ဘင်လာဒင်ကိုရှင်းတုန်းကသုံးခဲ့တဲ့အမေရိကန်ကိုယ်ပျောက်ရဟတ်ယာဉ်ကိုတရုတ်ပုံတူကူးချပီ

Militarily News

ဘင်လာဒင်ကိုရှင်းတုန်းကသုံးခဲ့တဲ့အမေရိကန်ကိုယ်ပျောက်ရဟတ်ယာဉ်ကိုတရုတ်ပုံတူကူးချပီ

တရုတ်ဆိုတာ လက်နက်တွေကို ကိုယ်တိုင်သုတေသန ပြုလုပ်ရမည့်အစား ပုံတူကူးချတဲ့နေရာမှာ ဆရာတစ်ဆူဖြစ်ပြီး တခြားနိုင်ငံလက်နက်တွေကို တရားမဝင် ပုံစံကူးချ ပြုလုပ်လေ့ရှိပါတယ်၊ Z-20 Helicopterဟာဆိုရင် အမေရိကန် S -70 ကို ကူးချထားတာဖြစ်ပါတယ်၊

တရုတ်ဟာ Z-20 Series ရဟတ်ယာဉ်သစ်ကိုကြေညာခဲ့ပြီး ထိုရဟတ်ယာဉ်ဟာဆိုရင် ဘင်လာဒင်ကို သတ်ဖြတ်ရာတွင်အသုံးပြုခဲ့သည့် အမေရိကန်ကိုယ်ပျောက်ရဟတ်ယာဉ်H -60 Stealth Hawk နဲ့ဆင်တူပါတယ်၊

လွန်ခဲ့သော ဆယ်စုနှစ်ကာလ October 2ရက်နေ့တွင် Abbottabad ရှိ Osama bin Laden ၏‌ နေထိုင်ရာဝင်းအတွင်းသို့အမေရိကန်စစ်တပ်ကဝင်ရောက်စီးနင်းခဲ့ရာ 21ရာစုအတွက် အံအားသင့်စရာတခုဖြစ်ခဲ့ပါတယ်၊ Afghanistan၊Jalalabadမြို့မှ ထိုနေရာသို့ရောက်ဖို့ SEAL အဖွဲ့ဟာ ရဟတ်ယာဉ် 2စင်းနဲ့ မိနစ်90 ကြာမောင်းနှင်ခဲ့ရပါတယ်၊ထို ရဟတ်ယာဉ် 2စင်းကို သမ္မတ အိုဘားမားက Black Hawk ရဟတ်ယာဉ် အဖြစ်မှတ်တမ်းတင်ခဲ့ပါတယ်၊

အမေရိကန်တွေအသုံးပြုတဲ့ကိုယ်ပျောက်ရဟတ်ယာဉ်ဟာ လေကြောင်းကျွမ်းကျင်ပညာရှင်တွေအတွက် စိတ်ဝင်စားစရာဖြစ်ပါတယ်၊ သို့ရာတွင် မစ်ရှင်ဆောင်ရွက်နေချိန်တွင် ရဟတ်ယာဉ်တစ်စင်း ဟာ ပြဿနာဖြစ်‌ပြီး ပျက်ကျခဲ့ပါတယ်၊ ဒါကြောင့် လေတပ်ဟာ လေယာဉ်ပေါ်ဖောက်ခွဲရေးပစ္စည်းတပ်လိုက်ပြီး ပေါက်ကွဲစေကာ ယာဉ် အစိတ်အပိုင်းတွေ‌မကျန်အောင်စီစဉ်ပါတယ်၊ သို့ပေမယ့် ယာဉ်အမြှီးပိုင်းဟာ ပါကစ္စတန်မှာကျန်ခဲ့ပါတယ်၊

ပိုမိုကောင်းမွန်လာတဲ့ ဆက်ဆံရေးအခြေအနေ‌ကြောင့် ပါကစ္စတန်ဟာ တရုတ်ပညာရှင်တွေအား အမေရိကန်ရဟတ်ယာဉ်အမြှီးပိုင်းကိုကြည့်ရှုခွင့်ပေးခဲ့ပါတယ်၊ အကယ်၍ ရဟတ်ယာဉ်အမြှီးပိုင်းသာ ပကတိအတိုင်းဖြစ်မယ်ဆိုရင် တရုတ်တွေဟာအမေရိကန်ကိုယ်ပျောက်ရဟတ်ယာဉ်ရဲ့ အချက်အလက်တွေ၊ ပါဝင်ပစ္စည်းတွေနဲ့ နည်းပညာတွေကိုစုဆောင်းနိုင်မှာဖြစ်ပါတယ်၊ ဒါ့ကြောင့် အမေရိကန်တွေလိုမျိုး ကိုယ်ပျောက်ရဟတ်ယာဉ်ကို မိတ်ဆက်နိုင်တာဖြစ်ပါတယ်၊

Helicopter သုတေသနနှင့်ဖွံ့ဖြိုးရေးဌာနရဲ့ ကိုယ်ပျောက်ရဟတ်ယာဉ် ဓာတ်ပုံတပုံကို တရုတ်လေကြောင်းစက်မှုကော်ပိုရေးရှင်း(AVIC) က TwitterမှာHenriKenhmann Accountနဲ့ မေလ 29ရက်နေ့မှာတင်ခဲ့ပါတယ်၊အဲ့ဒီရဟတ်ယာဉ်ဟာ Z -20ကို အဆင့်မြှင့်တင်ထားတာပဲဖြစ်ပါတယ်၊

ထိုထုတ်လုပ်ခဲ့တဲ့ ရဟတ်ယာဉ်ဟာ H-60 Stealth Hawk အမေရိကန်အထူးတပ်ဖွဲ့ ကိုယ်ပျောက်ရဟတ်ယာဉ် နဲ့ ကိုယ်ထည်ပိုင်းဆင်တူတဲ့ Z-20 ကိုယ်ပျောက်ရဟတ်ယာဉ်ဖြစ်ပါတယ်၊ စက်ဝိုင်းပုံစံ အဖုံးပါတဲ့အင်ဂျင်လဲပါရှိပေမယ့် အမေရိကန် ရဟတ်ယာဉ်ဟာ ဒလတ်၄လတ်သာပါပြီး ယခုလေယာဉ်ကတော့ ဒလတ်၅လတ်ပါရှိပါတယ်၊

1980 ခုနှစ်ပိုင်းလောက်က နှစ်နိုင်ငံ ဆက်ဆံရေးကောင်းမွန်တာကြောင့် တရုတ်ဟာ အမေရိကန်တွေထံမှ S -70‌ ရဟတ်ယာဉ် ကိုဝယ်ယူခဲ့ပါတယ်၊ တရုတ်စစ်တပ်ဟာ လျင်လျင်မြန်မြန်နဲ့ကို ပုံစံကူးချပြီး Z-20 ရဟတ်ယာဉ် ကို ထုတ်လုပ်လိုက်ပါတယ်၊ ဒါပေမယ့် လေ့လာသူတွေက တရုတ်ရဟတ်ယာဉ်ရဲ့ အမြှီးပိုင်းဟာ အမေရိကန် H-60 ​​Stealth Hawk ရဟတ်ယာဉ်ထက်ပို၍ရှုပ်ထွေးတယ်လို့ဆိုပါတယ်၊

ကမ်းလွန်တိုက်ပွဲ စွမ်းရည်တိုးတတ်စေဖို့ ရည်ရွယ်ကာ တရုတ်စစ်တပ်က ရေတပ်ရဲ့H-60 ​​Stealth Hawk ရဟတ်ယာဉ်နဲ့ ဆင်တူတဲ့ ကိုယ်ပျောက်ရဟတ်ယာဉ် တိုးမြှင့်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပ်တယ်၊ အထူးသဖြင့် တိုက်ခိုက်ရေးနဲ့ ထောက်လှမ်းရေးလုပ်ငန်းတွေမှာ ပိုမိုတိကျစွာ ဆောင်ရွက်နိုင်ဖို့ဖြစ်ပါတယ်၊

UH-60 Stealth Hawk ရဟတ်ယာဉ်ကို 2011ခုနှစ် ပါကစ္စတ်ရှိ Osama bin Laden ကို ဝင်ရောက်စီးနင်းမှုမပြုခင်အထိ လျှို့ဝှက်ထားရှိပေမယ့် နောက်ပိုင်းကာလတွေမှာလည်း လျှို့ဝှက်ချက်တွေရှိနေဆဲဖြစ်ပါတယ်၊

ပညာရှင်တွေရဲ့ သုံးသပ်ချက်အရ ထိုရဟတ်ယာဉ်ဟာ UH-60 Stealth Hawk ကိုအဆင့်မြှင့်တင်ထားတာဖြစ်ပါတယ်၊ အမေရိကန်တွေရဲ့ဝင်ရောက်စီးနင်းမှုှုတုန်းက ပျက်ကျခဲ့တဲ့ရဟတ်ယာဉ်နဲ့ နှိုင်းယှဉ်ကြည့်ကြပါစို့။

ရဟတ်ယာဉ် ရဲ့ အပြင်ဘက်မှာ ငွေရောင် အကာပါရှိပြီး ရေဒါ သို့မဟုတ် အနီအောက်ရောင်ခြည်အာရုံခံစနစ်နဲ့ဖမ်းယူဖို့ခက်ခဲပါတယ်၊ပုံထဲက ကျန်ရှိနေတဲ့ အစိတ်အပိုင်းတွေကိုတော့ ပါကစ္စတန်ကလေးငယ်တွေက စုဆောင်းခဲ့တာဖြစ်ပါတယ်၊

ယခု ရဟတ်ယာဉ်ရဲ့ အမြှီးပိုင်းဟာ UH 60နဲ့ကွဲပြားနေပြီး ရေဒါမှာမပေ်စေရန် အနည်းငယ် ဆန့်ထုတ်ထားပုံရပါတယ်၊ ဒါ့အပြင် ရဟတ်ယာဉ် ခေါင်းအဖုံးပါရှိပြီး ရေဒါနဲ့ဖမ်းယူရန်လွယ်ကူတဲ့ အစိတ်အပိုင်းကို ဖုံးအုပ်ထားပါတယ်၊

ထို့အပြင် ယခုဒီဇိုင်းဟာ အသံနဲ့ပတ်သက်တဲ့ပြဿနာတွေလည်း နည်းပါးစေပါတယ်၊ အမြှီးပိုင်းဟာ ပကတိအတိုင်းဖြစ်နေသော်လည်းစစ်တပ်လေ့လာသူတွေဟာ H-60 ​​Stealth Hawkဟာ ဂီယာ ၊ စက်ဖုံးတွေ ဖြုတ်လွယ်တပ်လွယ် လုပ်နိုင်တယ်လို့ယူဆကြပါတယ်၊

အမည်မဖော်လိုသူပါကစ္စတန်ထောက်လှမ်းရေးအရာရှိက Osama bin Laden ကို ဝင်ရောက်သတ်ဖြတ်တဲ့အချိန်အသုံးပြုခဲ့တဲ့ ရဟတ်ယာဉ်ဟာ ရေဒါမှာမပေါ်ခဲ့ပဲ အာဖဂန်နစ္စတန်နဲ့ပါကစ္စတန်ကိုဝင်ရောက်လာချိန်မှတွေ့ရတာဖြစ်ကြောင်းပြောပြပါတယ်၊ ဒါ့အပြင် စုစုပေါင်း လေးစင်းဖြစ်ပြီးနှိမ့်ပြီးပျံသန်းလာတာဖြစ်ပါတယ်လို့ထပ်မံ ပြောကြားခဲ့ပါတယ်၊

ထိုအချိန်က Osama bin Laden ရဲ့ နေရာသို့ ကိုယ်ပျောက်‌ရဟတ်ယာဉ်နှစ်စင်းနဲ့ဝင်လာခဲ့တဲ့အပြင် CH-47 Chinook ရဟတ်ယာဉ် နှစ်စင်းလည်း ပါပြီး အကူအညီပေးရန်အဆင်သင့် စောင့်နေခဲ့တာဖြစ်ပါတယ်၊
writer:Evelyn

TheGeekText.com Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။
သတိပေးကြေညာချက်
The Geek Text website မှတင်ဆင်တဲ့သတင်းနဲ့ဆောင်းပါးများကိုကူးယူတင်ဆက်ခြင်းလုံးဝခွင့်မပြုပါဘူးခင်ဗျာ။
မိတ်ဆွေတို့ရဲ့
Admin Team