ဘင်္ဂလားဒေ့ရှ်က တရုတ်ထံမှ VT-5 တင့်ကားဝယ်ယူရန်လက်မှတ်ထိုးတော့မည်
ဘင်္ဂလားဒေ့ရှ်ကြည်းတပ်အနေဖြင့် တရုတ်နိုင်ငံထံမှ ဝယ်ယူထားသော အပေါ့စားတင့်ကားဖြစ်သည့် VT-5 တင့်ကားများကို ဝယ်ယူရန်အတွက် လက်မှတ်ရေးထိုးတော့မည်ဟု ဆိုသည်။

ထို့အပြင် ၎င်းတို့တပ်မတော်အတွက် ပင်မတိုက်ပွဲဝင်တင့်ကား တပ်ရင်းကြီး ၂ ရင်းစာကိုလည်း ဝယ်ယူရန်စီစဉ်ထား သည်ဟုဆိုသော်လည်း ၂၀၂၅ ခုနှစ်အထိ အစီအစဉ်ချမှတ်ထားခြင်းတော့မရှိပေ။

ဘင်္ဂလားဒေ့ရှ်အနေဖြင့် K2 Black Panther Main Battle Tank များကိုလည်း ဝယ်ယူမည်ဆိုပြီး ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သေးသည်ဟု သိရှိရသော်လည်း ကန့်သတ်ချက်များကြောင့် ဖြစ်တည်လာခဲ့ခြင်းမရှိပေ။
Ref-Defesca
Credit – MyanmarNews24