကြီး အငူကို ဝိုင်းပတ်ဖို့ ကြိုးပမ်းရင်း သေဆုံးသွားကြတဲ့ ထောင်ပေါင်းများစွာတဲ့ သင်္ဘောသားများကို အလေးပြုရန်အတွက် albatrosses ရုပ်တုကို ထုလုပ်ထားပါသေးတယ်။

လေမုန်တိုင်းများ အဆက်မပြတ် တိုက်ခိုက်နေတတ်တဲ့ ဒီအငူဟာ နှစ်ပေါင်းများစွာမှာ ဥရောပနှင့် အာရှအကြား ကုန်သွယ်ရေးလမ်းကြောင်းအတွက် ဖြတ်ကူးရာ နေရာတစ်ခုဖြစ်ခဲ့ပြီး ယနေ့အချိန်မှာဆိုရင် အဓိက ကမ္ဘာပတ် ရွက်လွှင့်ပြိုင်ပွဲများအတွက် မရှိမဖြစ်လိုအပ်တဲ့ ဖြတ်ကျော်နေရာတစ်ခုဖြစ်နေပါပြီ။

4. The Bay of Biscay

Biscay ပင်လယ်အော်ဟာ နာမည်ဆိုးဖြင့် ကျော်ကြားနေပေမဲ့လည်း စပိန်သို့ရောက်ရှိရန် မဖြစ်မနေ ဖြတ်သန်းရတဲ့ ရေလမ်းကြောင်း တစ်ခုပါ။ Brittany နဲ့ Cantabrian ကမ်းရိုးတန်းကြား(စပိန်၏မြောက်ဘက်တွင်) မှာ တည်ရှိပါတယ်။

ဗြိတိသျှကျွန်းစုနဲ့ မြောက်ပင်လယ်တို့ကို ဗဟိုပြုပြီး Azores မြင့်မားသော လေဖိအားနည်းရပ်ဝန်းမှ အနောက်မြောက်လေပြင်းများ ဖြတ်သန်းစီးဆင်းလေ့ရှိတဲ့ ဒီပင်လယ်ကွေ့မှာ အတ္တလန္တိတ်ရဲ့ အကြီးမားဆုံး လှိုင်းလုံးများ ဖြစ်ပေါ်လေ့ရှိကြောင်းလည်း သိရပါတယ်။ လေပြင်းတိုက်လတ်ချိန်မှာ လှိုင်းလုံးများဟာ အမြင့် ၆ မီတာမှ ၈ မီတာအထိ ရောက်ရှိနိုင်ပါတယ်။

5. The Doldrums

အပူပိုင်းဒေသ ပေါင်းဆုံရပ်ဝန်း (ITCZ) က ရေသင်္ချိုင်းလို့ လူသိများတဲ့ Dolrums ဒေသယာ မြောက်ဖက် 8° နဲ့ 3° (အီကွေတာပတ်လည်) အကြားတွင် တည်ရှိပါတယ်။

ဒီနေရာမှာတော့ တည်ငြိမ်မှုမရှိတဲ့ မိုးလေဝသဇုန်နဲ့ ဆက်စပ်နေတာကြောင့် ၎င်းကိုဖြတ်သန်းသွားတဲ့ သင်္ဘောသားများဟာ ရေပြင်ငြိမ်ကြီးများကြောင့် ရက်အတန်အကြာ ပိတ်မိနေနိုင်သလို ဆန့်ကျင်ဘက်အနေနဲ့ ပြင်းထန်သော မိုးသက်လေပြင်းများဖြင့်လည်း ကြုံတွေ့နိုင်ပါတယ်။

အခုလို ပိတ်ဆို့ချိန်မှာ သင်္ဘောသားတို့ဟာ အစာရေစာ ပျက်လတ်ပြီး သေဆုံးသွားလေ့ရှိတဲ့ ဖြစ်ရပ်များကိုလည်း မကြာခဏ ကြုံတွေ့ကြရပါတယ်။

နောက်ပြီး ဒီနေရာမှာ ပင်လယ်နေသတ္တဝါတွေကနေး ကူးစက်တတ်တဲ့ ဖျားနာခြင်းမျိုး ကြုံတွေ့ရတတ်ပြီး ကူးစက်ခံရတဲ့ ခရီးသွားများယာဆိုရင်ဖြင့် သင်္ဘောပေါ်မှာ ရောဂါပြန့်ပွားမှုကို တားဆီးရန် သင်္ဘောပေါ်မှ ပစ်ချခံခဲ့ရတဲ့ ဖြစ်ရပ်မျိုးတွေလည်း ရှိခဲ့ပါတယ်။

Knight News Team

Knight News © 2022

Crd