ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်း ထုတ်လုပ်တဲ့ ကုမ္ပဏီထဲကတစ်ခုဖြစ်တဲ့ Xiaomi ရှောင်မီ ကုမ္ပဏီကို အမေရိကန်က Blacklist သွင်း
ထရမ့်အစိုးရက ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်း ထုတ်လုပ်တဲ့ ကုမ္ပဏီထဲကတစ်ခုဖြစ်တဲ့ Xiaomi ရှောင်မီ ကုမ္ပဏီအပါအဝင် ကုမ္ပဏီ ၈ ခုကို တရုတ်အစိုးရစစ်တပ်နှင့်ပတ်သက်နေတယ်လို့ သတ်မှတ်ပြီး Blacklist စာရင်းအဖြစ် ကြာသပတေးနေ့က ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ Xiaomi ဟာ ကမ္ဘာပေါ်မှာ တတိယအကြီးဆုံး စမတ်ဖုန်းထုတ်လုပ်သူလဲဖြစ်ပါတယ်။

ဒါကြောင့် အမေရိကန်ရင်းနှီးမြှပ်နှံသူများအနေနဲ့ Xiaomi မှာ ရင်းနှီးမြှပ်နှံခွင့်ရှိမှာမဟုတ်တော့ပါဘူး။ သူတို့ရဲ့လက်ရှိ ရင်းနှီးမြှပ်နှံမှုတွေကိုလည်း နိုဝင်ဘာ ၁၁ ရက် ၂၀၂၁ မတိုင်ခင် ဖျက်သိမ်းရမယ်လို့ညွှန်ကြားထားကြောင်း Reuter သတင်းဌာနကပြောပါတယ်။

ထရမ့်အစိုးရဟာ Huawei၊ Semiconductor ထုတ်လုပ်သူ SMIC၊ Drone ထုတ်လုပ်သူ DJI အပါအဝင် ကုမ္ပဏီပေါင်း ၆၀ လောက်ကို အမည်ပျက်စာရင်းသွင်းထားတာပါ။ အထက်ပါကုမ္ပဏီတွေနဲ့မတူတာကတော့ Xiaomi ကို လိုင်စင်မလိုဘဲ အမေရိကန်နည်းပညာတွေကို တင်သွင်းခွင့်ပြုထားပါသေးတယ်။
ဘိုင်ဒန်တက်လာမယ့် ဇန်နဝါရီ ၂၀ မှာ ဒီဆုံးဖြတ်ချက်ကို ပြင်ဆင်ကောင်းပြင်ဆင်နိုင်ပေမယ့် Xiaomi အနေနဲ့တော့ ထရမ့်ရဲ့ ဒီဆုံးဖြတ်ချက်ဟာ ထင်မှတ်မထားတဲ့ ထိုးနှက်မှုတစ်ခုဖြစ်လာမှာပါ။

အမည်ပျက် အသွင်းခံလိုက်ရတဲ့ ကုမ္ပဏီစာရင်းကို ဖော်ပြပေးထားပါတယ်။
KWorm
zawgyi