ဘရာဇီးဖိုက်တာကို ပထမအချီမှာပဲ အလဲထိုးအနိုင်ယူလိုက်တဲ့ အောင်လအန်ဆန်

News

စင်္ကာပူနိုင်ငံမှာ ကျင်းပတဲ့ One Championship ရဲ့ အမ်အမ်အေ သိုင်းပေါင်းစုံပြိုင်ပွဲ မစ်ဒယ်ဝိတ်တန်းမှာ မြန်မာ့ စပါးအုံးအောင်လအန်ဆန် ဟာ ပြိုင်ဘက် ဘရာဇီးကစားသမား လီယန်ဒိုး အက်တိုက်ဒက်စ် ကို ပထမအချီမှာ အလဲထိုး အနိုင်ရရှိသွားခဲ့ပါတယ်။

အောင်လက မစ်ဒယ်ဝိတ်တန်း တွဲဆိုင်းမှာ ထိုးသက်တာ ဖြစ်ပြီး ပထမအချီအတွင်း ၃မိနစ်နဲ့ ၄၅ စက္ကန့်မှာ အနိုင်ရလိုက်တာလဲ ဖြစ်ပါတယ်။

ပြိုင်ပွဲကို မြန်မာစံတော်ချိန် ည ၇နာရီမှာ စတင်ခဲ့ပြီး ONE ရဲ့ YouTube ချန်နယ်ကနေ တိုက်ရိုက်ထုတ်လွှင့်နေတာလဲ ဖြစ်ပါတယ်။

“အရှုံးထဲက သင်ခန်းစာ ယူတတ်ဖို့ အရေးကြီးတယ်။ ကျွန်တော်က သင်ခန်းစာယူပြီး ပြန်ရုံးထွက်တယ်။ ကျွန်တော်ဆိုရင် ရှုံးပြီးရင် နိုင်ပွဲဆက်တဲ့ မှတ်တမ်းရှိတယ်။ အခုလည်း အဲဒီလိုဖြစ်မယ်လို့ မျှော်လင့်တယ်။ နိုင်ပွဲဆက်ခြင်း၊ မဆက်ခြင်းက အရေးမကြီးသေးပါဘူး။ Leandro Ataides ကို ပွဲသိမ်းပေးပြီး ပရိသတ်တွေကို စိတ်လှုပ်ရှားစေချင်တယ်” လို့ ပွဲကြိုစကားအနေနဲ့ အောင်လအန်ဆန်း ကပြောကြားထားတာပါ။

အခုလဲ အောင်လအန်ဆန်ဟာ ပြောထားတဲ့အတိုင်း နိုင်ပွဲဆက်တဲ့မှတ်တမ်းကို ယူပြလိုက်ပါပြီ။

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

Leave a Reply