ဘဝတစ်လျှောက်လုံးမှာ တစ်ခါမှရေးမချိုးဖူးသောအမျိုးသားရဲ့ဘဝ နောက်ကွယ်က ဝမ်းနည်းစရာအကြောင်း

News Social News

ဘဝတစ်လျှောက်လုံးမှာ တစ်ခါမှရေးမချိုးဖူးသောအမျိုးသားရဲ့ဘဝ နောက်ကွယ်က ဝမ်းနည်းစရာအကြောင်း

လွန်ခဲ့တဲ့ ၂ နှစ်ခန့်က Ludvik Dolezals အမည်ရှိ ချက်သမ္မတနိုင်ငံမှ အိမ်ခြေမဲ့အမျိုးသားတစ်ဦး ဟာ ညစ်ပတ်မှုကြောင့် ရုတ်တရက်နာမည်ကျော်လာခဲ့ပြီး ဥရောပမှာ အညစ်ပတ်ဆုံးလူသားလို့ပင် ချီးမြှောက်ခံခဲ့ရပါတယ် ။ အသက် ၆၀ ခန့်ရှိ မစ္စတာ Ludvik ဟာ Prague မြို့အရှေ့ဘက် ၆၅ ကီလိုမီတာခန့်၊ ချက်နိုင်ငံမြောက်ပိုင်း၊ Skrivany ရွာက စွန့်ပစ်လယ်ယာမှာ နေထိုင်ခဲ့ပါတယ် ။ သူက သူ့လက်ထဲကျရောက်တဲ့အရာအားလုံးကို မီးရှို့ပစ်ပြီး သူ့ပိုင်ဆိုင်သမျှကိုတောင် မီးရှို့တက်တဲ့ စိတ်ရောဂါရှိတယ်လို့ ပြောကြပါတယ် ။ ထိုမီးရှို့မှုတာတွေက မည်သူ့ကို မထိခိုက်စေခဲ့ပေမဲ့ မီးသတ်သမားများက ပုံမှန်မီးငြိမ်းသတ်ရန် လာရောက်လေ့ရှိပါတယ် ။

သူက နှစ်ပေါင်းများစွာ ရေမချိုးခဲ့ရုံမက သူက တာယာများ၊ ပလတ်စတစ်များ၊ စက္ကူများနဲ့ အခြားအရာများစွာ အပါအဝင်အခြား မီးရှို့ခဲ့တာကြောင့် သူ့ရဲ့အသားတဲ့ မဲပြီး ကိုယ်တွေမှ အနံ့ဆိုးများထွက်လာခဲ့ပါတယ် ။ သူက စိုက်ခင်းရှိ မြင်းဇောင်းများထဲမှာ ပြာမှုန့်တွေနဲ့ပင် အိပ်ခဲ့ပါသေးတယ် ။ မစ္စတာ Ludvik ရဲ့ ခန္ဓာကိုယ်အားလုံးက အနက်ရောင်ပြောင်းသွားပြီး သူ့ရဲ့ မျက်လုံးများသာ အဖြူရောင်ဖြစ်နေခဲ့ပါတယ် ။

ဒေသခံမီဒီယာများအဆိုအရ မစ္စတာ Ludvik ဟာ သူ့ရဲ့ မှတ်ပုံတင်ကဒ်ပြားပျောက်ဆုံးမှုကြောင့် အကျဉ်းကျခံရပြီး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ် ။ သူ့ရဲ့ မိဘနှစ်ပါးစလုံး သေဆုံးသွားခဲ့ပြီး သူက အခြားမောင်နှမရှစ်ယောက်နဲ့လည်း အဆက်အသွယ်ပြတ်နေတာကြောင့် လယ်ယာမှ ခဲအိုတစ်ဦး နဲ့အတူ နေခဲ့ရပါတယ် ။

သူ့ရဲ့အခြေအနေမကောင်းတာကြောင့် အိမ်နီးချင်းများက ပရိဘောဂများ သို့မဟုတ် ပစ္စည်းများကိုလက်ဆောင်များအဖြစ် ယူလာပေးလေ့ရှိသော်လည်း ၎င်းတို့အားလုံးကို သူက ပြန်ပေးခဲ့ပါတယ် ။

အရင်နှစ်တွေမှာ မစ္စတာ Ludvik က ချက်နိုင်ငံအစိုးရမှ ပင်စင်ကိုပေးခဲ့သော်လည်း သူက ငွေကို မည်သို့သုံးရမည်ကို မသိသောကြောင့် ငွေအားလုံးကို မီးရှို့မှာကို ကြောက်သောကြောင့် မြို့တော်ဝန်က ထိုငွေကို အနီးရှိစူပါမားကတ်တစ်ခုသို့ ပေးခဲ့ပြီး သူဆာတဲ့အခါတိုင်း အဲ့ဒီကို သွားစားနိုင်အောင် ပေးခဲ့တာပါ ။

အရင်နေ့တွေမှာ Mr. Ludvik က အဆိုပါ ငွေပေးထားတဲ့ supermarket ကို မျက်ခြေမပြတ်လာနေကြတော့ ကြာသပတေးနေ့မှာ မလာတော့ဒါကို လူတွေကသတိပြုမိပြီး တနင်္လာနေ့မှာ သူတို့က သူ့ကို သွားတွေ့ပြီး ဖုန်ထူတဲ့အပျက်အစီးအိမ်ထဲမှာ သေဆုံးနေတာကို တွေ့ခဲ့ရပါတယ် ။

ရဲများက Mr. Ludvik သေဆုံးရတဲ့ အကြောင်းရင်းကို ရှာဖွေရန် အလောင်းကိုစစ်ဆေးမယ်လို့ ပြောခဲ့သော်လည်း သံသယဖြစ်စရာအကြောင်းရှိလိမ့်မယ်လို့ မထင်ပါ ။ Mr. Ludvik အသက်ရှင်စဉ်အခါက ပုံအချို့ကိုလည်း ဝေမျှပေးထားပါတယ် ။

Zawgyi

ဘဝတစ္ေလွ်ာက္လုံးမွာ တစ္ခါမွေရးမခ်ိဳးဖူးေသာအမ်ိဳးသားရဲ႕ဘဝ ေနာက္ကြယ္က ဝမ္းနည္းစရာအေၾကာင္း

လြန္ခဲ့တဲ့ ၂ ႏွစ္ခန႔္က Ludvik Dolezals အမည္ရွိ ခ်က္သမၼတႏိုင္ငံမွ အိမ္ေျခမဲ့အမ်ိဳးသားတစ္ဦး ဟာ ညစ္ပတ္မႈေၾကာင့္ ႐ုတ္တရက္နာမည္ေက်ာ္လာခဲ့ၿပီး ဥေရာပမွာ အညစ္ပတ္ဆုံးလူသားလို႔ပင္ ခ်ီးေျမႇာက္ခံခဲ့ရပါတယ္ ။ အသက္ ၆၀ ခန႔္ရွိ မစၥတာ Ludvik ဟာ Prague ၿမိဳ႕အေရွ႕ဘက္ ၆၅ ကီလိုမီတာခန႔္၊ ခ်က္ႏိုင္ငံေျမာက္ပိုင္း၊ Skrivany ႐ြာက စြန႔္ပစ္လယ္ယာမွာ ေနထိုင္ခဲ့ပါတယ္ ။ သူက သူ႔လက္ထဲက်ေရာက္တဲ့အရာအားလုံးကို မီးရႈိ႕ပစ္ၿပီး သူ႔ပိုင္ဆိုင္သမွ်ကိုေတာင္ မီးရႈိ႕တက္တဲ့ စိတ္ေရာဂါရွိတယ္လို႔ ေျပာၾကပါတယ္ ။ ထိုမီးရႈိ႕မႈတာေတြက မည္သူ႔ကို မထိခိုက္ေစခဲ့ေပမဲ့ မီးသတ္သမားမ်ားက ပုံမွန္မီးၿငိမ္းသတ္ရန္ လာေရာက္ေလ့ရွိပါတယ္ ။

သူက ႏွစ္ေပါင္းမ်ားစြာ ေရမခ်ိဳးခဲ့႐ုံမက သူက တာယာမ်ား၊ ပလတ္စတစ္မ်ား၊ စကၠဴမ်ားနဲ႔ အျခားအရာမ်ားစြာ အပါအဝင္အျခား မီးရႈိ႕ခဲ့တာေၾကာင့္ သူ႔ရဲ႕အသားတဲ့ မဲၿပီး ကိုယ္ေတြမွ အနံ႔ဆိုးမ်ားထြက္လာခဲ့ပါတယ္ ။ သူက စိုက္ခင္းရွိ ျမင္းေဇာင္းမ်ားထဲမွာ ျပာမႈန႔္ေတြနဲ႔ပင္ အိပ္ခဲ့ပါေသးတယ္ ။ မစၥတာ Ludvik ရဲ႕ ခႏၶာကိုယ္အားလုံးက အနက္ေရာင္ေျပာင္းသြားၿပီး သူ႔ရဲ႕ မ်က္လုံးမ်ားသာ အျဖဴေရာင္ျဖစ္ေနခဲ့ပါတယ္ ။

ေဒသခံမီဒီယာမ်ားအဆိုအရ မစၥတာ Ludvik ဟာ သူ႔ရဲ႕ မွတ္ပုံတင္ကဒ္ျပားေပ်ာက္ဆုံးမႈေၾကာင့္ အက်ဥ္းက်ခံရၿပီး အိုးမဲ့အိမ္မဲ့ျဖစ္ခဲ့ရပါတယ္ ။ သူ႔ရဲ႕ မိဘႏွစ္ပါးစလုံး ေသဆုံးသြားခဲ့ၿပီး သူက အျခားေမာင္ႏွမရွစ္ေယာက္နဲ႔လည္း အဆက္အသြယ္ျပတ္ေနတာေၾကာင့္ လယ္ယာမွ ခဲအိုတစ္ဦး နဲ႔အတူ ေနခဲ့ရပါတယ္ ။

သူ႔ရဲ႕အေျခအေနမေကာင္းတာေၾကာင့္ အိမ္နီးခ်င္းမ်ားက ပရိေဘာဂမ်ား သို႔မဟုတ္ ပစၥည္းမ်ားကိုလက္ေဆာင္မ်ားအျဖစ္ ယူလာေပးေလ့ရွိေသာ္လည္း ၎တို႔အားလုံးကို သူက ျပန္ေပးခဲ့ပါတယ္ ။

အရင္ႏွစ္ေတြမွာ မစၥတာ Ludvik က ခ်က္ႏိုင္ငံအစိုးရမွ ပင္စင္ကိုေပးခဲ့ေသာ္လည္း သူက ေငြကို မည္သို႔သုံးရမည္ကို မသိေသာေၾကာင့္ ေငြအားလုံးကို မီးရႈိ႕မွာကို ေၾကာက္ေသာေၾကာင့္ ၿမိဳ႕ေတာ္ဝန္က ထိုေငြကို အနီးရွိစူပါမားကတ္တစ္ခုသို႔ ေပးခဲ့ၿပီး သူဆာတဲ့အခါတိုင္း အဲ့ဒီကို သြားစားႏိုင္ေအာင္ ေပးခဲ့တာပါ ။

အရင္ေန႔ေတြမွာ Mr. Ludvik က အဆိုပါ ေငြေပးထားတဲ့ supermarket ကို မ်က္ေျခမျပတ္လာေနၾကေတာ့ ၾကာသပေတးေန႔မွာ မလာေတာ့ဒါကို လူေတြကသတိျပဳမိၿပီး တနလၤာေန႔မွာ သူတို႔က သူ႔ကို သြားေတြ႕ၿပီး ဖုန္ထူတဲ့အပ်က္အစီးအိမ္ထဲမွာ ေသဆုံးေနတာကို ေတြ႕ခဲ့ရပါတယ္ ။

ရဲမ်ားက Mr. Ludvik ေသဆုံးရတဲ့ အေၾကာင္းရင္းကို ရွာေဖြရန္ အေလာင္းကိုစစ္ေဆးမယ္လို႔ ေျပာခဲ့ေသာ္လည္း သံသယျဖစ္စရာအေၾကာင္းရွိလိမ့္မယ္လို႔ မထင္ပါ ။ Mr. Ludvik အသက္ရွင္စဥ္အခါက ပုံအခ်ိဳ႕ကိုလည္း ေဝမွ်ေပးထားပါတယ္ ။

Crd