ဘယ်လိုနေရာမျိုးက ရန်သူကိုမဆို ရှာဖွေချေမှုန်းနိုင်တယ်လို့ ပူတင် ပြော

News

စိန့်ပီတာစဘတ်မြို့မှာ ကျင်းပခဲ့တဲ့ ရုရှားရေတပ်နှစ်ပတ်လည်နေ့ ချီတက်ပွဲမှာ ရုရှားသမ္မတဗလာဒီမာပူတင်က သူတို့အနေနဲ့ ခေတ်မီလက်နက်တွေ ပိုင်ဆိုင်ထားတဲ့ အစွမ်းသတ္တိကြောင့် ဘယ်လိုရန်သူမျိုးကိုမဆို လိုအပ်လာရင် ရှာဖွေတိုက်ခိုက်နိုင်စွမ်းရှိနေပြီး သေချာပေါက်လက်တုံ့ပြန်မှာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

အဆိုပါချီတက်ပွဲကိုတော့ ရုရှားစစ်သည်ပေါင်း လေးထောင်ကျော် နဲ့ ရေတပ်သင်္ဘော ၅၅ စီး၊ ဒုံးကျည်တွေတပ်ဆင်ထားတဲ့ Borey-A နူကလီးယားရေငုပ်သဘောင်္တစ်စီးတို့ အင်အားပြခဲ့ကြပါတယ်။

ဒီနေ့မှာ ရုရှားရေတပ်က နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ ဇာတိနိုင်ငံကာကွယ်ရေးအတွက် လိုအပ်တာတွေအားလုံးရှိနေပါပြီ” လို့ ပူတင်က မိန့်ခွန်းချွေခဲ့ပါတယ်။

ဒါ့အပြင် ရေတပ်အင်အားကြီးနိုင်ငံတွေများစွာထဲမှာမှ နေရာမှန်ကို ရယူထားပြီး နောက်ဆုံးပေါ်စနစ်တွေအသုံးပြုထားတဲ့ မြင့်မားတိကျတဲ့ လက်နက်တွေကိုလည်း တပ်ဆင်ထားပြီးဖြစ်တာကြောင့် အဆက်မပြတ်အောင်မြင်မှုတွေနဲ့ တိုးတက်အောင်ရှိနေတယ်လို့လည်း ဆိုခဲ့ပါတယ်။

 ရုရှားက ဘယ်လိုရေပေါ်၊ရေအောက်၊ လေကြောင်းတွေမှာမဆို ရန်သူကို ရှာတွေနိုင်ပြီး လိုအပ်လာရင် သေချာပေါက်ထိုးနှက်နိုင်စွမ်းရှိနေပါတယ်” လို့ ပူတင်က ခြိမ်းခြောက်စကားဆိုခဲ့ပါတယ်။

ကိုဗစ်-၁၉ ကြောင့် ကြည့်ရှုသူတွေမတက်ရောက်နိုင်ခဲ့တဲ့ ချီတက်ပွဲမှာ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အသံထက်မြန်တဲ့ Zircon နူကလီးယားဒုံးကျည်ကို အောင်မြင်စွာပစ်လွှတ်စမ်းသပ်နိုင်ခဲ့ပြီလို့လည်း ကြေညာခဲ့ကြောင်း သိရပါတယ်။

အဆိုပါလက်နက်ကတော့ ဖရီးဂိတ်စစ်ရေယာဉ် Admiral Gorshko က ပင်လယ်ဖြူအတွင်း စမ်းသပ်ပစ်လွှတ်ခဲ့တာဖြစ်ပြီး အသံထက် ၇ ဆ မြန်ဆန်ခဲ့ပြီး ကီလိုမီတာ ၃၅၀ အကွာအဝေးမှာရှိတဲ့ Barents ပင်လယ်ကမ်းရိုးတန်းမှာရှိတဲ့ မြေပြင်ပစ်မှတ်ကို ထိမှန်ခဲ့တယ်လို့လည်း ဆိုပါတယ်။

Zircon ဒုံးကျည်ရဲ့ နည်းပညာပိုင်းနဲ့ နည်းဗျူဟာပိုင်းဆိုင်ရာ လက္ခဏာအားလုံးကို အတည်ပြုပြီးဖြစ်တယ်လို့လည်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

ရုရှားဘက်က စမ်းသပ်မှုနဲ့ ပတ်သက်ပြီး နေတိုးအဖွဲ့က “ဒုံးကျည်အသစ်စမ်းသပ်မှုဟာ အခြေအနေတွေကို သိသိသာသာမတည်မငြိမ်ဖြစ်စေပြီး ယူရို-အတ္တလန္တိတ်ဒေသတစ်ခုလုံးမှာ လုံခြုံရေးနဲ့ တည်ငြိမ်မှုကို ပျက်ပြားစေပါတယ်” လို့ မှတ်ချက်ပြုခဲ့ပါတယ်။

လက်နက်အမျိုးအစားသစ်တွေ ပေါ်ပေါ်လာတာကလည်း ရုရှားခေါင်းဆောင်တွေရဲ့ တင်းမာမှုနဲ့ တွက်ချက်မှုမှားယွင်းခြင်းတွေ တိုးမြင့်လာတာဖြစ်တယ်လို့လည်း နေတိုးဘက်က ရှုမြင်နေခဲ့ပါတယ်။

River News

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

Leave a Reply