ဘရာတွေကို ပုံမှန်မလျှော်တဲ့အခါ ရရှိလာမယ့်ဆိုးကျိုးများ – The Geek Text

ဘရာတွေကို ပုံမှန်မလျှော်တဲ့အခါ ရရှိလာမယ့်ဆိုးကျိုးများ
တစ်ခါတရံမှာ အမျိုးသမီးတွေဟာ ဘရာတွေကို မလျှော်ဖြစ်ဘဲ ဆက်တိုက်ဝတ်မိတာ၊ လျှော်ဖို့မေ့သွားတာတို့ ဖြစ်လေ့ရှိပါတယ်။ ဘရာတွေကို ပုံမှန်မလျှော်တဲ့အခါမှာတော့ ဆိုးကျိုးပေါင်းများစွာကို ဖြစ်ပေါ်စေပါတယ်။
ဘက်တီးရီးယားတွေ ခိုအောင်းလာခြင်း


ဘရာတွေကို အချိန်ကြာကြာဝတ်တဲ့အခါ ချွေးတွေ ထွက်လာပါတယ်။ ဘက်တီးရီးယားနဲ့ မှိုတွေက စိုစွတ်တဲ့နေရာကို သဘောကျပါတယ်။
ချွေးနဲ့ အရေပြားက ထွက်တဲ့အဆီတို့ ပေါင်းစပ်သွားတဲ့အခါမှာတော့ ဘက်တီးရီးယားတွေက ပွားသထက်ပွားလာပြီး ဘရာအထဲမှာပါ စုဝေးလာမှာပါ။
အသားအရေယားယံလာခြင်း


ဝက်ခြံက မျက်နှာမှာပဲ ပေါက်တာမဟုတ်ဘဲ ရင်ဘတ်တစ်ဝိုက်မှာလည်း ပေါက်တတ်ပါတယ်။ အထူးသဖြင့် ထိလွယ်ရှလွယ်တဲ့ အသားအရေတွေမှာ ပိုဖြစ်တတ်ပါတယ်။ အဲဒါကြောင့် ဘရာကို ရက်အကြာကြီးမဝတ်ဘဲ ပုံမှန်လျှော်ပေးသင့်ပါတယ်။
အနံ့အသက်ဆိုးများ ထွက်လာခြင်း
ဘရာကို ရက်အများကြီးဝတ်ထားတဲ့အခါ ချွေးတွေ စုလာပြီး အနံ့အသက်ဆိုးတွေ ထွက်လာပါတယ်။ အဲဒီအနံ့အသက်ဆိုးတွေက အဝတ်အစားတွေအထိ ကူးသွားပါတယ်။

ဘရာကနေ ထွက်တဲ့အနံ့ဆိုးက ဖယ်ရှားရခက်တာကြောင့် ရှာလကာရည်ကို အသုံးပြုပြီး လျှော်လို့ရပါတယ်။
ချည်သားနဲ့ နိုင်လွန်ဘရာတွေကို ရေနွေးနဲ့ လျှော်လို့ရပြီး ပိုးသား၊ ဖဲသားနဲ့ချုပ်ထားတဲ့ဘရာတွေကိုတော့ ရေအေးနဲ့ လျှော်ပါ။
ဘရာရဲ့ချည်သားတွေ ယိုယွင်းလာခြင်း
အဆီတွေ၊ အညစ်အကြေးတွေ၊ ခရင်မ်တွေက ချွေးနဲ့ရောသွားတဲ့အခါမှာတော့ ဘရာမှာ အဝါရောင်အစွန်းတွေ ထင်ကျန်နေတတ်ပါတယ်။ ချွေးနဲ့ အစွန်းတွေကြောင့်
ဘရာက ယိုယွင်းလာပြီး ဝတ်ရတာ အဆင်မပြေဖြစ်လာစေပါတယ်။ ဘရာက အစွန်းတွေကို သွားတိုက်ဆေးကို အသုံးပြုပြီးတော့ လျှော်လို့ရပါတယ်။
ဘရာကို ဘယ်လောက်ကြာကြာဝတ်ပြီးမှ လျှော်သင့်လဲ။
အချို့က ဘရာကို ရက်ပေါင်းများစွာ ဝတ်ပြီးမှ လျှော်ကြပါတယ်။ အချို့ကလည်း ၂ရက်တစ်ခါ လျှော်ကြပါတယ်။ ဒါပေမယ့် နာရီပေါင်းများစွာ ဝတ်ထားတဲ့အခါမှာတော့
ပြန်မဝတ်တော့ဘဲ လျှော်ပေးသင့်ပါတယ်။ အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေ၊ ချွေးထွက်လွယ်သူတွေအတွက် ဘရာကို နေ့စဉ်လဲလှယ်ပေးသင့်ပါတယ်။
Bonus
– ဘရာတစ်ထည်တည်းကို အချိန်အကြာကြီး ဝတ်ရင် ဘရာရဲ့ပုံစံမလှမပဖြစ်သွားစေမှာပါ။ ကြိုးတွေလည်း ချောင်လာပြီး ဝတ်ရတာအဆင်မပြေဖြစ်လာနိုင်ပါတယ်။
– ဘရာလျှော်တဲ့အခါ ကြိုးတွေ မငြိစေဖို့ ကြိုးတွေကို ချည်ပြီးမှ လျှော်ပါ။ ဒါမှမဟုတ် ပိုက်ကွန်အိတ်ထဲမှာ ဘရာတွေကို ထည့်ပြီးလျှော်ပါ။
– ဘရာတွေကို လျှော်တဲ့အခါ ခွက်တွေ ပုံမပျက်သွားစေဖို့ ညင်ညသ်သာသာလျှော်ပါ။
– ဘရာတွေကို အပူပေးပြီး အခြောက်ခံတာမလုပ်ဘဲ သဘာဝလေနဲ့အခြောက်ခံတာက အကောင်းဆုံးပါ။
Zombie (lovemeida) Credit
Unicode
Bonus
Zombie (lovemeida) Credit
Crd
Post Views:
11
Crd