TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■ဘယ်ကမှန်းမသိတဲ့ မီးတောက်တွေကြားထဲမှာ ၁၀ ကီလို ပြီးအောင်ပြေးရတဲ့ စစ်သင်တန်း

ဘယ်လာရုစ်နိုင်ငံကတော့ သူ့ရဲ့ လူ့အခွင့်အရေးနှင့် တိုးတက်လာတဲ့နိုင်ငံရေးအတွက် လူသိမများပါဘူး။
လူအများစုက ၎င်းကို ဥရောပနိုင်ငံမှာရှိတဲ့ နောက်ဆုံးကျန်ရှိတဲ့ အာဏာရှင်စနစ်ကို ကျင့်သုံးတဲ့ နိုင်ငံအဖြစ် မှတ်ယူထားတာပါ။

ဒီလိုမျိုး အာဏာရှင်စနစ်ကိုကျင့်သုံးဖို့အတွက်ဆိုရင် အစိုးရက အလွန်ကြောက်ဖို့ကောင်းတဲ့ စစ်တပ်ကို ပိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ဓာတုဗေဒပစ္စည်းတွေနှင့်တိုက်ခိုက်မှုတွေအပါအဝင် ဓာတ်ငွေ့မျက်နှာဖုံးတွေ အကာအကွယ်တွေတပ်ပြီးတော့ ဘယ်လာရုရှမ်း အထူးတပ်ဖွဲ့က မီးလျှောက်လမ်းလို့ နာမည်ပြောင်ပေးထားတဲ့ မီးတောက်မီးလျှံတွေကြားမှာ ပြုလုပ်ရတဲ့ သင်တန်းကို တတ်ရပါတယ်။

ဒီ လေ့ကျင့်ခန်းမှာဆိုရင် စစ်သားတွေဟာ ဘယ်ကမှန်းမသိတဲ့ မီးတောက်တွေကြားထဲမှာ ၁၀ ကီလို ပြီးအောင်ပြေးရမှာပါ။
တစ်ခါတစ်လေမှာတော့ သူတို့ဟာ မီးကိုဖြတ်ပြီးပြေးရမှာဖြစ်သလို အချို့အချိန်တွေမှာတော့ မီးတောက်မီးလျှံတွေကြားမှာ အကာအကွယ်ယူပြီး ပြေးရမှာဖြစ်ပါတယ်။

ဒီအထူးတပ်ဖွဲ့ဟာဆိုရင် အငြင်းပွားစရာမရှိအောင် နိုင်ငံရဲ့ အဓိကတပ်ဖွဲ့ပဲဖြစ်သလို
ဘယ်လာရုစ်ရဲ့ ဦးဆောင်နေတဲ့ ပါတီအဖွဲ့ဟာဆိုရင် သူတို့ကို ဆန့်ကျင်တဲ့ ခေါင်းဆောင်မှန်သမျှကို ဒီအထူးတပ်ဖွဲ့နှင့် သုတ်သင်ရှင်းလင်းခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
■Belarusနိုင်ငံရဲ့ မီးလျှောက်လမ်းသင်တန်း
Ref:youtube
Trans:thegeektext