ဗြိတိန်လေယာဉ်မှူးနဲ့စကားပြောခဲ့တဲ့ ပြင်ပကမ္ဘာကဂြိုဟ်သား

ဗြိတိန်လေယာဉ်မှူးနဲ့စကားပြောခဲ့တဲ့ ပြင်ပကမ္ဘာကဂြိုဟ်သား

ဗြိတိန်လေယာဉ်မှူးနဲ့စကားပြောခဲ့တဲ့ ပြင်ပကမ္ဘာကဂြိုဟ်သား

ဆာ ပီတာ ဟော်စလေ (Sir Peter Horsley) (1921-2001) ဟာ ဗြိတိန်လေသူရဲကောင်းတွေထဲကတစ်ဦး ဖြစ်ပါတယ်။

သူ့ကို အတော်ဆုံးလေယာဉ်မှူးများထဲကတစ်ဦးအဖြစ် လူသိများပြီး ၁၉၅၄ ခုနှစ်အထိ အင်္ဂလန်နိုင်ငံ တော်‌ဝင်လေတပါ (RAF) ရဲ့ တိုက်ခိုက်ရေးကွပ်ကဲမှု ဌာနချုပ်မှာ ဒုတိယတပ်မှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

သူဟာ အောင်မြင်ကျော်ကြားသူတစ်ဦးဖြစ်လို့ သူ့ကိုယ်ပိုင် အထ္ထုပ္ပတ္တိကို စာအုပ်အဖြစ် ရေးသားထုတ်ဝေခဲ့ပါတယ်။

စာအုပ်ထွက်ရှိလာချိန်မှာတော့ ပရိသတ်ဟာ ထင်မှတ်မထားတဲ့ အကြောင်းအရာတစ်ခုတစ်ခုကို တုန်လှုပ်ခြောက်ခြားစွာ သိရှိလိုက်ကြရပါတယ်။ အကြောင်းအရာကလည်း မျှော်လင့်မထားတဲ့ အကြောင်းအရာ ဖြစ်နေပါတယ်။

သူ့စာအုပ်မှာ သူဟာ UFO များ၊ ဂြိုဟ်သားများအကြောင်း ရေးသားထားပြီး လော့ ဂျနပ်စ် (Lord Janus) ‌ခေါ် ဂြိုဟ်သားနဲ့ သူစကားပြောခဲ့တဲ့အကြောင်းတွေကို ရှင်းလင်းစွာ ဖော်ပြထားပါတယ်။

စာအုပ်ရဲ့ “အခြားအခန်းမှအသံမျာ:” ခေါင်းစဉ်အောက်မှာ သူဟာ Lord Janus နဲ့ အာရုံစိုက် စကားပြောခဲ့ရတာတွေကို ရေးပြထားပါတယ်။ စာထဲမှာ

” အခန်းက ခပ်ကျဉ်းကျဉ်းလေးပဲဗျ။ ကျနော်က မစ္စမာခန်းကို စောင့်နေတုန်းပဲ အခန်းထောင့်က လူစိမ်းတစ်ယောက်က ကျနော့်ကို စိုက်ကြည့်နေတာ တွေ့လိုက်ရတယ်။

သူက သူ့ကိုယ်သူ သခင် ဂျနပ်စ် (Lord Janus) လို့ မိတ်ဆက်ပြီး ကျနော်တို့ စကားတွေ‌ ‌စပြောဖြစ်ကြတယ်။ ဂျနပ်စ်က ဂြိုဟ်သားတွေနဲ့ သူတို့ယာဉ် (UFO) တွေအကြောင်း အားလုံးပြောပြတယ်။ ပြီးတော့ သူ မထွက်ခွာခင် မျက်စိမှိတ်ထားပေးဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။

သူ မထွက်ခွာခင်မှာ ကျွန်ုပ်တို့ ကမ္ဘာဂြိုဟ်သားများဟာ မကြာခင်ကာလမှာ အမှောင်ခေတ် (Dark Age) ကို ကျရောက်တော့မယ့်အကြောင်း သတိပေးသွားသေးတယ်လို့ ဆိုပါတယ်။

နည်းပညာဆိုင်ရာတိုးတက်မှုတွေနဲ့ တစ်ဦးကိုတစ်ဦး သာလွန်အောင်လုပ်ဆောင်ရင်း အချင်းချင်း ဖျက်စီးမှုတွေနဲ့ ကမ္ဘာကြီးဟာ အဆုံးသတ်သွားလိမ့်လို့ ဂျနပ်စ်က ပြောခဲ့ပါတယ်တဲ့။

အခုအကြောင်းအရာတွေက ဆာ ပီတာ ဟော်စလေရဲ့ အထ္ထုပ္ပတ္တိစာအုပ်ထဲက ကောက်နုတ်ချက်တွေကို ကိုးကားတင်ပြခဲ့တာ ဖြစ်ပါတယ်။

ဆာဘွဲ့ရ လူကြီးလူကောင်းတစ်ယောက်က မဟုတ်မမှန် ပြောဆိုပြီး နာမည်ကြီးအောင်လုပ်တာမျိုးကလည်း လုံးဝမဖြစ်နိုင်လေတော့ ဒီကိစ္စကိုလည်း စာရှု့သူတို့ပဲ ဝေဖန်ပေးကြပါဦးလို့ တင်ပြလိုက်ရပါတယ်။

Knight News Team

Crd

Crd