ဘာကြောင့်တရုတ်နိုင်ငံကJ20 stealth fighterဟာf-35ထက်ပိုကောင်းတယ်လို့ထင်တာလဲ

Militarily News

အားလုံးပဲ မဂ်လာပါ။နိုင်ငံအားလုံးက သူတို့ပိုင်ဆိုင်တဲ့ လက်နက်တွေဟာ ပြိုင်ဘက်ရဲ့လက်နက်တွေထက် ပိုကောင်းမွန်တယ်လို့ ပြောဆိုလေ့ရှိပါတယ်။မပြောခဲ့ဘူးဆိုရင်သူတို့ဟာကာကွယ်ရေးအသုံးစရိတ်အတွက် ပိုက်ဆံပိုလိုချင်လို့ပါ။ဒါပေမဲ့တရုတ်ရဲ့ကာကွယ်ရေးမဂ္ဂဇင်းတစ်ခုကတော့ တရုတ်ကျွမ်းကျင်သူတွေဟာ j-20 ဟာ အမေရိကန်ဂျက်လေယာဥ်နဲ့တခြားအရာတွေထက်သာလွန်ကြောင်း ရှုမြင်ပုံကို ရေးသားဖော်ပြခဲ့ပါတယ်။j-20 ၊ f-22 နဲ့ f-35 တွေကြားမှာ မတူညီတာတွေရှိသလို တစ်စီးချင်းမှာ အားသာချက်၊အားနည်းချက်လေးတွေ ရှိကြောင်းကို shipboard weapon magazine မှာပြောကြားထားတာပါ။

တရုတ် J 20

ဥပမာအနေနဲ့ပြောရရင် အင်ဂျင်စွမ်းဆောင်ရည် ကန့်သတ်ချက်ကြောင့် အသံထက်မြန်သောမောင်းနှင်နှုန်းနဲ့ ထိန်းချုပ်မောင်းနှင်ရန် လွယ်ကူမှုမှာj-20 ဟာ f- 22 ထက်နိမ့်ပေမဲ့ သူ့ရဲ့ ကြီးမားတဲ့ ကိုယ်ထည်ကြောင့် j-20 ဟာ လောင်စာသိုလှောင်နိုင်စွမ်း မြင့်မားပြီး ခံနိုင်ရည်ပိုရှိပါတယ်ရှင်။ဆောင်းပါးဟာဒီနှစ်အစောပိုင်းမှာ လေတပ်ထဲဝင်ရောက်ခဲ့တဲ့ j-20 အကြောင်းကို မှတ်ချက်ပေးခဲ့ပါသေးတယ်။အမေရိကန်စစ်တပ်ရဲ့ နိုင်ငံခြားရေးရာ စစ်ဘက်ဆိုင်ရာ လေ့လာမှုတစ်ခုရဲ့ ဘာသာပြန်ချက်အရ j-20 ဟာ f-22 ထက် combat radius ပိုကြီးပြီး လေထဲမှာ လောင်စာဖြည့်ရခြင်း သိပ်မရှိပါဘူး။၁၉၉၇ မှာ ပထမဆုံးစတင်ခဲ့တဲ့ j-20 ဟာ f-22 ထက် ပိုပြီးခေတ်မှီတာကြောင့် သူ့ရဲ့ အီလက်ထရောနစ်နည်းပညာ၊ အခြေအနေကို သတိထားနိုင်မှုနဲ့ data networkingတွေက ပိုကောင်းပြီးတော့ f-35 ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေနဲ့ ပိုပြီး တူညီတာမှာရှိတာပါ။

အမရေိကန် F 22 Raptor

ဆောင်းပါးက j-20 ဟာ f-35 နဲ့ ယှဥ်ပြိုင်နိုင်စွမ်းရှိပြီး တချို့နေရာတွေမှာတော့ အသံမြန်နှုန်းလိုမောင်းနှင်နိုင်စွမ်းရှိမှုကြောင့် j-20 ဟာ အတွင်းပိုင်းလက်နက်သိုလှောင်စရာ အနည်းငယ်ပဲ ပါရှိပြီး အသံမြန်နှုန်းမောင်းနှင်မှု ကန့်သက်ထားသော f-35 ထက် ပိုကောင်းတယ်လို့ ဆိုထားပါတယ်ရှင်။j-20 ဟာ အတွင်းပိုင်းလက်နက်သိုလှောင်ရန် သီးသန့်နေရာရှိပြီး ပိုကြီးမားတဲ့ ရွေ့လျားနိုင်မှုအကျိုးကျေးဇူးတွေ ရှိတယ်လို့ shipboard weapons က ပြောကြားခဲ့တာပါပဲ။

တရုတ် J 20

f-22 နဲ့ f-35 မှာ မျိုးရိုးကွဲခြားချက်မရှိပေမဲ့ j-20 မှာတော့ ကောင်းတဲ့အချက်ကလေးတွေရှိနေတာပါပဲရှင်။j-20 ဟာ စစ်ပွဲအတွင်း ကမ်းလွန်လေပိုင်နက်ကို ပျံသန်းနိုင်စွမ်းရှိပြီး f-22 f-35 တို့လို နိုင်ငံခြားမျိုးဆက်လေးဆက်မြောက် လေယာဥ်တွေနဲ့အတူ လေကြောင်းအသာစီးရယူမှုအတွက် ယှဥ်ပြိုင်ရန်၊ ရန်သူတွေကို တိုက်ခိုက်ရန်နဲ့ ပစ်မှတ်ကို အနိုင်ယူရန် လုပ်ငန်းတွေဆောင်ရွက် နိုင်တာပါပဲ။အနောက်နိုင်ငံက f-22 f-35 နဲ့ j-20ကို ငါးကြိမ်မြောက်မျိုးဆက်အဖြစ် သတ်မှတ်ပေမဲ့ တရုတ်နိုင်ငံ ကတော့ သူတို့ကို လေးကြိမ်မြောက်မျိုးဆက်အဖြစ် သတ်မှတ်ထားပါတယ်ရှင်။

အမေရိကန် F 35

shipboard weapons ရဲ့ပြောကြားချက်အရ j-20 ဟာ မည်သည့်ပဋိပက္ခအတွက်မဆို တိကျတဲ့မစ်ရှင်တွေ ရှိတာပါ။ဒီယာဥ်ဟာ သူရဲ့ stealth စွမ်းရည်ကို သုံးပြီး အနောက်ပိုင်းပစိဖိတ်ရဲ့ U.S လေတပ်စစ်ဆင်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ရှေ့ပြေးအချက်ပြယာဥ်တွေ၊ လောင်စာဆီတင်ယာဥ်တွေ စတဲ့ ရန်သူ့လေတပ်တွေကို.ဖျက်စီးနိုင်တယ်လို့ဆိုပါတယ်။ဘာကြောင့်လဲဆိုတော့ ဒီပစ်မှတ်တွေဟာ j-20 ရှာဖွေတွေ့ရှိနိုင်တဲ့ အကွာအဝေးမှာ စစ်ဆင်ရေးပြုလုပ်လေ့ရှိပြီး ဒီလက်နက်တွေအတွက် ချို့ယွင်းချက်မရှိဘဲ လေထုအကာအကွယ် ထိထိရောက်ရောက်လုပ်ဖို့ ခက်ခဲတာကြောင့်ပါပဲ။သူတို့ဟာ j-20 ယာဥ်ရဲ့ တိုက်ခိုက်ခံရတာနဲ့ လေတပ်ရှေ့ပြေးအချက်ပြယာဥ်ဖြစ်စေ ၊ လောင်စာဆီယာဥ်ဖြစ်စေ မလွတ်မြောက်နိုင်ပါဘူး။ဒီလက်နက်တွေထဲက တစ်ခုဆုံးရှုံးမှုဟာ ရန်သူ့စစ်ဆင်ရေးတစ်ခုလုံးကို အကြီးအကျယ်ဆုံးရှုံးမှု ဖြစ်စေပါလိမ့်မယ်။

တရုတ် J 20

ရေတပ်ရေဒါလေယာဥ်နဲ့ လောင်စာဆီယာဥ် နည်းပါးခြင်းက U.S stealth fighter ရဲ့ အကျိုးသက်ရောက်မှုကို တရုတ်တွေအမြင်မှာ ယုံမှားမကင်းခံရပါတယ်။j-20 ရဲ့ရှေ့မှောက်မှာ ရန်သူ့တာဝါနဲ့ ရှေ့ပြေးယာဥ်တွေ၊ လောင်စာဆီဖြည့်ယာဥ်တွေကို.ဘေးကင်းတဲ့နောက်ပိုင်းလေပိုင်နက်မှာ ထားခြင်းက f-22 နဲ့ f-35 လို ရှေ့စစ်မျက်နှာမှအထောက်အပံယာဥ်တွေကို အားနည်းစေပါတယ်။မစ်ရှင် စွမ်းဆောင်ရည်ကို ကျစေပြီး ရှေ့တန်းစစ်မျက်နှာမှ ဆုတ်ခွာသွားစေဖို့အထိ ဖြစ်နိုင်ကြောင်း ဆောင်းပါးမှာပြောကြားထားတာပါ။j-20 ကို လေပိုင်နက်အနီးနား ရှေ့တန်းမှာ စစ်ဆင်ရေးထားရှိခြင်းက f-22 နဲ့ f-35 ရဲ့ လှုပ်ရှားမှုကို ကန့်သတ်ထားနိုင်ပြီး လေတပ်အထောက်အပံ့နည်းပါးမှုကြောင့် ရေတပ်လှုပ်ရှားမှုတွေကိုလည်း ကန့်သတ်ချက်တွေဖြစ်စေကာ ကောင်းမွန်တဲ့အခြေအနေကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်ရှင်။

ဒါက ရေတပ်ရဲ့ဖိအားပေးနိုင်မှုနဲ့ ကမ်းလွန်ကာကွယ်ရေး စစ်ဆင်မှုတွေကို လျော့နည်းစေမှာပါပဲ။ဒါက j-20 အတွက် တရုတ်ရဲ့နည်းပညာဖြစ်မယ်ဆိုရင် ခုလို ကောင်းကျိုးတွေရှိနေမှာပါ။တောင်တရုတ်ပင်လယ်မှ ထိုင်ဝမ်နဲ့ ကျယ်ပြောလှတဲ့ ပစိဖိတ်သမုဒ္ဒရါဝန်းကျင်နေရာတွေမှာ U.S ဖိုက်တာတွေက အရေအတွက် ကန့်သတ်ထားတဲ့ airborne radarနဲ့ လောင်စာဆီတင်ယာဥ်တွေအပေါ်မှာ သာ မှီခိုနေကြရတာပဲ ဖြစ်ပါတယ်ရှင်။ဒါပေမဲ့ shipboard weapons ဆောင်းပါးဟာ ပြဿနာအနည်းငယ်ကိုပဲ အပေါ်ယံ ဖော်ပြထားခြင်းပါ။အဓိကပြဿနာက j-20 နဲ့ ပုံစံအတိအကျထွက်မလာသေးတဲ့ ယုံကြည်စိတ်ချရမဲ့ ဆောင်ရွက်ချက်တွေနဲ့ ဒုက္ခပေးခံခဲ့ရတဲ့ ws 15 အင်ဂျင်ဖြစ်ပါတယ်။

စိတ်မချရတဲ့အင်ဂျင်တွေနဲ့ stealth fighter တစ်စင်းဟာ အမေရိကန်လေတပ်အင်အားကိုအကြီးအကျယ်ထိခိုက်ပျက်စီးစေမဲ့ အားနည်းတဲ့လက်နက်တစ်ခုလာဆိုတာကတော့အချိန်ကပြသပေးပါလိမ့်မယ်။

သတိပေးကြေညာချက်
Arkarta website မှတင်ဆင်တဲ့သတင်းနဲ့ဆောင်းပါးများကိုကူးယူတင်ဆက်ခြင်းလုံးဝခွင့်မပြုပါဘူးခင်ဗျာ။ကူးယူခြင်းတွေ့ရှိပါက Facebook instant articleသို့မဟုတ်GoogleAdsense monetization ဖြုတ်ခံရတဲ့အထိReportတင်မှာပါ။တခြားဟာများလဲတွေ့ရှိပါကအထက်ပါအတိုင်းလုပ်မှာပါ။တခြားနေရာများနှင့်Facebookpageသို့မဟုတ်ကိုယ်ပိုင်Profileမှာလဲကူးယူဖေါ်ပြခွင့်မပြုပါဘူး။မိတ်ဆွေတို့စိတ်ကြိုက်တိုက်ရိုက်share ခြင်းဖြင့်သာကူညီကြပါခင်ဗျာ။မေတ္တာရပ်ခံပါတယ်။
မိတ်ဆွေတို့ရဲ့
Admin Team

Leave a Reply