ဥရောပနဲ့ဗြိတိန်နောက်ဆုံးလမ်းခွဲကြလေပြီ

News

ဥရောပ နဲ့ ဗြိတိန် နောက်ဆုံးလမ်း ခွဲကြလေပြီ

အီးယူ ဥရောပသမဂ္ဂမှာ ၄၈ နှစ်ကြာ ပါဝင်လက်တွဲခဲ့တဲ့ ဗြိတိန်ဟာ အခု ၂၀၂၁ ဇန်နဝါရီလ တရက်နေ့ကစပြီး လမ်းခွဲလိုက်ပြီဖြစ်ပါတယ်။
၂၀၂၀ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ နုတ်ထွက်ခဲ့တာဖြစ်ပြီး အကူးအပြောင်းအတွက် ကြားကာလနဲ့ ဆက်နေနေရာကနေ ဒီဇင်ဘာ ၃၁ ရက် Brussels စံတော်ချိန် ည သန်းခေါင်ယံမှာ တရားဝင် နှုတ်ထွက်မှု စတင်တာ ဖြစ်ပါတယ်။

ဗြိတိန် အီးယူ ကနေ နှုတ်ထွက်မှုကိစ္စဟာ အီးယူမှာ အတော်လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သလို နှုတ်ထွက်ဖို့ လုပ်နေတဲ့ ၅ နှစ်တာ ကာလအတွင်း ဗြိတိန်ရဲ့ ပေါင်စတာလင်ဈေးကွက် မရေမရာ ဖြစ်ခဲ့ရသလို စီးပွါးရေးနဲ့ နိုင်ငံရေးတည်ငြိမ်မှုရှိတယ်လို့ နံမယ်ကျော်တဲ့ ဗြိတိန်ရဲ့ ပြယုဂ်ဟာလည်း မှေးမှန်ခဲ့ရတာပါ။

ဗြိတိန်ဝန်ကြီးချုပ် Boris Johnson ကတော့ အခုဆို ဗြိတိန်ဟာ လွတ်လပ်မှုပြန်ရလာပြီဖြစ်ပြီး ကိုယ့်ကြမ္မာ ကိုယ်ဖန်းတီးခွင့် အတော်များများ ရလာတော့မှာ ဖြစ်တဲ့ အတွက် ဒီအချိန်ဟာ နိုင်ငံ့အတွက် မယုံနိုင်စရာအနေထားပဲလို့ နှစ်သစ်အကြိုမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

တခွိနထြဲမှာပဲ ဥရောပပါလီမနြ အမတဟြောငြးတယောကဖြှဈတဲ့ ဝနကြှီးခွုပရြဲ့ ဖခငြ Stanley Johnson ကတော့ ပှငသြဈနိုငငြံသား အဖှဈခံယူဖို့ လေ ွှာကထြားခဲ့တယလြို့ ကှာသပတေးနေ့မှာပဲ ပှောပါတယြ။ မဈစတာ Stanley Johnson ဟာ ဗှိတိနြ အီးယူကနေ ခှဲထှကမြှုကို ကန့ကြှကသြူ ဖှဈပါတယြ။

A9Plus

Leave a Reply